ayethatmon avatar

Written

ayethatmon

Published: 12 Aug 2019 › Updated: 12 Aug 2019Written

Written

ဟိုတ​လောက သတင်းတစ်​ပုဒ်​ဖတ်​လိုက်​ရတယ်​။ခု​နောက်​ပိုင်း ဂျပန်​နိုင်​ငံကအမျိုးသမီး​တွေဟာ အိမ်​​ထောင်​ပြုဖို့ထက်​ ကိုယ့်​ဘာသာတစ်​​ယောက်​ထဲ အပျိုကြီးဘဝနဲ့ ဖြတ်​သန်းလာကြတာ များတယ်​တဲ့။အဲ့ဒီ​တော့ ဂျပန်​နို​င်​ငံရဲ့ က​လေး​မွေးဖွားနှုန်းဟာ နှစ်​ရာခိုင်နှုန်းပဲ ရှိတယ်​ဆိုတဲ့ အ​ကြောင်း​ပေါ့​လေ..။ပြီး​တော့ အဲ့ဒီလူဦး​ရေပြဿနာနဲ့ အနာဂတ်​​ရေးရာအ​ကြောင်း တွက်​ကိန်းချက်​ကိန်း​တွေ​ပေါ့​လေ..။

ဘာ့​ကြောင့်​ ဂျပန်​ကအမျိုးသမီး​တွေက ကိုယ့်​ဘာသာ တစ်​​ယောက်​ထဲ​နေကြတာလဲလို့ အ​ဖြေရှာကြည့်​​တော့ ကိုယ့်​ဝင်​​ငွေနဲ့ကိုယ်​ ရပ်​တည်​နိုင်​လို့၊ကိုယ့်​ဘဝ ကိုယ်​​ကျောင်းနိုင်​လို့လို့ပဲ ​ယေဘုယျခန့်​မှန်းမိတယ်​။

( ဒီနိုင်​ငံမှာ)အိမ်​​ထောင်​ပြုကြတဲ့ အမျိုးသမီး​တွေကို ကြည့်​လိုက်​တဲ့အခါ မှီခိုဖို့ အားကိုးဖို့ ဘဝဖြတ်​သန်းမှုမှာ အခြားသူတစ်​​ယောက်​ကို အမှီသဟဲပြုဖို့ဆိုတာ​တွေကို ​တွေ့လာရတယ်​။
( အယူအဆကွဲလွှဲနိုင်​ပါတယ်​။ကိုယ့်​ပတ်​ဝန်းကျင်​က လူ​​တွေကိုသာ ​လေ့လာခြင်းဖြင့်​ဆွဲမိ​သော မိမိ၏ ​ကောက်​ချက်​မျှသာ..)

အဲ့ဒီမှာ မှီခိုမှုဆိုတာကို ဆက်​စပ်​ပြီး စဉ်းစားမိတယ်​။
မှီခိုမှု..ဒါမှမဟုတ်​ အမှီသဟဲပြုလိုစိတ်​ဆိုတာ လူသား​တွေရဲ့ စုဖွဲ့​နေထိုင်​မှုက စတယ်​ဆိုတာ လက်​ခံမိတယ်​။
ဒါ​ပေမယ့်​ လူတစ်​​ယောက်​ရဲ့ ဘဝတည်​​ဆောက်​မှုမှာ​တော့ သာမန်​ထက်​ပိုတဲ့ တစ်​ဖက်​သားအ​ပေါ် မှီခိုမှုက​တော့ ဆိုးတဲ့အ​ခြေအ​နေ ဖြစ်​​ပေါ်​စေတယ်​လို့ပဲ ယူဆမိပါတယ်​..။

မနက်​ခင်း​တွေဆို က​လေး​လေး​တွေကို လူကြီးမိဘ​တွေက ​ကျောင်းကြိုပို့ကြတဲ့ မြင်​ကွင်း​တွေကို ​တွေ့ရတယ်​...။
က​လေးရဲ့ ​ကျောပိုးအိတ်​​လေး ထမင်းချိုင့်​​လေးကအစ လိုက်​ပို့တဲ့ လူကြီးမိဘ​တွေက ကိုင်​လို့...
ကြည်​နူးစရာ​ကောင်းတဲ့ မြင်​ကွင်းပါပဲ..။

အဲ့ဒီက​နေ က​လေးဟာ လူငယ်​ ဆယ်​​ကျော်​​သက်​အရွယ်​ ဖြစ်​လာတယ်​။ဆိုပါ​တော့ ကိုးတန်းဆယ်​တန်း ဖြစ်​လာတယ်​။ မိဘ​တွေရဲ့ တာဝန်​​ကျေပွန်​မှုက အံ့မခန်းဖွယ်​ပါပဲ။က​လေးစားပြီးသား ပန်းကန်​၊ ဝတ်​ပြီးသားအဝတ်​​တွေကို ​ဆေး​ကြော ​လျှော်​ဖွပ်​​ပေး​နေတုန်းပဲ။

အဲ့ဒီက​နေ စတဲ့ မိဘ​တွေရဲ့ သိတတ်​တာဝန်​​ကျေပွန်​မှုက က​လေး​တွေရဲ့ မှီခိုလိုတဲ့စိတ်​ အားကိုးရှာတဲ့ စိတ်​ကို ပိုပြီးပိုပြီး ​လောင်​စာထည့်​​ပေးလိုက်​သလိုပါပဲ..။
အထူးသဖြင့်​​တော့ မိန်းက​လေး​တွေက နဂိုအားငယ်​တတ်​တာ​ရော အားနွဲ့ခြင်းဆိုတဲ့ သတ်​မှတ်​ချက်​အ​ပေါ်မှာ​ရော ဖိနင်းပြီး မှီခိုလိုမှု အားကိုးရှာမှုက ပိုပြီး ကြီးထွားလာ​လေ့ရှိတယ်​။

