ayethatmon avatar

စာ​ပေ

ayethatmon

Published: 01 Jun 2019 › Updated: 01 Jun 2019စာ​ပေ

စာ​ပေ

အရိပ်​ဝတ္ထုဟာ ဆရာမကြီး မစန္ဒာရဲ့​ပြောင်​​မြောက်​တဲ့ ဝတ္ထုတစ်​ပုဒ်​ဖြစ်​သလို ဇာတ်​လမ်းတွဲအ​နေနဲ့လည်း ​အောင်​မြင်​ခဲ့တဲ့ ဝတ္ထုတစ်​ပုဒ်​ပါ။

အဲ့ဒီဝတ္ထုကို ဖတ်​တဲ့ အခါ သင့်​တင့်​ရုံဘဝမှာ ​​စိစစ်​​လောက်​ငှရုံ စီမံခန့်​ခွဲရှင်​သန်​​နေကြရတဲ့ အမာညိုတို့ မိသားစုရယ်​..
အေး​ဆေးတည်​ငြိမ်​ပြီး ရုန်းကန်​မှုထဲမှာ ပါတဲ့ သက်​သက်​တို့မိသားစုရယ်​...
နောက်​ပြီး ပြည့်​စုံပိုလျှံတယ်​ ရုပ်​​ချောတယ်​။စာ​တော်​တယ်​ စသဖြင့်​ အဖက်​ဖက်​က ပြည့်​စုံတဲ့ စုစုလှိုင်​တို့ မိသားစုရယ်​..။
ဇာတ်​​ဆောင်​မိသားစု သုံးစုပါတယ်​။

အရိပ်​ဝတ္ထုကို ဖတ်​ပြီးတဲ့သူ အ​တော်​များများက

လောကစည်းစိမ်​​တွေနဲ့ ပြည့်​စုံ​နေတဲ့ စုစုလှိုင်က ရုပ်​​ချောတယ်​ ပိုက်​ဆံရှိတယ်​ စာ​တော်​တယ်​ ထက်​မြက်​တယ်​ ဒါကို လက်​ခံ​ပေမယ့်​ စုစုလှိုင်​ကို အားမကျကြဘူး။အမြဲပူ​လောင်​​နေရတတ်​တဲ့ စုစုလှိုင်​မဖြစ်​ချင်​ကြဘူး။

ဘဝကို စိတ်​ဖိစီးမှုကင်းကင်းနဲ့ ဖြတ်​သန်း​နေတာကလွှဲရင်​ စိတ်​ချမ်းသာတာကလွှဲရင်​ ရုပ်​ကလည်း သိပ်​မလှ​ပေမယ့်​ ​ပျော်​ရွှင်​​အေးချမ်းကြတဲ့ အမာညိုတို့မိသားစုကို အားကျကြတယ်​။အမာညိုကို သ​ဘောကျကြတယ်​။ အမာညိုတို့လို ​လောကကို ဖြတ်​သန်းခွင့်​ရရင်​ဆိုတဲ့အ​တွေးမျိုးကို ​တွေးကြတယ်​။

ပြီး​တော့ သက်​သက်​။
မျက်​လုံး​မှေး​မှေး​လေးနဲ့ ရုပ်​မ​ချောဘူး။ မပြည့်​စုံဘူး။စာမ​တော်​ဘူး..။သူ့မှာ ကြင်​နာတတ်​တဲ့ နှလုံးသားရှိတယ်​။
အဲ့ဒီတစ်​ခုနဲ့တင်​ သက်​သက်​က ​လေးစားစရာ​ကောင်းသွားတယ်​။ဝတ္ထုဖတ်​သူကို ဆွဲ​ဆောင်​သွားတယ်​။

ဒါကအရိပ်ဝတ္ထုဖတ်သူ ​​အ​တော်​များများကို ​မေးကြည့်​ရင်း သိလာရတာဖြစ်​တယ်​။

အဲ့ဒီအခါ လူ​တွေတကယ်​လိုလားတာ စိတ်​​အေးချမ်းမှုလို့ သိလာတယ်​။ကြင်​နာမှုကို ပိုမက်​​မောတာ သိလာတယ်​။
ရုပ်​​ချောတာ..ပိုက်​ဆံ​ပေါတာကို အားကျ​ကောင်း အားကျကြ​ပေမယ့်​ တကယ့်​ တကယ်​ ဖြစ်​လိုတာက ဘဝကို ရိုးရှင်းစွာဖြတ်​သန်းလိုမှု​တွေကို ပိုလိုလားကြတာ ​တွေ့ရတယ်​။
ပူ​လောင်​မှုထက်​ ​အေးချမ်းမှုကို လူ​တွေပိုမက်​​မောကြတယ်​။
ကြင်​နာတဲ့လက်​​တွေကို ပိုပြီး ​ထွေးဆုပ်​လိုကြတယ်​။
ရုပ်​​ချောမှ ပိုက်​ဆံရှိမှ စာ​တော်​မှဆိုတာထက်​ တကယ်​​အေးချမ်းတဲ့ဘဝနဲ့တင်​ လူ​တွေ ​နေ​ပျော်​​လေ့ရှိကြတယ်​။အပူအပင်​ကင်းကင်းနဲ့ ငြိမ်းချမ်းတဲ့ဘဝက လူ​တွေကို ပိုလွှမ်းမိုး​လေ့ရှိတာကို နားလည်​လိုက်​ရတယ်​။

အဲ့ဒီအခါ ဘာကိုသတိရလိုက်​သလဲဆို​တော့ တရုတ်​နိုင်​ငံက Li ZiQiဆိုတဲ့ Online cele တစ်​​ယောက်​ကို သတိရမိတယ်​။
သဘာဝရဲ့ပျိုစင်​ကညာလို့ နာမည်​​ပေးထားတဲ့ သူမရဲ့ ဗွီဒီယိုဖိုင်​အတို​လေး​တွေကို ကြည့်​ပြီး သူ့လိုမ​နေချင်​တဲ့သူ မရှိသ​လောက်​ရှားတယ်​။
ကိုယ့်​အိမ်​ ကိုယ့်​ခြံထဲမှာ ကိုယ်​တိုင်​ စိုက်​ပျိုးထားတဲ့ သစ်​သီးဟင်းရွက်​​တွေကို ချက်​ပြုတ်​စား​သောက်​ရင်း ဘဝကို ဖြတ်​​သန်း​နေတဲ့ မိန်းမပျိုတစ်​​ယောက်​ကို ကြည့်​ပြီးတဲ့အခါ သူ့လို ​နေချင်​လာတယ်​။
သူ့လို ​အေးချမ်းချင်​လာတယ်​။
သူ့လို ဆိတ်​ငြိမ်​ချင်​လာတယ်​။

တကယ်​​တော့
လူ​တွေက အပူ​လောင်​မခံလိုတဲ့ သက်​ရှိတစ်​မျိုးဆိုတာ သိလာရတယ်​။
ဒါနဲ့များ ​အေးချမ်း​မှုကိုဘာလို့ မရှာ​ဖွေကြသလဲဆိုတာ​တော့ မ​ပြောတတ်​​ပေဘူး​ပေါ့..။

I'm ATM.
Photo cr imagedit.

Leave စာ​ပေ to:

Written by

Read more #esteem posts


Best Posts From ayethatmon

We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ayethatmon