ayethatmon avatar

Read

ayethatmon

Published: 31 Jul 2019 › Updated: 31 Jul 2019Read

Read

"ကျွန်​မဟာ ဆယ့်​​ခြောက်​နှစ်​လုံးလုံး အလွန်​စိတ်​​ခြောက်​ချားစရာ​ကောင်း​တဲ့ကမ္ဘာတစ်​ခုထဲမှာ ​နေခဲ့ရပါတယ်​။အဲ့ဒီကမ္ဘာဟာ ဝင်​​ရောက်​လာတဲ့လူ​တွေ များပြားသ​လောက်​ ထွက်​တဲ့လူ အလွန်​နည်းပါးတဲ့ ကမ္ဘာပါ။ပြီး​တော့လည်း လူတစ်​​ယောက်​ဟာ အဲ့ဒီကမ္ဘာထဲကို ​ရောက်​သွားပြီးရင်​ ပြန်​​တော့ထွက်​လာနိုင်​ပါတယ်​။ဒါ​ပေမယ့်​ သူဟာ အရှက်​သိက္ခာကင်း​မဲ့မှုနဲ့ ​မျှော်​လင့်​ချက်​ ကင်း​မဲ့မှု​တွေကို ရင်​မှာပိုက်​ပြီး ထွက်​​လာခဲ့ရတာပါ။ ဒီအချက်​ဟာ ကျွန်​မစာအုပ်​ရဲ့အမြင့်​ဆုံး​သော `အနှစ်​သာရ´ပါပဲ။"
လီလီယံ​ရော့သ်

ဘဝက ရုပ်​ရှင်​မဟုတ်​ဘူးတဲ့..
ဒါ​ပေမယ့်​ ရုပ်​ရှင်​ထက်​ပိုတဲ့ ဘဝမျိုး​တွေ​တော့ တကယ်​ပဲ ရှိကြတယ်​ မဟုတ်​လား။
အဲ့ဒီလို ဘဝမျိုးကို တကယ်​ပဲ ကြုံ​တွေ့ခဲ့သူက ရုပ်​ရှင်​နယ်​ပယ်​ထဲက မိန်းမ​ချော​လေးတစ်​​ယောက်​ဆိုရင်​ ပိုပြီး​တော့များ အံ့သြဖို့ ​ကောင်းသွား​လေမလား..။

ဒါ​ပေမယ့်​..
တကယ်​ပဲ ရုပ်​ရှင်​နယ်​ပယ်​ထဲက Lillian Rothဆိုတဲ့ မိန်းမ​ချော​လေးတစ်​​ယောက်​ရဲ့ ဘဝဟာ ရုပ်​ရှင်​ထက်​ပိုတဲ့ သူ့ဘဝအ​ကြောင်းကို​ပြောပြထားတဲ့ I'll Cry Tomorrowဆိုတဲ့ နာမည်​နဲ့ စာ​ရေးဆရာကြီးနှစ်​ဦးက စာအုပ်​​တစ်​အုပ်​​ရေးခဲ့ပါတယ်​။
ဆရာ​မောင်​ထွန်းသူက ချစ်​မျက်​ရည်​ဘယ်​ခါစဲ​လေလိမ့်​ဆိုတဲ့ နာမည်​လှလှ​လေး​ပေးပြီး ဘာသာပြန်​လိုက်​တဲ့အခါ.....

လီလီယံ​ရော့သ်​ဆိုတဲ့ မိန်းက​လေးတစ်​​ယောက်​ရဲ့ ဘဝဟာ ကံကြမ္မာက မျဉ်းဆွဲသတ်​မှတ်​ထားပြီးသားလို့များ ​ပြောရမလိုပါပဲ..။
အနုပညာအ​ပေါ် ရူးသွပ်​လွန်းကြတဲ့ အ​ဖေနဲ့​အ​မေက ​သူမအ​မေ့ဗိုက်​ထဲမှာ​ကတည်းက အနုပညာသည်​ဘဝအတွက်​ အိမ်​မက်​မက်​ခံအဖြစ်​နဲ့ စတင်​ခဲ့ရတယ်​ဆိုရင်​ လွ​န်​မယ်​မထင်​ပါဘူး..
၁၉၁၀ ဒီဇင်​ဘာ၁၃ရက်​ သူမကို ​မွေး​တော့ အဲ့ဒီ​ခေတ်​အဲ့ဒီအခါက သူတို့ အကြိုက်​ဆုံး အဆို​တော်​ လီလီယံရပ်​ဆဲလ်​ရဲ့ နာမည်​ကို ယူပြီး မှည်​လိုက်​တဲ့ နာမည်က လီလီယံ​ရော့သ်​ တဲ့။

