ayethatmon avatar

အ​တွေး

ayethatmon

Published: 15 Jun 2019 › Updated: 15 Jun 2019အ​တွေး

အ​တွေး

တရုတ်နိုင်ငံရဲ့တရားစီရင်မှုတစ်ခုဟာ သိပ်နာမည်ကြီးပါတယ်။

လူတစ်ယောက်ကို တစ်ကိုယ်လုံးမှာ ခေါင်းလေးပဲဖော်ထားပြီး လည်ပင်းအောက်ပိုင်းကို မြေကြီးထဲမြှုပ်ထားပြီးတော့ ပေါ်နေတဲ့ ဦးခေါင်း ပေါ်ကို ရေစက်လေးတစ်စက်ချင်း တစ်ချင်း ချပြီး သတ်တဲ့နည်းပေါ့။
ရေစက်လေးတစ်စက်ချင်းချပြီး သတ်သတဲ့။
ရယ်စရာတော့ ကောင်းသား။
ဒါပေမယ့် အဲ့ဒီရေစက်လေးတွေဟာ အစပိုင်းမှာ သိပ်ပြီး မသိသာပေမယ့် နာရီများစွာ ကြာလာတဲ့အခါ အကျဉ်းသားအတွက် အဲ့ဒီရေစက်လေးတစ်စက်ကျရင် ဦးခေါင်းကို ခပ်ကြီးကြီး တူကြီးနဲ့ တစ်ချက်ချင်း ထုနေသလိုခံစားရလွန်းလို့ အကျဉ်းသားဟာ ကျွန်တော့်ကို သတ်ပေးပါတော့လို့ သနားစဖွယ် အော်ဟစ်တောင်းပန်ရတဲ့အထိပဲ တဲ့..။
အထီးကျန်ခြင်းထဲမှာမှ အာရုံတစ်ခုထဲမှာပဲ နာကျင်စေပြီး သေးငယ်တဲ့ နှိပ်စက်မှုကို အချိန်အကြာကြီး ခံစားစေတဲ့နည်းလို့ပဲ သတ်မှတ်မိတယ်။

သိပ်ကို ရက်စက်တဲ့ ညှင်းဆဲ နှိပ်စက်မှုမျိုးလေ။
လူတစ်ယောက်ရဲ့ အထီးကျန်တဲ့ ဝေဒနာဟာ ဘယ်လောက်များ နာကျင်ဖွယ် ကောင်းလိုက်သလဲ။
လူ့ပတ်ဝန်းကျင်ကနေ အဖယ်ခံရတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်များ အထီးကျန်လိုက်မလဲ။
( လွတ်မြောက်ခြင်းကို ရှာဖွေကြဖို့ လူ့ပတ်ဝန်းကနေ ဖယ်ခွာသွားတဲ့ ပုဂ္ဂိုလ်အချို့က လွှဲလို့ပေါ့လေ)

တစ်နေကုန်နေလို့ စကားပြောစရာလူမရှိ။ကိုယ့်အကြောင်းကို ပြောလို့မရ ကိုယ့်အတွေးကို မျှဝေလို့မရ တခြားလူတွေအကြောင်းကို နားထောင်လို့မရနဲ့ အတော် ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ဘဝမျိုးလေ။
လူတွေနဲ့ ဝေးကွာလာတဲ့အခါ လူအများက ရယ်မောနေကြတဲ့ ရယ်သံတွေဟာ သူ့နှလုံးသားမှာ စိုက်တဲ့ဓားတွေပဲ ဖြစ်နေလိမ့်မယ်။သူမရယ်မောနိုင်တော့ဘူးလေ။
အဲ့ဒီအခါ အဲ့ဒီအထီးကျန်လူသားဟာ စိတ်ဓာတ်တွေ ကျလာရင်း ဝမ်းနည်းအားငယ်မှုနဲ့အတူ တဖြည်းဖြည်း ခွန်အားတွေ ယုတ်လျော့လာရင်း တမလွန်ကိုသာ ထွက်ပေါက်အဖြစ် ရွေးချယ်ဖို့ စဉ်းစားတော့မှာပဲလေ..။

အသက်ရှူနေပေမယ့် အသက်ရှင်တယ်လို့ ခေါ်လို့မရတဲ့ဘဝ၊သေချင်ပေမယ့် အသက်မထွက်သေးတဲ့ ညှင်းဆဲနှိပ်စက်မှုမျိုးပေါ့..။

အချို့ အကျဉ်းသားတွေဟာ နှစ်ချီပြီး အကြာကြီး တိုက်ပိတ်ခံရပြီးတဲ့အခါ စိတ်ဖောက်ပြန် ရူးသွပ်သွားပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်သတဲ့။
ဒါဟာ အထီးကျန်ခြင်းဝေဒနာအတွက် လွတ်မြောက်ခြင်းကို ရှာဖွေခြင်းပဲပေါ့။
အခု တရုတ်တွေရဲ့ တရားစီရင်မှုကတော့ ရှင်ခွင့်မရ သေခွင့်မရ တဲ့ ဝေဒနာနဲ့ တဖြည်းဖြည်း ညှင်းသတ်ပစ်လိုက်ခြင်းမျိုးလေ...

ဘယ်လောက်များ ကြေကွဲဖွယ် ကောင်းလိုက်သလဲ.....

I'm ATM. image

Leave အ​တွေး to:

Written by

Read more #esteem posts


Best Posts From ayethatmon

We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ayethatmon