ဘဝတစ်ဆစ်ချိုး(၁၆)
ယခင် အပိုင်း(၁၅)မှ အဆက်
မိမိအတွက် ဒီအချိန်တွင် သူငယ်ချင်းများက အလွန်အရေးပါသော တစ်စိတ်တစ်ပိုင်းတစ်ခုအဖြစ်ပါဝင်နေခဲ့သည်။အကြောင်းတစ်စုံတစ်ရာဆို နှီးနှောတိုင်ပင်စရာမလိုပဲ အခြေအနေ နှင့်အချိန်အခါပေါ်မူတည်၍ အားကိုးရသည်။ယခုလည်း မိမိနှင့်ဆိုးတူကောင်းဘက် လုပ်ကိုင်ပေးသည်ပဲမဟုတ်လား။
"ဒေါ်လေးပြန်တော့မယ် အဒေါ့်တူမလေးကိုစိတ်ချပရစေနော်"
"စိတ်ချ အန်တီ ကျွန်တော် အသက်နဲ့ရင်းပြီး ဂတိပေးပါတယ် အန်တီ့တူမလေး သူဇာ ဘာမှမဖြစ်စေရပါဘူး သူနေပြန်ကောင်းလာတဲ့အထိ ကျွန်တော် စောင့်ရှောက်ပေးမှာပါ"အိမ်ရှေ့ ပန်းခြံတစ်နေရာတွင် နေသော်နှင့်ဒေါ်ချိုလေးတို့နှစ်ယောက် တီးတိုးပြောနေခြင်းပင်။တူမလေးအား စိတ်မချနိုင်ဖြစ်နေသော ဒေါ်ချိုလေးမှာ အကြိမ်ကြိမ် မှာကြားနေခြင်းဖြစ်သည်။ကတိတစ်လုံးကို လွယ်လွယ်မပေးတတ်သော နေသော် အခုတော့ ကတိ တစ်လုံးဖြင့် နေထိုင်ရတော့မည်။
"ဒါဆို ဒေါ်လေးပြန်လိုက်ဦးမယ်"
"ဟုတ်ကဲ့ ကျွန်တော် ကားနဲ့လိုက်ပို့ပေးပါရစေ
မဟုတ်တာကွယ် ရပါတယ်"
"ဟာ အဲ့လိုမလုပ်ပါနဲ့ အန်တီလည်း အခုတလော ပင်ပန်းနေရောပေါ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ လိုက်ပို့ခိုင်းလိုက်ပါ့မယ်"
"ဒါဆိုလည်း နည်းနည်းတော့ အဆင်ပြေသွားတာပေါ့ သူဇာ အကျီ်အဝတ်အစားတွေထည့်လာပေးလို့ရတာပေါ့"
"ဟုတ်ကဲ့ ...ရဲထက် ဟေ့ရောင် ရဲထက်"နေသော်အိမ်ထဲမှ ရဲထက်အားလှမ်းအော်လိုက်သည်။
"ဘာတုန်းဟ ဇွတ်အော်နေတာ"
"အန်တီချိုလေးကို လိုက်ပို့လိုက်ပါဦးကွာ ပြီးတော့ သူဇာ အဝတ်အစားတွေလည်းတစ်ခါတည်းယူလာပေးဦး please please"နေသော်မှာ လက်နှစ်ဖက်ဆုပ်ကာ ကပျော်ကပျက်ပြောလိုက်သည်။ဒါကို ထုံးစံတစ်ခုသဖွယ် ရိုးနေသော ရဲထက်မှ မျက်နှာတစ်ဖက်မဲ့ပြကာ ကားသော့ယူရန် အိမ်ထဲသို့ ဝင်သွားလိုက်တော့သည်။
"ခဏစောင့်နော် အန်တီ"
"အေးပါ အေးပါ"
ခဏအကြာမှာတော့ ရဲထက် အိမ်ထဲမှနေ၍ ပြန်လည်ထွက်လာကာ ဒေါ်ချိုလေးနှင့် ကားမောင်းထွက်သွားလေသည်။
ဟူးး နေသော် ထွက်သွားသောကားအားငေးကြည့်ရင်း လေပူများ မှုတ်ထုတ်လိုက်သည်။ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်မည်အပြု
"ကို"
အိမ်ထဲမှပြေးထွက်လာသော သူဇာ။သူဇာဟု အမည်တွင်နေသော်လည်း သူမအမူအရာမှာ နွယ် ဟုအမှတ်မှားစရာမရှိ။
"ကို...နွယ်ကို ရုပ်ရှင်လိုက်ပြပါလား ကိုနဲ့ရုပ်ရှင်မကြည့်ရတာ ကြာပြီလေ နွယ့်ကိုလိုက်ပြနော် နော်လို့ နော်"ကလေးတစ်ယောက်လို ချွဲနွဲ့နေသော အမူအရာမှာ တစ်ချိန်က နွယ်မှနွယ်။သူကိုယ်သူလည်း နွယ်တဲ့။
