သူပဲ တဲ့
HBO ရဲ့ Satoshi Nakamoto ဖော်မယ့် ရုပ်ရှင်အကြောင်းကတော့ social media တွေပေါ်မှာ ဆွေးနွေးငြင်းခုံလို့အကောင်းဆုံးအချိန်ဖြစ်လာနေပါတယ်။ October လ 9 ရက်နေ့ မြန်မာအချိန် မနက် 7 နာရီခွဲမှာ HBO Max ပေါ်မှာ ထုတ်လွှင့်သွားမယ့် Money Electric မှတ်တမ်းရုပ်ရှင်ထဲမှာ ဘယ်သူက Satoshi Nakamoto အဖြစ် နာမည်တပ်ခံရမလဲဆိုတာကို ခန့်မှန်းနေကြပြီဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းတွေအထိ Len Sassaman ကို Satoshi Nakamoto အဖြစ်နိုင်ဆုံးသူလို့ ခန့်မှန်းခဲ့ကြပါတယ်။
ဒါပေမယ့် အခုတော့ American လူမျိုး computer scientist တဦးဖြစ်သူ Nick Szabo ဟာ Satoshi Nakamoto အဖြစ်နိုင်ဆုံးသူလို့ သတ်မှတ်နေကြပြန်ပါပြီ။
Len Sassaman ရဲ့ ဇနီးသည်ဖြစ်သူ Meredith Patterson ဖက်က HBO ဟာ ဒီမှတ်တမ်းရုပ်ရှင်အတွက် သူနဲ့ စကားပြောခဲ့တာမျိုးတွေ မရှိကြောင်း တုံ့ပြန်ခဲ့ပြီးနောက်မှာ Len Sassaman ဟာ HBO ရဲ့ Satoshi Nakamoto အဖြစ် သတ်မှတ်ခံရနိုင်ခြေနည်းသွားခဲ့ပြီး Bit Gold ကိုဖန်တီးခဲ့သူ Nick Szabo က အဖြစ်နိုင်ဆုံးသူအဖြစ် Polymarket ပေါ်မှာ သတ်မှတ်လာကြတာပါ။
အသက် 60 အရွယ် Nick Szabo ကိုသာ Satoshi Nakamoto အဖြစ် HBO က နာမည်တပ်ခဲ့မယ်ယ်ဆိုရင်တော့ အခြေအနေက အတော်လေးစိတ်ဝင်စားဖို့ကောင်းသွားနိုင်ပါတယ်။ Nick Szabo ဟာ သက်ရှိထင်ရှားရှိနေသေးတာကြောင့် အစိုးရတွေ အထူးသဖြင့် US အစိုးရက ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာ စောင့်ကြည့်ကြရမှာပါ။
Reference Link: https://cointelegraph.com/news/nick-szabo-ploymarket-favorite-for-hbo-satoshi-nakamoto-reveal
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
Leave သူပဲ တဲ့ to:
Read more #hive-122133 posts
Best Posts From Myan Crypto
We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.