Myan Crypto avatar

ရှယ်ပေါ့

myancrypto

Published: 04 Oct 2024 › Updated: 04 Oct 2024ရှယ်ပေါ့

ရှယ်ပေါ့

Latin America မှာ အကြီးဆုံး crypto exchange တခုဖြစ်တဲ့ Mercado နဲ့ Ripple တို့ ပူးပေါင်းပြီး Brazil နိုင်ငံတွင်း crypto payment တွေ လက်ခံလို့ရနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ crypto payment တွေ အပြန်အလှန်သုံးလို့ရနိုင်ဖို့အတွက် အဓိကရည်ရွယ်သလို နိုင်ငံတကာငွေပေးချေမှုတွေမှာလည်း 24/7 အချိန်ပြည့်ငွေပေးချေမှုတွေ လုပ်လို့ရနိုင်မှာဖြစ်ကြောင်း ဆိုထားပါတယ်။

လောလောဆယ်မှာတော့ စီးပွားရေးနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကိုပဲ service ပေးဖို့ ရှိနေပြီး Mercado Bitcoin ကနေ Mercado Bitcoin Portugal တို့အကြားမှာ ငွေပေးချေမှုတွေပြုလုပ်ရင်း စမ်းသပ်သွားမှာပါ။

2024 ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ အဖွဲ့အစည်းတွေ သုံးရနိုင်ဖို့အတွက်ကို launch လုပ်နိုင်မယ်လို့ မျှော်မှန်းထားပြီး နောက်ပိုင်းတွေမှာ တသီးပုဂ္ဂလအသုံးပြုသူတွေကိုပါ service ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Mercado Bitcoin ဟာ Latin America ရဲ့ အကြီးဆုံး crypto exchange တခုဖြစ်ပြီး user ပေါင်း 4 million အထိ ရှိနေသလို Mastercard လိုမျိုး payment provider တွေနဲ့လည်း partnership တွေ ရှိထားခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ crypto ကို နယ်စပ်ဖြတ်ကျော်ငွေလွှဲဝန်ဆောင်မှုတွေမှာ တရားဝင်ဖြစ်အောင် ကြိုးစားမှုတွေ အတော်များများတွေ့လာရပြီး Russia ဆိုရင်လည်း အစိုးရပိုင် crypto exchange ထောင်ပြီး နိုင်ငံတကာငွေပေးချေမှုတွေမှာ crypto ကို အသုံးချဖို့ ကြိုးစားလာတာကို တွေ့နေရပါတယ်။

Reference Link: https://cointelegraph.com/news/ripple-mercado-bitcoin-launch-crypto-payments-brazil

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Leave ရှယ်ပေါ့ to:

Written by

Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Read more #hive-122133 posts


Best Posts From Myan Crypto

We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myan Crypto