nandasai avatar

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၄)

nandasai

Published: 03 Jun 2018 › Updated: 03 Jun 2018ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၄)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၄)

[အပိုင်း(၁)မှအပိုင်း(၁၁)ထိ](ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၂)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၃)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၄)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၅)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၆)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၇)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၈)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၉)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၀)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၁))

အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၃)မှအဆက်​.

နေ​သော်​နှင့်​​ဒေါ်ချို​လေးတို့ ​ဆေးရုံ​ပေါ်သို့​ရောက်​သွားပြီဆိုရင်​ပဲ အခန်းထဲ သုတ်​သုတ်​နှင့်​​ထွက်​လာ​သော ရဲထက်​နှင့်​ပက်​ပင်းတိုးလိုက်​​တော့သည်​။

"​ဟေ့​ကောင်​ ​နေ​သော်​ရာ မင်းသွားတာလဲ အကြာကြီးပဲကွာ ဟိုမှာ ဟိုခ​လေးမ​လေး မင်းကိုတချိန်​လုံး​မေး​နေတယ်​ ပြီး​တော့ အိမ်​ပြန်​ချင်​တယ်​​ပြော​နေတယ်​ ​နောက်​တစ်​ခုက သူ​ပြောတဲ့စကားအမူအရာ​တွေက နွယ်​နဲ့တစ်​ထပ်​တည်းပဲကွာ ငါသူ့ကိုကြည့်​ပြီး လန့်​​တောင်​လန့့်​ချင်​လာပြီ" ​ကြောက်​လန့်​စိတ်​အနည်းငယ်​ပြ​နေ​သော ​ရဲထက်​တစ်​​ယောက်​ ပါးစပ်​ထဲ ​ရေပက်​မဝင်​နိုင်​​အောင်​ ​ပြော​နေ​တော့သည်​။

"ငါသိပါတယ်​ကွာ ငါ​အိမ်​ကို​ခေါ်ပြန်​မှာပါ သွားမယ်​ အထဲကို"

"ဘာာာ.....ဘယ်​လို..ဘယ်​လို"ရဲထက်​ ပါးစပ်​အ​ဟောင်းသားဖြစ်​သွားသည်​။နားမလည်​နိုင်​လွန်း၍အံ့သြ​နေ​သော ရဲထက်​တစ်​​ယောက်​ ​နေ​သော်​​နောက်​သို့ တွဲလဲ တွဲလဲပါသွား​တော့သည်​။

"​ဟော ကိုပြန်​လာပြီ ကြာလိုက်​တာကိုရယ်​ နွယ်​ဖြင့်​​စောင့်​​နေရတာ လည်​ပင်း ​ညောင်​​ရေအိုးဖြစ်​​တော့မယ်​ပြီး​တော့ ကို နွယ်​ဒီမှာ ဘာလို့​နေ ​နေရတာလဲဟင်​ နွယ်​ဘာမှမဖြစ်​တာ အိမ်​ကိုပြန်​ကြမယ်​​လေ ​နော်​ ကိုကို ဆရာဝန်​ကိုသွား​ပြော​ပေး"အခန်းထဲသို့ဝင်​လာချင်းပင်​ နွယ်​မှ ဆီးကြို​ပြောလိုက်ပြီး အိမ်​သို့ပြန်​ရန်​ ဂျီကျ​တော့သည်​။

အင်းပါ နွယ်​ရယ်​ ကို အိမ်​ပြန်​​ခေါ်​သွား​ပေးမယ်​​နော်​ ကိုအခုပဲ ဆရာဝန်​ကို သွား​ပြော​ပေးမယ်​​နော်​"​ပြော​ပြောဆိုဆိုနှင့်​ ​နေ​သော်​ ဆရာဝန်​အခန်းသို့် ပျာပျာဖြင့်​ ထပ်​မံထွက်​သွား​တော့သည်​။

"ကျွန်​​တော့်​ကို ဝင်​ခွင့်​ပြုပါဆရာ"အခန်းဝမှနေ၍ ​နေ​သော်​ ဝင်​ခွင့်​​တောင်းလိုက်​သည်​။

