အတွေး
ကကြီး..ခခွေးပဲ တတ်တယ်..
ကကြီး ခခွေးပဲ ဖတ်မယ်...
ကကြီး ခခွေးနဲ့ ရေးမထားရင် စာအုပ်တန်ဖိုးဘယ်လောက်ကြီးကြီး အိမ်သာသုံးစက္ကူအဆင့်ပဲ သိတယ်....
ကိုယ်နားလည်တာ ကိုယ်ဖတ်မှာပဲ...။
တတ်မှ မတတ်တာ..
သင်လည်း မသင်ဖူးဘူး..။
မသင်တော့ မတတ်ဘူး..
တတ်ဖို့လည်း မကြိုးစားမိဘူး..
ကကြီးခခွေးတွေ ဖတ်လို့မကုန်လို့...
ကိုယ်နားလည်တာက ဗုဒ္ဓပုံတော်နဲ့ စာအုပ်ဆို ဘုရားစင်ပေါ်မှာ ဖုံအလိမ်းလိမ်းနဲ့ရှိမယ်။ဘုရားရှိခိုးတဲ့အခါ ရောပြီး ရှိခိုးခံရမယ်..။
အောက်စဖို့စ် တက္ကသိုလ်က ပြဋ္ဌာန်းစာအုပ်ဖြစ်နေပါစေ ကိုယ် မဖတ်တတ်တဲ့ စာအုပ် ချောင်ထိုးခံရမယ်..။
ကိုယ်ကြိုက်တဲ့စာအုပ် တယုတယနဲ့ ပြုစုခံရမယ်...။
စာပေတန်ဖိုး ဘာလဲဆိုတာတော့ မသိဘူး..
စာအုပ်တန်ဖိုး ဘာလဲဆိုတာ သိတယ်...။
အသစ်အဆန်းအဝတ်အစားတွေအစား၊ သိပ်ကြိုက်တဲ့ အစားအသောက်တွေအစား နေရာယူလာတဲ့ စက္ကူတွေ..စာလုံးတွေ..။
ဘယ်လောက်အငတ်ခံရသလဲသိတယ်။
ဘယ်လောက်ကြပ်တည်းသလဲ နားလည်တယ်..။
ဒါပေမယ့် ကိုယ်သိတဲ့ ကကြီး ခခွေးထက် ဘယ်ဟာ ဘယ်လောက်ကြီးကြီး မသိဘူး..။
ကိုယ်သိသလောက်ဟာ ကိုယ့်မြတ်နိုးရာပဲ...
ကကြီးခခွေးထက် ပိုကောင်းတယ်ဆိုတဲ့ စာအုပ်ဟာ ကိုယ့်အတွက်တော့ ခေါင်းအုံးပဲ..။
ဟိုဘဲကြီး သုံးလေးပွေက စာအုပ်တွေ တရစပ်ညွှန်းကြတော့ လိုက်ဖတ်ရတာ မျောက်လုံးတောင် မျက်မှန်နား ကပ်လာပြီ..။
တစ်ရက်တစ်ရက် စာအုပ်လုပွဲထဲ ဝင်နွှဲရတာ လူလည်း နှုတ်သီးတောင် ချွန်လာပြီ...။
သူတို့ အဖိုးတွေ ဘကြီးတွေနဲ့လည်း အမျိုးတော်လုလု ဖြစ်လာပြီ....
အေးလေ...
ကကြီး ခခွေးလည်း နည်းနည်းတော့ အေဘီစီ ဆန်လာတာ ဖြစ်မှာပေါ့....😜😜😜
( ချစ်သူက ပုံတင်တာ မကြိုက်ဘူး တဲ့..😜😜)
I'm ATM.
Leave အတွေး to:
Read more #esteem posts
Best Posts From ayethatmon
We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.