Poem
*** ဆုပေး ဆုခံ ***
..............................
နှစ်တိုတိုလေးတွေက
ခဏလေးနဲ့ ဟောင်းကုန်ကြတယ်
အချိန်တွေ အကြာကြီး
စာမြုံ့ပြန်နေဖို့တော့
လုံလောက်တယ်
အဝေးက ဆွေးမြေ့မှုတွေကို
ကြေကွဲစွာနဲ့ ငါကြည့်တယ်
တစ်ခါတစ်လေ
ဝမ်းသာစက်လက် မျက်ရည်စက်တွေ
သွန်ချရတာ
ဘယ်လို အရသာမျိုးမှန်း ငါမသိ...
ဘဝမှာ ဘယ်လိုအရသာတွေကို
တပ်မက်ရမှန်း မသိတော့လို့
အချစ်အမုန်း အကင်းဆုံးအရပ်ကို
ဦးတည် ဆုတောင်းလိုက်တယ်
နှလုံးသားကို အရင်ဆုံး
ဗလာကျင်းပစ်ရမယ်တဲ့
ခံယူချက် တစ်ဖျစ်လောက်နဲ့
မောက်လိုက်ရတဲ့ ဂုဏ်
ကိုယ့်ကိုယ်ကိုလည်း မော
ဘဝထဲမှာလည်း မျှော လို့
နောက်တော့
ဘယ်ဆုတောင်းမှလည်း
မပြည့်ခဲ့ပါဘူး....
ကိုယ့်ဖက်က
လက်ကမ်းရမှာကို
ရှက်စရာလို့ မြင်နေတတ်ခဲ့စဉ်
တလျှောက်လုံးပေါ့လေ....
I'm ATM.
Photo crd.
Leave Poem to:
Read more #esteem posts
Best Posts From ayethatmon
We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.