"ဟုတ်​ကဲ့ ဝင်​လာပါ"အခန်းထဲသို့​နေ​သော်​ ရိုကျိုးစွာဝင်​သွားလိုက်​သည်​။

"ထိုင်​ပါ ထိုင်​ပါ ဘာကိစ္စရှိလို့လဲခင်​ဗျ"

"ကျွန်​​တော်​က အခန်း(၁၀၁)ကပါ..လူနာရှင်​​ဆေးရုံက ဆင်းလို့ရ မရ အ​ခြေအ​နေ​လေးသိချင်​လို့ပါ"

"​သြော်​ အခန်း(၁၀၁)ကလား လူနာအ​ခြေအ​နေက​တော့ စိုးရိမ်​စရာမရှိ​တော့ပါဘူး ဆင်းချင်​ရင်​ ဆင်းလို့ရပါတယ်​"ဂျူ တီကုတ်​ဝတ်​ဆင်​ထား​သော ဆရာဝန်​​လေးမှာ စားပွဲခုံ​ပေါ်မှ လူနာစာရင်းများအား လှန်​ကြည့်​ရင်း ​ပြောလိုက်​သည်​။ဆရာဝန်​​​လေး၏ ပုံစံမှာတည်​ငြိမ်​လွန်း​နေသည်​။

"ခဏ​နေ ​ဆေးရုံဆင်းလက်​မှတ်​ လာယူလိုက်​ပါ"ဆရာဝန်​​ပြောစကားများကြား​နေရ​သော်​လည်း ​နေ​သော်​ပုံစံမှာ အသက်​မဲ့​နေ​သော​ကျောက်​ရုပ်​ပမာ တုတ်​တုတ်​မျှမလှုပ်​။ထို့​အ​ခြေအ​နေကို ဆရာဝန်​က ရိပ်​မိ၍

"ဘာ​ပြောစရာကျန်​​သေးလို့လဲ ​ပြောစရာရှိတာ ပွင့်​ပွင့်​လင်းလင်း​ပြောလို့ရပါတယ်​ လူနာနဲ့ဆရာဝန်​ကြားမှာ ဘာမှအားနာစရာမလိုပါဘူး ​ပြောစရာရှိတာ​ပြောပါ"ဆရာဝန်​ဘက်​မှ လမ်းဖွင့်​​ပေး​လေ​လေ ​နေ​သော်​ စိတ်​ထဲမရိုးမရွဖြစ်​​လေ​လေပင်​။မေးချင်​​သောအ​ကြောင်း သိချင်​​သောအ​ကြောင်းများကို မည်​သို့စ​မေးရမည်​ မည်သို့​​စ​ပြောရမည်​မသိ​တော့။ခဏအကြာ

"ဟိုဟာ​လေ .....ဆရာ ဘယ်​က​နေစ​ပြောရမလဲ"

"ဘာဖြစ်​လို့လဲခင်​ဗျာ ​ပြောပါ ​ပြောပါ အားမနာပါနဲ့"ထစ်​​ငေါ့ ထစ်​​ငေါ့ဖြစ်​​နေ​သော ​နေ​သော်​အား စိတ်​ရှည်​စွာဖြင့်​ ဆရာဝန်​ခမျာ ဆက်​​မေးလိုက်​သည်။

"ဒီလိုပါ ဆရာ အခု ကျွန်​​တော့်​လူနာမှာ နဂိုပုံမှန်​စိတ်​မရှိ​တော့ဘူးဆရာ သူ့ကိုယ်​ထဲမှာ တစ်​ခြားမိန်းက​လေးတစ်​​ယောက်​ရဲ့စိတ်​ ဝင်​ပူးကပ်​ခြင်းခံ​နေရတယ်​ဆရာ..အဲ့ဒါ"

"ခဏ​နေပါဦး ​အခု ညီ​လေး ​ပြောပုံအရဆိုရင်​ ​သေချာလှချည်းလား အကိုက ညီ​လေးလူနာကိုကု​ပေး​နေတဲ့ဆရာဝန်​​နော်​"ဆရာဝန်​မှာ ​နေ​သော်​စကားအားဆုံး​အောင်​နားမ​ထောင်​နိုင်​ဘဲ ကြားဖြတ်​ ဝင်​​ပြောလိုက်​​တော့သည်​။doctor-538x332.jpgcredit image https://www.bugetul.ro/cnas-vine-cu-schimbari-importante-cine-va-prescrie-medicamentele-compensate/]https://www.bugetul.ro/cnas-vine-cu-schimbari-importante-cine-va-prescrie-medicamentele-compensate/()[

