Resd book
များပြားလွန်းတဲ့ ဇာတ်ကောင်တွေ....
ရှုပ်ထွေးလှတဲ့ လူမျိုးတွေ..
ဇာတ်ကွက်တွေကြားထဲက ခေတ်ဆိုးရဲ့ ပုံရိပ်တွေ...
ဇာတိမာန်တွေနဲ့ တက်ကြွနေကြတဲ့ တိုင်းရင်းသားများစွာတွေ..
အဲ့ဒီအထဲက သိပ်ကို စိတ်ဓာတ်သေးသိမ်ညံ့ဖျင်းလွန်းသူတွေရဲ့ သူရဲဘောကြောင်မှုတွေ....
မတည်မြဲတဲ့ ဘဝရဲ့သဘောတရားတွေ..
သစ္စာတရားတွေ...
တိုင်းရင်းသားတွေရဲ့ ရိုးသားမှုကို ဖြတ်နင်းခဲ့ကြတဲ့ နယ်ချဲ့တွေ...
ရိုးရာဓလေ့တွေ အစဉ်အလာတွေ သယံဇာတ ကြွယ်ဝမှုတွေနဲ့ ပြည့်ဝခဲ့တဲ့ နယ်မြေတွေ...
ဒီစာအုပ်ကို ဖတ်လိုက်တဲ့အခါ အချို့ အဖြစ်အပျက်တွေဟာ အဖိုးတို့အဖွားတို့ရဲ့ အတွေ့အကြုံတွေအများအပြားပါနေတာ တွေ့ရတယ်..။
ကချင်ပြည်နယ်က ဒေသများစွာကို ကျင်လည်စွာရေးဖွဲ့ထားတာ တွေ့ရတယ်..။
တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များစွာကို ထည့်သွင်းရေးဖွဲ့ထားတာဖြစ်တယ်..။
ရွာနာမည်အစစ်အမှန်တွေနဲ့ ရေးထားတာ ဖြစ်တယ်..။
မိုးကောင်းမြို့ဟာ လေးခါလောက် ပြောင်းရွေ့တည်ခဲ့တယ်လို့ ကြားဖူးတယ်..၊
ဒီဝတ္ထုဟာ ဒုတိယတည်တဲ့ မိုးကောင်းမြို့ဝန်းကျင်မှာ အခြေခံတယ်..။မင်းတုန်းမင်းလက်ထက်ကနေ သီပေါမင်း ပါတော်မူပုံပြီးအထိ ခင်းကျင်းထားတယ်။
ကိုလိုနီ ဆန်ကျင်ရေး တိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို ထဲထဲဝင်ဝင်လေ့လာနိုင်တယ်..။
ဒီဝတ္ထုထဲက မင်းလောင်း မောင်သိုက်ဆိုတဲ့လူဟာ တကယ်ရှိတယ်ဆိုတာ အဖွားပြောပြဖူးတယ်..။အမေ့ရဲ့အမေ ကျွန်မတို့အဖွားက မင်းလောင်းမောင်သိုက်နေခဲ့တဲ့ နန့်စော်လော်ဇာတိဖြစ်တယ်။အခု အသက(်၈၈)နှစ်နဲ့ သက်ရှိထင်ရှားရှိနေဆဲဖြစ်တယ်။
အင်္ဂလိပ်တွေ ဖမ်းပြီး သတ်လိုက်တယ်ဆိုတာလည်း အမှန်ပဲလို့ဆိုတယ်။ကိုယ်တိုင်မြင်ဖူးတာလား၊ခေတ်တစ်ဆက်လောက်နောက်ကျပြီးမှ ကြားဖူးတာလားဆိုတာတော့ သေချာမမေးမိဘူး။
ဒီဝတ္ထုဟာ ထင်ထားတာထက် ပိုပြီး လေးနက်နေတယ်။ကျွန်မတို့ ဒေသဝန်းကျင်ဆီမှာ အခြေခံထားတာမို့ ပိုပြီး စူးစူးစိုက်စိုက် ဖတ်မိတယ်..။
ကျွန်မတို့ ကျောင်းမှာ သင်ခဲ့ရတဲ့ သမိုင်းဆိုတဲ့ သင်ခန်းစာကို ကျက်ခဲ့တုန်းကထက် ပိုတဲ့ သမိုင်းသင်ခန်းစာတွေကို ရလိုက်တယ်..။
ဒီဝတ္ထုထဲမှာ ဇာတ်ကောင်တွေပါတယ်။ဇာတ်လမ်း ဇာတ်ကွက်တွေပါတယ်။လေးနက်မှုတွေပါတယ်။ သမိုင်းအထောက်အထားတွေပါတယ်..။
ထင်မှတ်မထားမှုတွေပါတယ်..။
ကျွန်မကတော့ ကိုယ့်ဒေသက အဖြစ်အပျက်တွေ ကြားဖူးနားဝတွေ ပိုပြီး ပါနေတာမို့ တအံ့တသဖြစ်ရတယ်...။ဆရာနတ်နွယ်က မြစ်ကြီးနားသားမို့ ဒီလောက်စေ့စပ်သေချာတာလားလို့ တောင် ထင်မိတယ်..။
တကယ်က ဆရာနတ်နွယ်ရဲ့ စူးစိုက်မှုတွေ အားထုတ်မှု က ပိုပြီး ချီးကျူးဖွယ်ကောင်းနေတာပါ။အချက်အလက်တွေ စုဆောင်းထားတာကို လက်ဖျားခါမိတယ်။
အများကြီးမှ တကယ့်ကို အများကြီးလေ။
မတူညီတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လေယူလေသိမ်းတွေ၊ရိုးရာဓလေ့တွေကို အသေးစိတ်ရေးထားနိုင်တာနဲ့ကို ချီးကျူးမိတယ်..။
မြန်မာပြည် မြောက်ပိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ တကယ်ရှိတဲ့ ဒေသတွေ၊ တကယ်လှုပ်ရှားခဲ့တဲ့ တော်လှန်ရေးတွေနဲ့ တကယ့်ကို ရှည်လျားပြီးအားပါးတရဖတ်ရတဲ့ ဆရာနတ်နွယ်ရဲ့ ရှားရှားပါးပါးပင်ကိုယ်ရေး ဝတ္ထုရှည်တစ်ပုဒ်ဆိုတာပဲ ပြောနိုင်တော့တယ်။
(စာအုပ်ပို့ပေးလိုက်တဲ့ ဒေါက်စည်
I'm ATM.
Leave Resd book to:
Read more #esteem posts
Best Posts From ayethatmon
We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.