Myan Crypto avatar

နို့

myancrypto

Published: 09 Sept 2024 › Updated: 09 Sept 2024နို့

နို့

Stablecoin USDT ထုတ်တဲ့ Tether company ဟာ Argentina ရဲ့ နို့ထုတ်လုပ်ရေးလုပ်ငန်းစုတခုမှာ $100 million ရင်းနှီးမြှုပ်နှံပြီး company ရှယ်ယာ 9.8% ကို ဝယ်ယူလိုက်ပါတယ်။

2002 ခုနှစ်တည်းက စတင်တည်ထောင်ခဲ့တဲ့ Adecoagro ဟာ တနေ့ကို နို့ litre 5 သိန်းခွဲအထိ ထုတ်လုပ်နိုင်နေပြီး Brazil မှာလည်း သကြားနဲ့ စွမ်းအင်ထုတ်လုပ်ရေးနယ်ပယ်ထဲကိုပါ ဝင်ရောက်ခဲ့ပါတယ်။

အခုချိန်မှာ Tether company ကလည်း Adecoagro ဆီမှာ ရင်းနှီးမြှုပ်နှံလိုက်ပြီဖြစ်သလို Tether ဟာ stablecoin ထုတ်တဲ့နေရာမှာ ဆရာတဆူဖြစ်တာကြောင့် RWA (Real World Assets) ပိုင်းကိုသွားဖို့အတွက် Adecoagro ဆီမှာ မြေစမ်းခရမ်းပျိုးဖို့ စီစဉ်နေတာလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

Adecoagro အခြေစိုက်ထားတဲ့ Argentina နိုင်ငံအစိုးရဟာလည်း blockchain နည်းပညာပိုင်းကို စိတ်ဝင်စားနေပြီး နိုင်ငံတွင်းမှာ အသုံးချဖို့ နည်းလမ်းတွေကို ရှာဖွေနေတာကြောင့် Tether တို့ Argentina မှာ RWA တွေ စတင်လာနိုင်ခြေရှိပါတယ်။

RWA ဆိုတာကတော့ အပြင်လောကက တန်ဖိုးရှိပိုင်ဆိုင်မှုတွေ (ဥပမာ အိမ်ခြံမြေ၊ ဆန်စပါး၊ လောင်စာဆီ) ကို blockchain ပေါ်တင်ပြီး အရောင်းအဝယ်လုပ်လို့ရနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ RWA တွေဟာ အခုချိန်မှာ မြေစမ်းခရမ်းပျိုးနေတဲ့အနေအထားတခုမှာသာရှိနေသးပြီး ဥပဒေပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ရှိနေနိုင်သေးတာကြောင့် ပုံမှန် crypto တွေလောက် မတွင်ကျယ်လာသေးပါဘူး။

Reference Link: https://cointelegraph.com/news/tether-100-m-stake-adecoagro

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Leave နို့ to:

Written by

Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Read more #hive-122133 posts


Best Posts From Myan Crypto

We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myan Crypto