"ကျွန်​​တော်​ သိပါတယ်​ဆရာ အခုဟာက ကျွန်​​တော်​​သေချာသိ​နေလို့ ​ပြောရတာပါ အဲ့ဒီ ဝင်​ပူး​နေတဲ့စိတ်​က ​သေဆုံးသွားပြီဖြစ်​တဲ့ ကျွန်​​တော့်​ချစ်​သူ ​ကောင်​မ​လေးရဲ့ စိတ်​ဖြစ်​​နေလို့ပါပဲ"

"​ဟေ..!!..."​နေ​သော်​စကားအဆုံးမှာ​တော့ ဆရာဝန်​ထံမှအာ​မေဋိတ်​သံ အံ့သြ​သောအမူအရာများဖြင့်​ ထိုင်​​နေရာမှ ချက်​ချင်းထမတ်​တပ်​ရပ်​လိုက်​​တော့သည်​။နေ​သော်​မှဆက်​ပြီး

``ဟုတ်​တယ်​ဆရာ ကျွန်​​တော့်​ချစ်​သူမှ ကျွန်​​တော့်​ချစ်​သူအစစ်​ပါ"ထိုအခါမှ ဆရာဝန်​လည်း ထိုင်​ခုံ​ပေါ် ​ဖြည်းညှင်းစွာပြန်​ထိုင်​လိုက်​သည်​။ပြီး​နောက်

"ညီ​လေး အကိုအခု​ပြောပြမဲ့ စကား​တွေကို ​သေ​သေချာချာနား​ထောင်​​နော်​"ဆရာဝန်​မှာ ​နေေ​သော်​အား စူးစူးစိုက်​စိုက်​ကြည့်​ကာ စကား​ပြောရန်​ ဟန်​ပြင်​လိုက်​သည်​။

"ဒီလိုကွ ဆရာတို့ကျန်းမာ​ရေးနယ်​ပယ်​မှာ​တော့ အခုလိုမျိုးတစ်​ခါမှမကြုံဖူးဘူး ​နောက်​ပြီး ဆရာတို့မသိစိတ်​တစ်​ခုက လူနာခန္ဓာကိုယ်​ထဲ ဝင်​​ရောက်​ရှင်​သန်​​နေမှုအတွက်​လည်း ခွင့်​မပြုနိုင်​ဘူး"ဆရာဝန်​၏စကားမှာ ပြတ်​သားလှသည်​။နေ​သော်​ ​ခေါင်း​လေးငုံ့ကာ တိတ်​ဆိတ်​ငြိမ်​သက်​​နေ​တော့သည်​။ဆရာဝန်​မှဆက်​ပြီး

"တကယ်​လို့ ဒီကိစ္စဟာ ညီ​လေး​ပြောသလိုမျိုး အမှန်​တကယ်​ဖြစ်​​နေတယ်​ဆိုရင်​ ဆရာ့အ​နေနဲ့ နဂိုမူလအတိုင်းပြန်​​ဖြစ်​​စေချင်​တယ်​ ခက်​တာက ဆရာ့တို့အ​နေနဲ့ယခုလိုမျိုးကိစ္စကို​တော့ ​ဆေးဘက်​ဆိုင်​ရာနဲ့ ကုသနိုင်​စွမ်းမရှိဘူး ဒီ​တော့ ညီ​လေးကိုအကြံတစ်​ခု​ပေးချင်​တယ်​"ဆရာဝန်​ကြီးမှာ ​ပြောလက်​စ စကားကို​ခေတ္တရပ်​လိုက်​ပြီး ​နေ​သော့်​တစ်​ချက်​အကဲခက်​လိုက်​သည်​။နေ​သော်​က​တော့ ​ခေါင်းငုံ့၍နား​ထောင်​မြဲပင်​။

ဆက်​လက်​​ရေးသား​ဖော်​ပြပါဦးမည်​။

Author by nandasai@nandasai(msc.076)

Leave ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၄) to:

Written by

steem is my life and future

Read more #myanmar posts


Best Posts From nandasai

We have not curated any of nandasai's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nandasai