အမည်မဲ့
ကျွန်မတို့က ရုပ်ဝတ္ထုလောကနဲ့ ကင်းကွာဖို့ သင်ကြားမခံခဲ့ရဘူး။ကိုယ်တိုင်းလည်း မသင်ယူခဲ့ဘူး။
လူ့ပတ်ဝန်းကျင်ဖြစ်စဉ်တစ်ခုထဲမှာ ရုပ်ဝတ္ထုတွေကို ရှာဖွေဖို့တွေပဲ သင်ကြားခံခဲ့ကြရတာ။
အဲ့ဒါကိုပဲ တတ်မြောက်ခဲ့တယ်ပဲ ဆိုပါစို့။
ဒါဟာ လူတစ်ယောက်အတွက်တော့ အညမညဖြစ်စဉ်တစ်ခုပါပဲ။
လူတစ်ယောက်ဖြစ်မယ်..။
ရှင်သန်မယ်..
လူ့လောကထဲက လူတိုင်း စိတ်ဝင်စားကြတဲ့အရာတွေကို လိုက်ပြီးစိတ်ဝင်စားမယ်။အဲ့ဒီစိတ်ဝင်စားခံဖြစ်ဖို့ ကြိုးစားကောင်း ကြိုးစားဖြစ်မယ်။
ဒါက ဖြစ်စဉ်တစ်ခုပါပဲ။
ပြီးတော့ ရှောင်လွှဲလို့မရနိုင်တဲ့ ရှင်သန်မှုအတွက်လည်း ကိုယ်တိုင်ပဲ ရှာဖွေတည်ဆောက်ကြရသေးတယ်။
ရုပ်ဝတ္ထုတွေကို ကင်းကွာဖို့ ကြိုးစားနေပါတယ်လို့ ဘယ်လောက်ပဲပြောပါစေ..။ဒီ စားဝတ်နေရေးဆိုတဲ့ အခြေခံအကျဆုံး ရှင်သန်မှုအတွက်ကတော့ မဖြစ်မနေ အချိန်ပေးကြရတာချည်းပါပဲ။
စားဝတ်နေရေးကနေ လုံလောက်ဖို့ ကြိုးစားရတယ်..။
လုံလောက်ပြီးရင် ဖူလုံဖို့ ကြိုးစားကြတယ်။
ဖူလုံပြီဆိုရင် တိုးပွားများပြားဖို့ ကြံဆကြပြန်တယ်..။
အဲ့ဒီကနေ ရုပ်ဝတ္ထုတွေအပေါ် အလေးပေးမှုကတဆင့် ရုပ်ဝတ္ထုတွေက ကျွန်မတို့ဘဝတွေ အပေါ် ပိုပြီး လွှမ်းမိုးလာကြတော့တာပဲ..။
ပြီးတော့ တဆင့်ချင်းဖြစ်လာတဲ့ ဆင့်ကဲ မျိုးဆက်တွေအပေါ် သက်ရောက်နေတော့တာပါပဲ..။
ရုပ်ဝတ္ထုတွေ..
ရုပ်ဝတ္ထုတွေအပေါ် မက်မောစိတ်တွေနဲ့ ကင်းကွာနေတဲ့လူဆိုတာတော့ မရှိသလောက်ရှားပါတယ်။
သူတို့ကိုကတော့ ရောင့်ရဲကျေနပ်သူတွေလို့ အမည်တပ်လိုက်ကြတာပေါ့..။
တကယ်တော့သူတို့က လုံလောက်မှုအဆင့်မှာ ရပ်တန့်ပစ်လိုက်သူတွေပါ..။
ပြီးတော့ အဲ့ဒီအချိန်တွေကို အခြားနေရာတွေမှာ အသုံးချကြတယ်လို့ပဲ ရှင်းရှင်းလေး ဆိုကြပါစို့လေ..။
ရုပ်ဝတ္ထုလောကကြားထဲမှာ မူကွဲရှာဖွေသူတွေ အဖြစ် သူတို့က ထူးဆန်းကြတယ်။ပြီးတော့ ရူးနှမ်းကြတယ်လို့လည်း အမည်တပ်ခံရနိုင်တာပေါ့..။
အဲ့ဒီအထဲက ရုပ်ဝတ္ထုဝန်းကျင်အပေါ် ရပ်တန့်ခြင်းကို ကောင်းကောင်းသိသူတွေကတော့ တကယ့်ကိုပဲ ပြောင်မြောက်သူတွေ ဖြစ်လာကြတော့တာပါပဲ..။
Leave အမည်မဲ့ to:
Read more #esteem posts
Best Posts From ayethatmon
We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.