Myan Crypto avatar

Where are they Gone

myancrypto

Published: 08 Sept 2024 › Updated: 08 Sept 2024Where are they Gone

Where are they Gone

2021 NFT ခေတ်ဦးမှာတည်းက ထိပ်သီး NFT Collection ကြီးတခုဖြစ်ခဲ့တဲ့ CryptoPunk Collection ထဲက NFT တခုဟာ 620 ETH ($1.5 million ကျော်) နဲ့ ရောင်းထွက်သွားခဲ့ပါတယ်။ အတုံးကောင် CryptoPunk #6915 ဟာ CryptoPunk Collection ထဲက ရှားပါး NFT 24 ခုထဲက တခုဖြစ်ပြီး ဦးထုပ်၊ နားကွင်းနဲ့ မျက်လုံးကာတခုတို့ကို ဝတ်ဆင်ထားတဲ့ ပုံပါ။

တကယ်တော့ ဒီအတုံးကောင်ကို $1.5 million နဲ့ ရောင်းထွက်သွားတယ်ဆိုတာဟာ 2024 ခုနှစ်မှာသာ အထူးအဆန်းဈေးတခုလို ဖြစ်ကောင်းဖြစ်နေမှာပေမယ့် NFT မှ NFT ဖြစ်နေခဲ့ချိန်တုန်းကဆိုရင် ဒီအတုံးကောင်ရဲ့ တန်ဖိုးဟာ $ million ကို ရာနဲ့ချီပြီး ရှိခဲ့ပါတယ်။ 2024 March လမှာတုန်းကဆိုရင်ပဲ ဒီအတုံးကောင်ကို $5 million ကနေ $6 million အထိ ပေးပြီး ကမ်းလှမ်းခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ အခုတော့ $1.5 million နဲ့သာ ရောင်းထွက်သွားခဲ့ပြီး NFT Community ကတော့ ဒီလောက် rarity မြင့်တဲ့ အတုံးကောင်ကို ဒီဈေးနဲ့ထွက်သွားတာဟာ မယုံနိုင်စရာဖြစ်ကြောင်း မှတ်ချက်ပေးထားကြပါတယ်။

ဒါပေမယ့် အခုချိန်ဟာလည်း NFT တွေဟာ memecoin တွေလောက်တောင် လူစိတ်ဝင်စားမှုမရနေတဲ့အချိန်ဖြစ်တာကြောင့် ဒီလောက်ပဲ ရတော့တာဖြစ်နိုင်သလို နောင်တချိန် NFT တွေနဲ့ Web3 gaming ပိုင်းတွေ ပြန်ခေတ်ထလာချိန်မှာဆိုရင်တော့ Epic Comeback ပြန်လာနိုင်မလားဆိုတာ စောင့်ကြည့်ကြရမှာပါ။

Reference Link: https://cointelegraph.com/news/rare-ape-cryptopunk-sells-1-5m

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Leave Where are they Gone to:

Written by

Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Read more #hive-122133 posts


Best Posts From Myan Crypto

We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myan Crypto