"အင်းပါ ကိုလိုက်ပြပါ့မယ် ဒီနေ့တော့မဟုတ်ဘူးပေါ့ မနက်ဖြန်မှ အခုက အချိန်မမီတော့ဘူးလေ"
"ဟုတ် ဒါ့ကြောင့် ကို့ကို နွယ်ချစ်နေရတာ"နေသော့်လက်အား တယုတယနှင့်ဆုပ်ကိုင်ရင်း ရင်ခွင်ထဲသို့ နွယ် တိုးမှီလိုက်သည်။အလိုက်သင့်စွာပင် နေသော်လည်း နွယ့်အား ကြင်ကြင်နာနာဖက်ထားလိုက်သည်။ပန်းခြံထဲဝယ် လှပသောပန်းများ ပွင့်လန်းနေကြသည်။ထိုပန်းများသည် ဥယျာဉ်ခြံလေးအား လှပစေသည်။ထို့ထက် လှပစေသည်က ချစ်သူနှစ်ဦး၏ ကြည်နူးဖွယ်ပင်ဖြစ်နေတော့သည်။သို့သော်လည်း ကြင်နာသော ဟန်ပန်ဖြင့် နွယ့်အား ဖက်တွယ်ထားပေမဲ့ မျက်နှာအမူအရာတွင်တော့ ပျော်ရွင်သော အရိပ်များ ပေါ်ထွက်မနေပါ။စိတ်ထဲတွင် ခေါင်းပေါက်ထွက်မတက် ဖြေရှင်းရခက်နေသော မေးခွန်းပေါင်းများစွာ နေသော်ထံ ကိန်းဝပ်နေသည်တော့ မည်သူမှသိမည်မဟုတ်ပါ။
(၁)နှစ်ခန့်ကြာပြီးနောက်...
ရာသီတွေတောင် အလီလီပြောင်းခဲ့ပြီ။တိတ်ဆိတ်နေသော ခြံဝင်းအတွင်း ကားတစ်စီးထိုးဝင်လာသည်။နေသော်၏ ခြံဝင်းအတွင်း အဖြူရောင်ကားတစ်စီထိုးဝင်လာသည်။ကားပေါ်တွင် စမတ်ကျကျ လူရွယ်တစ်ယောက်ဆင်းလာသည်။ထိုသူမှ လက်ထဲမှ လက်ဆောင်ပစ္စည်းများစွာဖြင့်အိမ်ထဲဝင်လာသည်။ထိုစဉ် အိမ်ထဲမှ
"ကို ပြန်လာပြီ ပျော်လိုက်တာ ဦးလေးရေ အရီးလေး ကိုပြန်လာပြီ"အိမ်ခန်းထဲမှ ပြေးထွက်လာသောနွယ် တစ်ယောက်ပဲဖြစ်ပါသည်။ရန်ကုန်မှပြန်လာသော နေသော် အတွက် အမောပြေရမလိုပင်။နွယ်နှင့်တစ်အိမ်ထဲ အတူနေရသည်မှာ တစ်နှစ်ကျော်ကျော်ခန့် ရှိလာသော်လည်း အခုထိ နွယ်၏ အခြေအနေမှာ မထူးခြားလာသေးပါ။
"လာ ကို အထဲ ဝင်"
"အင်းပါ နွယ့်ရဲ့ ကို ရေအေးအေးတစ်ခွက်သောက်ချင်တယ် ခပ်ပေးဦး"
"ဟုတ်ကဲ့ပါရှင့်"ပျော်ရွင်နေသော နွယ်ပုံအားကြည့်ရင်း နေသော် မချိပြုံး ပြုံးလိုက်သည်။ထို့နောက် ဦးသက္ကဘက် လှည့်လာကာ
"ဦးလေး ဦးလေးကျွန်တော် တိုင်ပင်စရာတစ်ခုရှိတယ် နွယ်နဲ့ပတ်သတ်ပြီးတော့ပေါ့"
"ဦးလေးလည်း ငါ့တူလေးကို ပြောပြစရာတစ်ခုရှိတယ် နွယ်နဲ့ပတ်သတ်ပြီးတော့ပေါ့ ဒါပေမဲ့ အကောင်းဘက်က မျှော်လင့်မထားပါနဲ့"ဦးလေးသက္က၏စကားများကြောင့် နေသော် သိချင်စိတ် အံ့သြစိတ်များပြင်းပြသွားတော့သည်။
Author by @nandasai(MSC.076)
ဆက်လက်ရေးသားပါဦးမည်။
Leave ဘဝတစ်ဆစ်ချိုး(၁၆) to:
Read more #myanmar posts
Best Posts From nandasai
We have not curated any of nandasai's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.