ဘဝတစ်ဆစ်ချိုး အပိုင်း(၁၃)
အပိုင်း(၁)မှအပိုင်း(၁၁)ထိ(ဘဝတစ်ဆစ်ချိုးအပိုင်း(၁)
ဘဝတစ်ဆစ်ချိုးအပိုင်း(၂)
ဘဝတစ်ဆစ်ချိုးအပိုင်း(၃)
ဘဝတစ်ဆစ်ချိုးအပိုင်း(၄)
ဘဝတစ်ဆစ်ချိုးအပိုင်း(၅)
ဘဝတစ်ဆစ်ချိုးအပိုင်း(၆)
ဘဝတစ်ဆစ်ချိုးအပိုင်း(၇)
ဘဝတစ်ဆစ်ချိုးအပိုင်း(၈)
ဘဝတစ်ဆစ်ချိုး အပိုင်း(၉)
ဘဝတစ်ဆစ်ချိုး အပိုင်း(၁၀)
ဘဝတစ်ဆစ်ချိုး အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၂)မှအဆက်
ထိုထဲမှ အံအားသင့်ဆုံးဖြစ်နေသူမှာ သူဇာ အဒေါ် ဒေါ်ချိုလေးပင်။မိမိတူမလေး၏ အခြေအနေအား မြင်တွေ့ရချိန်မှာတော့ ဘာမျှမပြောတတ်အောင် ဖြစ်နေပါတော့သည်။
``တူမလေး... တူမလေး အဒေါ့်ကိုမမှတ်မိတော့ဘူးလားကွယ် တူမလေးငယ်ငယ်ကတည်းကထိန်းကျောင်းလာတဲ့ အဒေါ်ပါ လုပ်ပါဦးးဆရာမတို့ တစ်ခုခုတော့မှားနေပြီ သူစိမ်းလူတွေတော့ သိနေတယ် အဒေါ့်ကိုကျတော့မမှတ်မိတော့ဘူး ဟုတ်လား ရက်စက်လိုက်တာ ကံကြမ္မာရယ်"ဒေါ်ချိုလေးခမျာမှာတော့ မိမိရင်ဘတ်ကြီးအား ထုကာ ရှိုက်ကြီးတငင်ငိုချလိုက်သည်။ထိုအခါမှာတော့ ငိုသံများကြားရ၍ အခန်းထဲသို့ သူနာပြုဆရာမလေးတစ်ယောက် အပြေးအလွှားရောက်လာတော့သည်။
"ဘာဖြစ်ကြတာလဲရှင့် ဆေးရုံမှာ အရမ်းဆူဆူညံညံလုပ်လို့မရပါဘူးရှင့် ဘေးလူနာတွေအနှောက်အယှက်ဖြစ်မှာစိုးလို့ပါ ကျေးဇူးပြု၍ စည်းကမ်းလေးတော့ လိုက်နာပေးပါနော် အခုက လူနာက ဘာဖြစ်လို့လဲရှင့်"
"လူနာကဘာမှမဖြစ်ပါဘူးဗျာ အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်"ကြားထဲမှနေ၍ ရဲထက်ဝင်ပြောလိုက်ရသည်။အခြေအနေကိုနားလည်စပြုမိသော နေသော်မှ အကင်းပါးစွာ ဒေါ်လေးချို အား အပြင်သို့ ခေါ်ထုတ်လိုက်သည်။
"မင်းတို့သေချာ စောင့်ကြည့်ထားနော် နွယ် ကိုယ်ခဏအပြင်သွားဦးမယ်နော် ပြန်လာခဲ့မယ်"သူဇာလေးမှာ နေသော့်အားလိုက်ကြည့်ရင်း ကုတင်ပေါ်ကျန်ခဲ့တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆေးရုံဝင်းအတွင်း သစ်ပင်အောက်ဝယ် ဒေါ်ချိုလေး နေသော်ခေါ်လာခဲ့သည်။ဒေါ်ချိုလေးမှာတော့ မျက်ရည်နှင့်မျက်စနှင့်ပင်။အငိုမတိတ်နိုင်သော ဒေါ်ချိုလေးအား နေသော် ရှင်းပြချင်သည်။သို့အတွက် အပြင်သို့ ခေါ်ထုတ်လိုက်ခြင်းပင်ဖြစ်သည်။
