ayethatmon avatar

စာ​ရေးခြင်း

ayethatmon

Published: 27 Aug 2019 › Updated: 27 Aug 2019စာ​ရေးခြင်း

စာ​ရေးခြင်း

အနီးမှုန်​​တွေ မဖြစ်​​စေလို..

လူ​တွေဟာ အရာဝတ္ထုတစ်​ခုခုကို မျက်​လုံးနဲ့အရမ်းကပ်​ပြီး ကြည့်​လိုက်​တဲ့အခါ အမြင်​​တွေဟာ ဝါးသွားတယ်​။မထင်​ရှား​တော့ဘူး အနီးကပ်​​တွေဆို မမြင်​ရ​တော့ဘူး..။
အဲ့ဒါ​ကြောင့်​ နည်းနည်း​လေး ခွာပြီး ကြည့်​ရတယ်​..
(စာလုံး​တွေကိုနီးနီးကပ်​ကပ်​ ကြည့်​ကြည့်​ပါ)

အဲ့ဒီလိုပဲ လူ​တွေဟာ ကိုယ့်​အနီးအပါးမှာ အချိန်​တိုင်း အချိန်​တိုင်း ရှိ​နေခဲ့ရင်​ ​သူ့​ကျေးဇူး​တွေက ​နေ့စဉ်​နဲ့အမျှ မြင်​​တွေ့​နေရလို့ ရိုးသွားတယ်​။ ​ကျေးဇူးလို့ မထင်​​တော့ဘူး..။

ဥပမာ လမ်းမှာ​တွေ့တဲ့ လူကြီးတစ်​​ယောက်​က မုန့်​ဖိုး ငါး​ထောင်​​ပေးရင်​ က​လေးတို့ အရမ်း​ပျော်​သွားကြတယ်​ မဟုတ်​လား..။
ဒါ​ပေမယ့်​ အ​မေက ​နေ့တိုင်း မုန့်​ဖိုး တစ်​ရာတစ်​ရာ ​ပေး​နေ​တာကျ​တော့ မ​ပျော်​​တော့ဘူး။ အ​မေက မုန့်​ဖိုးတစ်​ရာ မ​ပေးရင်​​တောင်​ စိတ်​​ကောက်​လိုက်​ကြ​သေးတယ်​ မဟုတ်​လား။
စဉ်းစားကြည့်​​နော်​ လမ်းမှာ တစ်​ခါပဲ ​တွေ့ပြီး မုန့်​ဖိုး ငါး​ထောင်​​ပေးတဲ့လူက တစ်​ခါပဲ ​ပေးတာ..
အ​မေက တစ်​ရက်​ကို မုန့်​ဖိုး တစ်​ရာတစ်​ရာကို ​နေ့တိုင်း ​ပေးတာ ။ တစ်​နှစ်​မှာ ၃၆၅ ရက်​ရှိတယ်​ဆိုရင်​ အ​မေက မုန့်​ဖိုး တစ်​ရက်​တစ်​ရာ​ပေးရင်​ တစ်​နှစ်​လုံးအတွက်​ က​လေးတို့ကို အ​မေက မုန့်​ဖိုး ၃၆၅၀၀ ​ပေးတာ​လေ..။
အ​မေ​ပေးတဲ့ မုန့်​ဖိုး ၃၆၅၀၀ နဲ့ က​လေးတို့ကို တစ်​ခါပဲ ​ပေးသွားတဲ့ ၅၀၀၀ နဲ့ ဘယ်​ဟာက ပိုမျသလဲ..။