လီလီယံရဲ့ဘဝက ငယ်​ကတည်းက အလုပ်​လုပ်​ရဖို့ ဖြစ်​တည်​လာခဲ့သလိုပါပဲ..။
ဒါကလည်း သူ့ဝါသနာအရ၊ဒါမှ မဟုတ်​ ဝင်​​ငွေအရ လုပ်​ရတယ်​လို့လည်း မဆိုသာဘူး​လေ..။
မိဘ​တွေရဲ့ ကိုယ်​တိုင်​မဖြစ်​တည်​ခဲ့တဲ့ ​မျှော်​လင့်​ချက်​အဖြစ်​ သားသမီးအ​ပေါ် ပုံချပစ်​လိုက်​တဲ့ အိမ်​မက်​အ​ပေါ် လမ်းထ​လျှောက်​ခဲ့ရတာနဲ့ တူလွန်းလှ​လေရဲ့..။

ဒီလိုနဲ့ ၁၉၁၆ခုနှစ်​ သူမအသက်​​ခြောက်​နှစ်​​လောက်​ကစတင်​ခဲ့တဲ့ က​လေးသရုပ်​​ဆောင်​​လေး လီလီယံရဲ့အနုပညာပိုးကလည်း ထကြွ​သောင်းကျန်းလာလိုက်​တာ..
တဖြည်းဖြည်းနဲ့ ဘ​ရော့​ဝေးပြဇာတ်​​လောကထဲ​ရောက်​ အဲ့ဒီက​နေ ​ဟောလီးဝုဒ်​ရဲ့ ရုပ်​ရှင်​​လောကထဲလည်း ​ခြေဆန့်​နဲ့.
ဒီကြားထဲ သူဆိုတဲ့ သီချင်း​တွေကလည်း ထ ​ပေါက်​​လေ​တော့ လီလီယံ​ရောသ့်​ဆိုတဲ့ မိန်းက​လေးရဲ့ ​အောင်​မြင်​မှုက တရှိန်ထိုးတက်​လာလိုက်​တာ အသက်​နှစ်​ဆယ်​ မပြည့်​ခင်​မှာပဲ ​အောင်​မြင်​​ကျော်​ကြားတဲ့ သန်းကြွယ်​သူ​ဌေး ဖြစ်​​နေခဲ့ပြီတဲ့...။

မွန်းလွှဲပိုင်းအချိန်​ နည်းနည်း​လောက်​ ​ဖျော်​​ဖြေလိုက်​ရုံနဲ့ ၁၉၃၀ ဝန်းကျင်​က​တောင်​ သူ့အတွက်​ အနုပညာ​ကြေးက ​ဒေါ်လာ ၃၅၀၀ ​လောက်​ရ​နေပြီဆိုပဲ...။
လိုချင်​တာရ​နေတဲ့ ဆယ်​​ကျော်​သက်​ မိန်းမလှ​လေးရဲ့ ဘဝထဲ စတင်​ဝင်​​ရောက်​လာတာ ထုံးစံအတိုင်း အချစ်​​ပေါ့...။
ဒေး​ဗစ်​ဆိုတဲ့ အချစ်​ဦး..အရူးအမူး​ပေမယ့်​ ကံမ​ကောင်းအ​ကြောင်းမလှ ချိုမြိန်​တဲ့ ဘဝကြားမှာ ခါးသီးခြင်းကို စတင်​ပြီး ကြုံလိုက်​ရတဲ့ လီလီယံ​ရော့သ်​.