တွေ့​နေကြုံ​နေရတဲ့ ဆယ်​​ကျော်​သက်​မိန်းက​လေး​တွေရဲ့ အားကိုးရှာမှုက ရယ်​စရာလည်း ​ကောင်းရဲ့..။
ကောင်​​လေးတစ်​ယောက်​ရစ်​သီရစ်​သီလာလုပ်​တာနဲ့ ​ကောင်​မ​လေးဖက်​က ရုပ်​ရည်​အရင်ကြည့်​တယ်​။ ရုပ်​ရည်​အို​ကေတာနဲ့ ​နောက်​ဆက်​တွဲ ဥစ္စာကိုပဲ ကြည့်​တယ်​။သူ့ရဲ့ပညာဆိုတာ ဥစ္စာထဲမှာ​လောက်​ အ​ရေးမပါဘူး ဖြစ်​သွားတဲ့အဆင့်​အထိပါပဲ။( အသက်​ ၁၆ဝန်းကျင်​မှ ၂၂ ဝန်းကျင်​အထိ စိတ်​ကစားတတ်​တဲ့အရွယ်​ မိန်းက​လေးများအား ​လေ့​လာထားခြင်းဖြစ်​)

ဘာ​ကြောင့်​ ဒီလိုဖြစ်​တာလဲဆို​တော့ ရှင်းပါတယ်​။သူတို့ဘဝတ​လျှောက်​လုံး မှီခိုရမယ့်​သူမှာ မှီခိုဖို့လုံ​လောက်​တဲ့ ရုပ်​ဝတ္ထုပိုင်​ဆိုင်​မှု​တွေက မျက်​မြင်​​တွေ့မှ ယုံကြည်​ကြလို့ပါပဲ..။
အားကိုးရှာတာထက်​ မှီခိုဖို့ ပိုပြီးရှာ​ဖွေ​နေကြလို့ပါပဲ။
အားကိုးရှာတဲ့ မိန်းက​လေး​တွေက စိတ်​လုံခြုံမှု ဘဝလုံခြုံမှုအတွက်​စဉ်းစား​ကောင်း စဉ်းစားနိုင်​ပါ​သေးတယ်​။
ဒါ​ပေမယ့်​....
အခု​ခေတ်​မှာ မိန်းက​လေးအများစုက မှီခိုမှု အ​လေ့အကျင့်​ကို ငယ်​ကတည်းက ​လေ့ကျင့်​​ပေးခံရပြီးသားလို ဖြစ်​​နေခဲ့ပြီ​လေ..။

ပြီး​တော့ နည်းပါးလွန်းတဲ့ လုပ်​ခလစာ​တွေက ကိုယ့်​ဘဝတစ်​ခုရပ်​တည်​ဖို့ မလုံ​လောက်​တဲ့အခါ၊စိတ်​လုံခြုံမှု ဘဝလုံခြုံမှု ဥပ​ဒေရဲ့အကာအကွယ်​​ပေးခံရမှု​တွေက ကွက်​ကျားရိုက်​​နေတဲ့အခါ၊
အခက်​အခဲ​တွေ ပြဿနာ​တွေကို ကြံ့ကြံ့ခံနိုင်​ဖို့ သင်​ကြားမကြားရတဲ့အခါ၊ရုန်းထွက်​ရခြင်း​တွေ ​လောကဓံ​တွေကြားမှာ မဏိ​မေခလာပုံပြင်​ကိုပဲ ရိုက်​သွင်းခံခဲ့ရတဲ့ လူငယ်​​လေး​တွေရဲ့ စိတ်​ထဲမှာ မှီခိုမှုဆိုတာ အစဉ်​အလာတစ်​ခုလို ဖြစ်​​နေခဲ့ပါလိမ့်​မယ်​။

ကိုယ့်​ကိုယ်​ကိုယ်​ မှီခိုဖို့ထက်​ သူတပါးကို မှီခိုအားထားမှု​တွေကိုသာ ​ရွေးချယ်​တန်​လာကြတဲ့ လူ​တွေ တိုးပြီးရင်း တိုးလာ​နေတာကို ​တွေ့​နေမြင်​​နေ ကြုံ​နေ ကြား​နေရတဲ့အခါ.....

ဂျပန်​နိုင်​ငံက တစ်​ကိုယ်​တည်း ဖြတ်​သန်းတဲ့ မမ​တွေနဲ့ မတူညီခြင်းများစွာထဲမှာ ဟိုး ငယ်​ဘဝကတည်းကစလို့ အလွန်​အကျူးဂရုစိုက်ခြင်း​တွေကို ဂုဏ်​ယူစရာတစ်​ခုလို ဝင့်​ကြွား​နေကြတဲ့ မိဘ​တွေနဲ့ မှီခိုကျင့်​​တွေကို စတင်​ခဲ့သူ​တွေဟာ ဒီနိုင်​ငံမှာ အ​​မြောက်​အများလို့ပဲ ​ပြောချင်​မိပါတယ်​။

( ကိုယ့်​Fri​​တွေထဲမှာ ကိုယ့်​ဝင်​​ငွေနဲ့ကိုယ်​ ကိုယ့်​ဘာသာ မှီခို​နေတဲ့ အပျိုကြီးမမ​တွေလည်း အများကြီး ရှိ​နေကြပါ​ကြောင်း...) image

Leave Written to:

Written by

Read more #esteem posts


Best Posts From ayethatmon

We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ayethatmon