ဘဝတစ်ဆစ်ချိုးအပိုင်း(၁၀)
ဘဝတစ်ဆစ်ချိုးအပိုင်း(၁)
ဘဝတစ်ဆစ်ချိုးအပိုင်း(၂)
ဘဝတစ်ဆစ်ချိုးအပိုင်း(၃)
ဘဝတစ်ဆစ်ချိုးအပိုင်း(၄)
ဘဝတစ်ဆစ်ချိုးအပိုင်း(၅)
ဘဝတစ်ဆစ်ချိုးအပိုင်း(၆)
ဘဝတစ်ဆစ်ချိုးအပိုင်း(၇)
ဘဝတစ်ဆစ်ချိုးအပိုင်း(၈)
ဘဝတစ်ဆစ်ချိုး အပိုင်း(၉)
ယခင်အပိုင်း (၉)မှအဆက်
ဟင်.....။နေသော် အံ့သြခြင်းများစွာဖြင့် မှင်တက်သွားသည်။ပြီးနောက်မှာတော့
"အိုးးးး နွယ်"နေသော် နှုတ်ဖျားမှလည်းမရည်ရွယ်ပါဘဲ တိုးတိုးလေးထွက်သွားမိတော့သည်။အဖြူရောင် ဝတ်စုံဖြင့် လှနေသော နွယ် ။တဖြည်းဖြည်းနှင့် နေသော့်နားသို့ ရောက်လာခဲ့သည်။နေသော် တစ်ယောက် သွေးမရှိသောလူတစ်ယောက်နှယ် ကြောင်သေ သေနေတော့သည်။
"ကို" အနားသို့ရောက်လာသော နွယ်တစ်ယောက် နေသော်အား အပြုံးလေးများဖြင့် နှုတ်ဆက်လိုက်သည်။နေသော် ကြက်သီးများပင်ထ၍သွားသည်။တစ်ကမ္ဘာလုံး တုန်လှုပ်သွားသည်ထင်ရသည်။၃နှစ်ကြာကာလအတွင်းးမေ့ထားခဲ့ပြီဖြစ်သော "ကို" ဆိုသော နာမည်။အသွေးထဲအသားထဲစိမ့်ဝင် သွားသည်ဟုပင် နေသော်ထင်မှတ်မိသည်။ရုတ်တရက်မို့ ငေးကြောင်နေမိပြီး ပြီးမှ နှုတ်ခမ်းဖျားမှခပ်ဖွဖွလေးအသံထွက်သွားမိတော့သည်။
"နွယ်"
ခပ်တိုးတိုးလေးပင်။တချိန်တည်းအနားသို့ရောက်လာသော "နွယ်"အား နေသော်တင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်။ထို့နောက်မျက်ဝန်းထဲမှလည်း မျက်ရည်များအဝိုင်းနှင့်သာ။
"ဘယ်တွေ သွားနေတာလဲ နွယ်ရယ် ကိုယ် မင်းကို အရမ်းလွမ်းနေတာသိရဲ့လား နွယ် ကိုယ့်ကိုထားခဲ့ရက်တယ်ကွာ" နေသော်တစ်ယောက် ကလေးတစ်ယောက်လို မျက်ရည်များ ထိန်းမရသိမ်းမရ နိုင်ဖြစ်ပြီး နွယ့်အား မလွတ်တမ်းဖက်ထားလေသည်။နွယ့်မှာဖြင့် မျက်ရည်များပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် နေသော့်အား ကလယ်ကလယ်ကြည့်ကာ ဝမ်းသာပီတိဖြစ်နေတော့သည်။
"နွယ် ကို့ကို မထားခဲ့ပါဘူးကိုရယ် ဘယ်တော့မှလည်း မခွဲသွားပါဘူး နွယ်လေ ကိုယ့်ဘေးနားမှာပဲ အမြဲတမ်းရှိနေခဲ့တာပါ ကို ယုံကြည်ရဲ့လား အခုလဲ ကို့ဆီ နွယ်ပြန်လာပြီပဲလေ"နွယ် ပြောရင်းဆိုရင်းနှင့် မျက်ရည်များ လှိမ့်ဆင်းလာတော့သည်။ရုတ်တရက်နေသော် နွယ့်အားဖက်ထားရာမှ ခွာလိုက်ပြီး-
"နွယ် တကယ်ပြောတာလား တကယ်ပြန်လာတာပေါ့ ဟုတ်လား နွယ်"နေသော် ဝမ်းသာစွာဖြင့် နွယ့် လက်မောင်းနှစ်ဖက်အားတင်းကျပ်စွာ ဆုပ်ကိုင်ရင်း မေးတော့သည်။