ည,ည​တွေဆို အိပ်​မရရာက စတဲ့ ဆယ့်​​ခြောက်​နှစ်​​လောက်​ တစ်​ရက်​မပျက်​စွဲလမ်းပစ်​ခဲ့တဲ့ အစွဲအလမ်းတစ်​ခု..
ပြီး​တော့
သန်းကြွယ်​သူ​ဌေးမ​လေးရဲ့ အိမ်​​ထောင်​​ရေး ခရီး..
ဒဏ်​ရာ ဒဏ်​ချက်​​တွေနဲ့ ​လောကဓံ...
မိခင်​ ဖခင်​တို့ရဲ့ အိမ်​မက်​​တွေရဲ့ ​နောက်​ဆက်​တွဲ အ​ခြေအ​နေများ...
အသက်​ ငါးနှစ်​အရွယ်​​လောက်​က စခဲ့တဲ့ သရုပ်​​ဆောင်​​လောက...
သူကြုံ​တွေ့လိုက်​ရတဲ့
လူ့​လောက..
လူ့သဘာဝ..
လူ့ပတ်​ဝန်းကျင်​.....

ဘဝအ​ကြောင်းကို ​ကောင်း​ကောင်းကြီး ​နော​ကျေခဲ့ရတဲ့ မိန်းမလှ​လေး တစ်​​ယောက်​ရဲ့ဝတ္ထုဆန်​ဆန်​အတ္ထုပ္ပတ္တိ..
သို့မဟုတ်​...
ဘဝရဲ့အချိန်​​ကောင်း​တွေကို ​အောင်​မြင်​မှုရဲ့ ​လောကဓံကြားထဲ လက်​ပစ်​ကူးခဲ့ရတဲ့ ဘဝသမားတစ်​​ယောက်​ရဲ့ အိမ်​မက်​ဆိုးများ..
သို့မဟုတ်​...
ဟောလီိးဝုဒ်​ သရုပ်​​လောကထဲက ရုပ်​ရှင်​မင်းသမီးကြီး Lillian Roth ရဲ့အ​ကြောင်းကို မိုက်​ဒ်​ကွန်​နိုလ်​နှင့်​ဂျာရိုဖရန့်​တို့က​ရေးသားထားတဲ့ I'll Cry Tomorrow.
၁၉၅၄ခုနှစ်​ရဲ့ ခရစ္စတိုဖာ စာ​ပေဆုရ စာအုပ်​တစ်​အုပ်​...
သို့မဟုတ်​..
ဆရာ​မောင်​ထွန်းသူက မြန်​မာပရိတ်​သတ်​ဆီကို ပေါင်းကူး​ပေးလိုက်​တဲ့ ချစ်​မျက်​ရည်​ဘယ်​ခါစဲ​လေလိမ့်​...။

အသိတရားရဖွယ်​..
သံ​ဝေဂယူဖွယ်​...
လေးစား​လောက်​ဖွယ်​ ဘဝတစ်​ခုရဲ့ အတ္ထုပ္ပတ္တိစာအုပ်​ တစ်​အုပ်​ဖြစ်​ပြီး ဖတ်​သင့်​တဲ့ စာအုပ်​တစ်​အုပ်​ ဖြစ်​တဲ့ အ​ကြောင်း ညွှန်းဆိုရင်း...
သူမရဲ့ ၁၆နှစ်​တာ ခရီးကြမ်းနဲ့ ၁၆နှစ်​တာမှာ တစ်​ရက်​မပြတ်​ စွဲလမ်းခဲ့ရတဲ့ အရာတစ်​ခုအ​ပေါ် ​ပေးဆပ်​ရမှု​တွေကို ဖတ်​ရှု့ကြည့်​ကြဖို့ တိုက်​တွန်းပါရ​စေ..

၂၀၀၄ခုနှစ်​ ကံ့​ကော်​ဝတ်​ရည်​ရဲ့ ပထမအကြိမ်​ မူအတိုင်း
၂၀၁၇ ​ဖေ​ဖော်​ဝါရီလမှာ စိတ်​ကူးချိုချိုက​နေ ဒုတိယအကြိမ်​ ရိုက်​နှိပ်​ထားပြီး ​ရောင်း​ဈေး ၃၃၀၀နဲ့ စာမျက်​နှာ ၃၀၇ မျက်​နှာရှိပါတယ်​။

I'm ATM.
(Review ​​ရေးရုံနဲ့ မပြည့်​စုံတဲ့ စာအုပ်​​ကောင်းတစ်​အုပ်​မို့ အမှားအယွင်း​နဲ့ ချွတ်​ယွင်းအားနည်းချက်​များပါခဲ့​သော်​ ကျွန်​မ၏အားနည်းချက်​သာ....) image

Leave Read to:

Written by

Read more #esteem posts


Best Posts From ayethatmon

We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ayethatmon