"ဘယ်လိုဖြစ်ရတာလဲ မောင်နေသော်ရယ် ဒါအန်တီတူမ သူဇာမဟုတ်ဘူး သူဇာအမူအရာတွေမဟုတ်တော့ဘူး အန်တီနားမလည်နိုင်တော့ဘူးကွယ် အန်တီ့ကိုတစ်ခုခုပြောပါဦး"ဒေါ်ချိုလေးတစ်ယောက် အရူးတစ်ယောက်ပမာ နေသော်အား လှုပ်ကာရမ်းကာမေးတော့သည်။
"ဒီလိုပါ အန်တီ ကျွန်တော့်အထင် ........."နေသော်စကားအား ခေတ္တရပ်လိုက်သည်။
"မင်း အထင် ဘာလဲပြောလေကွယ်"
"ကျွန်တော့်အထင် သူဇာ အသုံးချခံနေရပြီထင်ပါတယ်အန်တီနားလည်အောင် ရှင်းရှင်းပြောရရင် သူဇာကိုယ်ထဲမှာရှိနေတဲ့ ဝိညည်ဟာ ကျွန်တော့်ချစ်သူရဲ့ ဝိညည်ပါ"
"ဘာာ!!!မင်းဘယ်လိုပြောလိုက်တာ ငါနားမလည်လို့ ထပ်ပြောပါဦး ဘာပြောလိုက်တယ်"
"ဟုတ်တယ် အန်တီကျွန်တော့်ချစ်သူကနွယ်ပါ သူဆုံးသွားတာ (၃)နှစ်ရှိပါပြီ အဲ့ဒါ သူမှသူ အစစ်" ထိုစကားနားထောင်ပြီးချိန်မှာတော့ ဒေါ်ချိုလေးမှာ မိမိကိုယ်ကိုမထိန်းနိုင်တော့ဘဲ အရုပ်ကြိုးပြတ် လဲကျသွားပါတော့သည်။
"အန်တီ အန်တီ ရရဲ့လား"နေသော် လျင်မြန်စွာဖြင့် ဒေါ်ချိုလေးအား လဲမကျစေရန် ထိန်းထားလိုက်ရသည်။ထို့နောက် ထိုင်ခုံတန်းလျားတွင် ထိုင်စေခဲ့လိုက်သည်။
"အန်တီ ဘယ်လိုပြောရမှန်းမသိတော့ဘူးကွယ် ကံတရားကိုပဲ အပြစ်ပုံချရမလား လူကိုပဲအပြစ်တင်ရမလား မသိနိုင်တော့ဘူး ကွယ် ငါ့တူမလေး ကံရယ်ဆိုးလွန်းပါလား အဲ့ကံကြမ္မာဆိုးတွေသာ ဝေခွဲခံယူလို့ရရင် အန်တီ အားလုံးကိုခံယူလိုက်ချင်တယ်ကွယ် အခုတော့...အီး...ဟီး...ဟီး...ဟီး"ဒေါ်ချိုလေးမှာ ပြောကာဆိုကာဖြင့် မျက်ရည်များ အတားအဆီးမရှိစီးကျလာကာ ထပ်မံငိုပွဲဆင်တော့သည်။နေသော်လည်း ဘယ်လိုနှစ်သိမ့်ရမှန်းမသိဖြစ်သွားသည်။
"ကျွန်တော် ဒီကိစ္စကို ပြေလည်အောင်ဖြေရှင်းနိုင်ပါတယ် ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုတော့ လိုပါလိမ့်မယ် အဲ့အတွက် အန်တီ့တို့ဘက်က ခွင့်ပြု မပြုဆိုတာ လိုအပ်ပါလိမ့်မယ်"နေသော့်စကားကြောင့် ဒေါ်ချိုလေး အားတက်သွားသယောင်ရှိကာ
"မင်းက ဘယ်လိုလုပ်ပေးမှာမို့လဲ ငါတူမလေးရဲ့ ဝိညည်ကိုပြန်ခေါ်ပေးမလို့လား စဉ်းစားပြီးမှလည်းပြောပါဦး ပြီးတော့ မင်းက ဘာကိုခွင့်ပြုချက်လိုချင်တာလဲ အန်တီနားလည်အောင်ပြောစမ်းပါ"
