Myan Crypto avatar

ခုတော့ ပြေးနေရပြီ

myancrypto

Published: 23 Oct 2024 › Updated: 23 Oct 2024ခုတော့ ပြေးနေရပြီ

ခုတော့ ပြေးနေရပြီ

HBO ရဲ့ Satoshi Nakamoto ကြီး Peter Todd ပြေးနေရပါပြီ။ HBO ရဲ့ မှတ်တမ်းရုပ်ရှင်အသစ်မှာ Bitcoin ရဲ့ ဖန်တီးရှင်ကြီး Satoshi Nakamoto ဟာ Peter Todd ဖြစ်ကြောင်း နာမည်တပ်ခံလိုက်ရပြီးနောက်မှာ သူ့ကို ဘေးလွတ်ရာရှောင်နေဖို့အတွက် တိုက်တွန်းမှုတွေရှိနေကြောင်း Peter Todd က ဆိုလာပါတယ်။

Peter Todds ဟာ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တယ်ဆိုတာကလည်း ရုပ်ရှင်ဟာ Satoshi Nakamoto က ဘယ်သူပါလို့ နာမည်တပ်ဖို့မဟုတ်ဘဲ Bitcoin ရဲ့ သမိုင်းကြောင်းကို ရိုက်ကူးပြမယ်လို့ ထင်ခဲ့တာကြောင့်သာ ပါဝင်ခဲ့တာဖြစ်ကြောင်း ပြန်ရှင်းထားပါတယ်။

Peter Todd က သူဟာ Satoshi Nakamoto မဟုတ်ပါကြောင်း မှတ်တမ်းရုပ်ရှင် မထွက်ခင်မှာရော၊ ထွက်အပြီးမှာပါ တောက်လျှောက်ငြင်းဆိုထားပေမယ့် တကြိမ်မှာတော့ သူဟာ Satoshi ဖြစ်ပါကြောင်း X ပေါ်မှာ tweet ထားခဲ့ဖူးပါတယ်။
ဒါပေမယ့် အခုလို HBO ရဲ့ လက်ချက်ကြောင့် သူဟာ အန္တရာယ်ရှိနေပြီဖြစ်သလို ပြန်ပေးဆွဲခံရတာ၊ ဓားပြတိုက်ခံရတာတွေဖြစ်လာနိုင်တဲ့အပြင် အစိုးရတွေရဲ့ ဖမ်းဆီးစစ်ဆေးတာတွေကိုပါ ခံရလာနိုင်ပါတယ်။

ဒါကြောင့် ဘယ်သူကမှ ဘယ်သူ့ကို Satoshi Nakamoto ပါလို့ နာမည်တပ်တာမျိုးမလုပ်သင့်သလို နာမည်တပ်ခံရသူဟာလည်း ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့ပိုများပြီး crypto industry အတွက်လည်း ကောင်းကွက်နည်းနိုင်ပါတယ်။

Reference Link: https://cointelegraph.com/news/peter-todd-forced-hiding-hbo-doc-claims-invented-bitcoin

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Leave ခုတော့ ပြေးနေရပြီ to:

Written by

Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Read more #hive-122133 posts


Best Posts From Myan Crypto

We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myan Crypto