လိမ်နည်းစုံလင်
Coinbase website အတုလုပ်ပြီး $20 million အထိ cryptocurrency တွေ လိမ်လည်သွားခဲ့သူ India နိုင်ငံသားတဦး ထောင်ဒဏ် 5 နှစ်အထိ ချမှတ်ခံလိုက်ရပါတယ်။
Chirag Tomar ဆိုတဲ့ 31 နှစ်အရွယ်ပုဂ္ဂိုလ်ဟာ Coinbase website အတုကနေတဆင့် user ပေါင်း ရာနဲ့ချီဆီကနေ $20 million ကျော် လိမ်လည်သွားခဲ့တာပါ။ ခိုးရာပါပိုက်ဆံတွေနဲ့ Lamborghini နဲ့ Porsches လိုမျိုး ဇိမ်ခံကားတွေ၊ ဇိမ်ခံပစ္စည်းတွေဝယ်ယူခဲ့သလို ထိုင်းနဲ့ ဒူဘိုင်းတို့ကိုပါ အပျော်ခရီးတွေ ခေါက်တုံ့ခေါက်ပြန်ထွက်ခဲ့ပါသေးတယ်။
ဒါပေမယ့် 2023 ခုနှစ် December လ 20 ရက်နေ့မှာတော့ US Atlanta လေဆိပ်မှာ အဖမ်းခံခဲ့ရပြီး 2024 ခုနှစ် May လမှာတော့ ငွေကြေးလိမ်လည်မှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
Tomar နဲ့ သူ့ရဲ့ အပေါင်းအသင်းတွေဟာ 2021 ခုနှစ် June လလောက်မှာတည်းက Coinbase Pro website ကို ဆင်တူယိုးမှား URL တခုဖန်တီးပြီး လိမ်လည်ခဲ့ကြတာပါ။ User တွေဟာ အတုကို အစစ်လို့ထင်ပြီး သူတို့ရဲ့ email နဲ့ password တွေ၊ 2FA code တွေ ထည့်ပြီး login ဝင်ကြတဲ့အခါမှာတော့ Coinbase account အစစ်ကို လူလိမ်လက်ထဲ ထည့်ပေးလိုက်သလိုဖြစ်သွားတော့တာပါပဲ။
ဒီလိုလိမ်လည်နည်းတွေအပြင် Tomar တို့ဟာ customer service agent တွေအယောင်ဆောင်ပြီးတော့လည်း user တွေရဲ့ device ကို အဝေးကနေ လှမ်းထိန်းချုပ်ခွင့်တောင်းပြီး crypto တွေ ခိုးယူခဲ့ပါသေးတယ်။ North Carolina က user တယောက်ဆိုရင် Tomar တို့လက်ချက်နဲ့ $240,000 အထိ ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် user တွေအနေနဲ့ ကိုယ်သုံးနေတဲ့ website တွေဟာ အစစ်ဟုတ်၊ မဟုတ်ကို အထူးသတိထားကြဖို့ လိုအပ်ပြီး .com .org .io တို့လိုမျိုး domain extension တွေကို သေချာစစ်သင့်ပါတယ်။ ဒါ့အပြင် app တွေ၊ software တွေဟာလည်း ယုံကြည်စိတ်ချရတဲ့ တရားဝင် app တွေ၊ software တွေ ဟုတ်၊ မဟုတ် စစ်ဆေးကြဖို့ လိုအပ်ပါတယ်။
Reference Link: https://www.theblock.co/post/321928/fake-coinbase-scam-sentencing
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
Leave လိမ်နည်းစုံလင် to:
Read more #hive-122133 posts
Best Posts From Myan Crypto
We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.