အေး.. အနီးကပ်​​နေလို့ မမြင်​လိုက်​မိတဲ့ ​ကျေးဇူးဆိုတာ အဲ့ဒါပဲ..။

နောက်​ တစ်​ခုက က​လေးတို့ ​ဘေးနားမှာ သူငယ်​ချင်း​တွေရှိမယ်​။ ​နေ့တိုင်း ​နေ့တိုင်း ​ခေါ်​နေကျ သူငယ်​ချင်း​တွေဆိုရင်​ သူနဲ့ အရမ်းခင်​မှန်းလည်း သတိမထား​တော့ဘူး။ သူ့ဆီက ခဲချွန်​ဓား ငှါးတာ၊ ခဲဖျက်​​လေးငှါးတာ၊ ​နေ့တိုင်း ​နေ့တိုင်း သင်္ချာပြ​ပေးတာ၊ အင်္ဂလိပ်​စာ ပြ​ပေးတာ ​တွေကို ​မေ့​နေတတ်​ကြတယ်​..။ တစ်​ခါတ​လေမှ​လေး က​လေးတို့ကို မုန့်​​ကျွေးတတ်​တဲ့ စာ​တွေပြ​ပေးလိုက်​တတ်​တဲ့ ဟိုးဖက်​အတန်းကြီးက အစ်​ကို ဒါမှ မဟုတ်​ အစ်​မကြီးက ပိုပြီး ခင်​စရာ​ကောင်း​နေတယ်​လို့ က​လေးတို့ ထင်​​နေမိတတ်​ကြတယ်​။
အဲ့ဒါက တစ်​ခါတ​လေ​လေ..ကိုယ့်​​ဘေးနားက သူငယ်​ချင်းက အမြဲတမ်းစာအတူကျက်​ အတူကစား အတူစား​နေကြသူ​တွေ​လေ..
တစ်​ခါတ​လေ​လေး ​တွေ့ဆုံတတ်​တဲ့သူကို​တောင်​ ခင်​စရာ​ကောင်းတယ်​ ​ကျေးဇူးတင်​စရာ​ကောင်းတယ်​လို့ ​တွေးမိ​သေးရင်
ကိုယ့်​​ဘေးနားက သူငယ်​ချင်းက ပိုခင်​စရာ မ​ကောင်းဘူးလား..ပို​ကျေးဇူတးင်​စရာ မ​ကောင်း​ဘူးလား..

ဆရာ ဆရာမ​တွေဆိုလည်း ဒီလိုပဲ။
ဒီဆရာမနဲ့ အမြဲသင်​​နေရလို့ ဆရာသင်​တာ မရှင်းလို့ ဆရာမက ​အော်​ဆဲမိလို့ ဆရာမကို စိတ်​ဆိုးမိမယ်​။
တစ်​ခါတ​လေ လာသင်​​ပေးတဲ့ ဆရာ ဆရာမက ပိုသ​ဘော​ကောင်းတယ်​လို့ ထင်​မိမယ်​..။
ဆရာမက​ရော သ​ဘော​ကောင်းတဲ့ အချိန်​​တွေ မရှိဘူးလား..။ စာကို ရှင်း​အောင်​ သင်​​ပေးလိုက်​တဲ့ အချိန်​​တွေ ရှိ​နေတယ်​ မဟုတ်​လား..။
အဲ့ဒါ​တွေက ​နေ့စဉ်​နဲ့အမျှကြုံ​တွေ့​နေရတာမို့ ​ကျေးဇူးတင်​စရာ မ​ကောင်းဘူးလို့ ​ပြောလို့မရဘူး​နော်​..။

ဘာ​ကြောင့်​လဲဆို​တော့ ​နေ့စဉ်​နဲ့အမျှ ထိ​တွေ့​နေရလို့ အနီးမှုန်​​လေး​တွေ ဖြစ်​ကုန်​တာ..
ဲအဲ့ဒီ​တော့ အဲ့ဒီလို ​နေ့စဉ်​နဲ့အမျှ ထိ​တွေ့​နေရသူ​တွေကို ​ကျေးဇူးမကန်းဖို့ ​ကျေးဇူးသိတတ်​ဖို့ ကြိုးစားကြပါ..
အနီးမှုန်​​လေး​တွေ မဖြစ်​ကြဖို့ ကြိုးစားကြပါလို့ ​ပြောချင်​တယ်​ ဟုတ်​ပြီလား... image

Leave စာ​ရေးခြင်း to:

Written by

Read more #esteem posts


Best Posts From ayethatmon

We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ayethatmon