"ကျွန်တော် အန်တီ့ကိုရှင်းရှင်းလေးပြောပါ့မယ် အန်တီ့တူမ သူဇာကိုကျွန်တော့်အိမ်မှာခေါ်ထားချင်တယ်... ဒါကလည်း အခုအခြေအနေကိုသုံးသပ်ပြီးကျွန်တော်ပြောရတာပါ ကျွန်တော့်မှာဘာစိတ်မှမရှိပါဘူး" နေသော်၏အဖြေကြောင့် ချက်ချင်းဆိုသလိုဒေါ်ချိုလေး မျက်နှာတစ်ချက်ကွက်သွားသော်လည်း အခြေအနေတစ်ခုကြောင့်လက်ခံရန်အကြောင်းဖန်လာခဲ့ပြီမဟုတ်ပါလား။
"မင်းက ဘယ်လိုစီစဉ်ထားလို့လဲ အန်တီ့တူမက အပျို စစ်စစ်နော် ပြီးတော့ မင်းအိမ်ခေါ်ထားရင် ဘေးပတ်ဝန်းကျင်နဲ့ မင်းအသိုင်းအဝိုင်းတွေကဘယ်လိုထင်ကြမလဲ လက်ရောခံပါ့မလား"ဒေါ်ချိုလေးစကားကြောင့် နေသော်တစ်ချက်တွေဝေသွားသည်။ထို့နောက်
"ဒါကတော့ ကျွန်တော်မဖြစ် ဖြစ်အောင်လုပ်ရမှာပေါ့ ကျွန်တော့်အိမ်မှာတော့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ် သူနဲ့ထားလို့အဆင်ပြေပါတယ်
အဲ့ထက်စိတ်ချစေချင်ရင်တော့ အန်တီပါ လာနေပေးလိုက်ပေါ့ ကျွန်တော့်ဘက်က ဘာအခက်အခဲမှမရှိပါဘူး"
"အေးလေ မင်းဘက်က အဆင်ပြေရင်တော့ အန်တီဘက်ကလည်း လိုက်လျောပေးရမှာပေါ့ ဒါပေမဲ့မင်းအိမ်တော့ အန်တီလိုက်မနေနိုင်ဘူး အန်တီ့အိမ်မှာက အန်တီ့အမျိုးသားနှင့် ကလေးတွေရှိသေးတယ် တနေ့တစ်ခေါက်တော့ လာကြည့်မယ် နောက်ဆုံးအန်တီ မင်းဆီက ဂတိတစ်ခုတောင်းချင်တယ် မင်း အန်တီ့တူမကို မှဲ့တစ်ပေါက်တောင် မစွန်းစေနဲ့နော် အဲ့ဒါတော့ ဂတိပေးခဲ့"
"စိတ်ချပါ အန်တီ ကျွန်တော့်ဂုဏ်သိက္ခာကိုလည်း အစွန်းထင်းမခံနိုင်ပါဘူး အဲ့အတွက်ဂတိပေးပါတယ်"
"ဟုတ်ပြီလေ ဒါဆိုလည်း အခန်းကိုပြန်ကြတာပေါ့ ငါ့တူမ မင်းကိုမျှော်နေတော့မယ်"ထို့နှင့် ဒေါ်ချိုလေးနှင့် နေသော်တို့နှစ်ယောက် ဆေးရုံပေါ်သို့ တက်သွားခဲ့ကြတော့သည်။
ဆက်လက်ရေးသားပါဦးမည်။
Author by @nandasai(MSC.076)
Leave ဘဝတစ်ဆစ်ချိုး အပိုင်း(၁၃) to:
Read more #myanmar posts
Best Posts From nandasai
We have not curated any of nandasai's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.