"နွယ်တကယ်ပြောတာပေါ့ နွယ်ပြန်လာမှာပါ အဲ့ကျမှ နွယ့်ကိုမသိချင်ယောင်ဆောင်မလုပ်ရဘူးနော် အခုတော့ နွယ်ပြန်တော့မယ်နော်"ချက်ချင်းဆိုသလို နွယ်ပြန်ရန် ဟန်ပြင်တော့သည်။
"ခဏလေးပါနွယ်ရယ် နွယ့်ကို ပြောစရာစကားတွေအများကြီးရှိလို့ပါ မပြန်ပါနဲ့ဦးနော်" နေသော် နွယ့်လက်ကိုဆုပ်ကိုင်ထားရင်း မပြန်ရန် တားမြစ်နေသည်။
"နွယ်ပြန်မှဖြစ်မယ် ကို နွယ့်ကိုမတားပါနဲ့နော် နွယ်ပြန်လာမှာပဲလေ"နေသော် မတတ်တာတော့ပြီ။ဝမ်းနည်းခြင်းနှင့်အတူခေါင်းငိုက်စိုက်ကျသွားပြီးဆုပ်ကိုင်ထားသော လက်လေးအား နေသော် ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။ပြီးတော့မှ
"အင်းပါ နွယ်ရယ် နွယ်ပြန်ချင်တယ်ဆိုတော့လည်း ကိုယ် မတားတော့ပါဘူး ပြန်ပါ"ပြော ပြောဆိုဆိုနေသော် နွယ်လက်လေးအား အသာအယာလွတ်လိုက်ပြီး နွယ့်အားကျောခိုင်းထားလိုက်တော့သည်။မျက်ဝန်းများမှလည်း မျက်ရည်များစီးကျလို့ပေါ့။ရုတ်တရက်ဆိုသလိုနေသော် နွယ့်အား နောက်ပြန်လှည့်ကြည့်မိလိုက်သည်။
ဟင်.....နေသော် အံ့သြခြင်းဖြင့်တုန်လှုပ်မိသွားသည်။အကြောင်းမှာ နွယ်ပျောက်သွားခြင်းပင်။နေသော်မြူခိုးများကြား ပြေးဝင်မိသွားသည်။အမြင်အာရုံများဝိုးတဝါးနှင့်မို့လည်း နွယ့်အားတွေ့နိုင်ရန်ခဲယဉ်းသွားခဲ့သည်။
"နွယ် နွယ် နွယ် ကိုယ့်ဆီကိုပြန်လာပါကွာ ကိုယ့်ကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့နွယ်"မြူခိုးများကြား နွယ့်နာမည်အား အော်ဟစ်ရင်း နေသော် အရူးတစ်ပိုင်းဖြစ်နေခဲ့သည်။တောင်ပြေးရှာလိုက် မြောက်ပြေးရှာလိုက်နှင့် နေသော်တစ်ယောက် မောပန်းနေခဲ့သည်။သို့ပေမဲ့နေသော် မရပ်နားသေးဘဲနွယ်နာမည်အား အသံကုန်ခြစ်ခေါ်နေခဲ့တော့သည်။
"ဟေ့ရောင် ဟေ့ရောင် နေသော် နေသော်"ဘေးမှ သူငယ်ချင်းဖြစ်သူမိုးထက် နေသော်အားလှုပ်နှိုးလိုက်ခြင်းပင်။ထိုအခါမှ ချွေးသီးချွေးလုံးများဖြင့် အိပ်မက်မှနေသော် လန့်နိုးလာခဲ့လေသည်။
ဆက်လက်ရေးသားပါဦးမည်။
Author by @nandasai(MSC.076)
Leave ဘဝတစ်ဆစ်ချိုးအပိုင်း(၁၀) to:
Read more #myanmar posts
Best Posts From nandasai
We have not curated any of nandasai's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.