နောက်ထပ် ခြေလှမ်း
US အခြေစိုက် ငွေပေးချေဝန်ဆောင်မှုပေးတဲ့ Stripe company ဟာ stablecoin platform တခုဖြစ်တဲ့ Bridge ကို $1.1 billion အထိ ပေးပြီး ဝယ်ယူလိုက်ပါတယ်။ Bridge ဟာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ stablecoin တွေနဲ့ ငွေလက်ခံချင်ရင် လက်ခံလို့ရအောင် ဝန်ဆောင်မှုပေးတဲ့ software company တခုဖြစ်ပြီးတော့ Stripe ရဲ့ Bridge ကို ဝယ်ယူလိုက်မှုဟာ crypto နယ်ပယ်ထဲ ခြေဆန့်ဝင်လာတော့မယ့် အရိပ်အယောင်တခုလည်းဖြစ်နိုင်ပါတယ်။
ဒါ့အပြင် Bridge ကို $1.1 billion နဲ့ ဝယ်ယူလိုက်တာဟာ Stripe ရဲ့ သမိုင်းတလျှောက်မှာတော့ ဈေးအကြီးဆုံးဝယ်ယူမှုတခုလည်းဖြစ်သလို crypto နယ်ပယ်မှာလည်း အကြီးဆုံးဝယ်ယူမှုတွေထဲက တခုဖြစ်လာခဲ့ပါတယ်။ Bridge ဟာ စွန့်ဦးတီထွင်သူ 2 ဦးဖြစ်တဲ့ Sean Yu နဲ့ Zach Abrams တို့ရဲ့ လက်ရာဖြစ်သလို Zach Abrams ဟာ Coinbase ဝန်ထမ်းဟောင်းတဦးလည်းဖြစ်ပါတယ်။
ဒီပုဂ္ဂိုလ် 2 ဦးဟာ အရင်ကလည်း Venmo နဲ့ ပြိုင်ဖက်ဖြစ်လာမယ့် Evenly ကို Block ဆီကို ထုတ်ရောင်းခဲ့ဖူးသေးတာကြောင့် ငွေပေးချေဝန်ဆောင်မှုတွေနဲ့ အတော်လေးအကျိုးပေးတဲ့သူတွေလို့ ဆိုရမှာပါ။
အခု Bridge ကတော့ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ $58 million အထိ funding ရရှိထားပြီး Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရတော့ company တန်ဖိုးဟာ $200 million မှာ ရှိနေပါတယ်။ ဒါပေမယ့် Stripe က $1.1 billion အထိ ပေးဝယ်ခဲ့တာကြောင့် company တန်ဖိုးဟာ 5 ဆလောက်အထိ တက်သွားခဲ့ပြီး Stripe အနေနဲ့ သူတို့ရဲ့ USDC ငွေပေးချေဝန်ဆောင်မှုတွေနေရာမှာ Bridge ကို ထည့်သုံးလာနိုင်ပါတယ်။
လောလောဆယ်မှာလည်း Stripe ဟာ US က စီးပွားရေးလုပ်ငန်းတွေကို Ethereum၊ Solana နဲ့ Polygon network တွေပေါ်ကနေ USDC နဲ့ ငွေလက်ခံနိုင်ဖို့ ဝန်ဆောင်မှုပေးနေပြီး Coinbase exchange နဲ့လည်း partnership တွေရှိထားပါတယ်။
Reference Link: https://www.theblock.co/post/322144/stripe-acquires-stablecoin-platform-bridge-for-1-1-billion-in-cryptos-largest-acquisition-techcrunch
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
Leave နောက်ထပ် ခြေလှမ်း to:
Read more #hive-122133 posts
Best Posts From Myan Crypto
We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.