Poem
#အနက်ရောင်အပြုံး
အလင်းပြန်နေတဲ့ နက္ခတ်တွေကို
မင်ရည်ကျဲပက် ပစ်တတ်ဖို့
လောကပါလတရားတွေကို
လက်ကြားယိုပစ်ကြတယ်..
အဘိဓာန်ထဲ ထည့်မသိမ်းခဲ့မိတဲ့
လူမိုက်ပုံပြင်တွေ
ပစ္စုပ္ပန်တိုင်း ပစ္စုပ္ပန်တိုင်းဆီမှာ
လတ်လတ်ဆတ်ဆတ်...
တကိုယ်တော် ပင့်သက်ကို စီး
ရှိုက်ဖိုကြီးငယ်နဲ့
ကြမ္မာအသွယ်သွယ်ဆို
ဟစ်လား အော်လား
ကျိန်ဆဲလိုက်သေးတယ်..
ဘယ်တရားကိုမှ
လက်မတည့်တဲ့ ဓားပါး
ခြတောင်ပို့ကြားထဲ
သင်္ဂြိုဟ်ထားခဲ့ကြ...
နက္ခတ် တဖဲ့တရွဲ့နဲ့
ဆေးနက်ခြယ်တဲ့ ကြယ်တစ်လုံး
ငါ့ ကောင်းကင်ယံထဲမှာ
ပြုံးပြုံးကြီး ကြည့်နေဖြစ်ခဲ့.....
I'm ATM.
Photo credit. ![image](
Leave Poem to:
Read more #esteem posts
Best Posts From ayethatmon
We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.