Myan Crypto avatar

ဖား နင်ဂျာ

myancrypto

Published: 03 Sept 2024 › Updated: 03 Sept 2024ဖား နင်ဂျာ

ဖား နင်ဂျာ

ဒီရက်ပိုင်းတွေမှာ crypto website အတော်များများပေါ် တွေ့နေရတဲ့ memecoin project တခုရှိပါတယ်။ ပြင်သစ်ဘောလုံးသမား Mbappe ကို Pepe memecoin ပုံစံထုတ်ထားတဲ့ Mpeppe ဆိုတဲ့ project ပါ။ ဒီ project ဟာ memecoin သက်သက်ချည်းပဲတော့မဟုတ်ဘဲ နောက်ပိုင်းမှာ crypto casino တခု၊ NFT Collection တွေနဲ့ DeFi protocol တွေပါ ဖန်တီးဖို့ ရည်ရွယ်ထားကြောင်း ဆိုထားပါတယ်။ လောလောဆယ်မှာ Mpeppe ဟာ အရောင်းအဝယ်လုပ်လို့မရနိုင်သေးဘဲ token တွေကို mint လုပ်ထားတဲ့ wallet ကနေပဲ supply 7.6 billion ကျော် Mpeppe token တွေကို ကိုင်ထားပါတယ်။

အခုဖြစ်နေတဲ့ပြဿနာကတော့ Mpeppe token တွေကို pre-sale ထုတ်ရောင်းခဲ့တာဖြစ်ပြီး ဝယ်ယူခဲ့ကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ token တွေ လက်ဝယ်မရရှိသေးတဲ့အချက်ပါပဲ။ သူတို့ရဲ့ Telegram group ထဲမှာ token တွေမရသေးတဲ့ကိစ္စကို အကြိမ်ကြိမ်သွားမေးခဲ့ရာမှာလည်း group ထဲမှာ စာပို့မရတဲ့အထိဖြစ်သွားခဲ့တာကြောင့် ban ခံလိုက်ရတာဖြစ်နိုင်ပါတယ်။

ဒါကြောင့် Mpeppe ဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ project တခုအဖြစ် ဝေဖန်ခံနေရသလို pre-sale မှာ ပါဝင်ဖို့အတွက် “Pay with Crypto” ကို နှိပ်လိုက်တယ်ဆိုရင်လည်း ပုံမှန်လိုမျိုး wallet နဲ့ချိတ်ဆက်ပြီး crypto လွှဲရတာမျိုးမဟုတ်ဘဲ သူတို့ပေးတဲ့ wallet address ထဲကို USDT လှမ်းလွှဲပေးရတာဖြစ်တာကြောင့် pre-sale ဟာ smart contract နဲ့ ချိတ်ဆက်မထားကြောင်း သိသာစေပါတယ်။ နောက်တချက်ကတော့ Mpepper pre-sale ဝယ်ထားသူတွေကို token ပြန်ပေးဖို့ အချက်အလက်မတောင်းယူထားတာကြောင့် ပြန်ပေးမယ်ဆိုရင်တောင် ဘယ်လိုပြန်ပေးမယ်မှန်းမသိတဲ့အခြေအနေဖြစ်နေပါတယ်။

ဒါ့အပြင် ငွေလက်ခံ wallet တွေကနေလည်း အခြား wallet တွေကို အဆင့်ဆင့်လွှဲပြောင်းမှုတွေရှိခဲ့ပြီး နောက်ဆုံးငွေလက်ခံထားတဲ့ wallet ဟာ Coinbase နဲ့ BitMEX တို့လို CEX တွေထဲကို ငွေသွင်းထားတာတွေ ရှိနေပါတယ်။
ဒီလိုမျိုး မသင်္ကာဖွယ်အချက်တွေ ရှိနေပေမယ့် အခုချိန်ထိတော့ Mpeppe ဟာ scam project ပါလို့ တိတိပပ ပြောလို့မရနိုင်သေးဘဲ စောင့်ကြည့်ရဦးမယ့် အခြေအနေမှာပဲ ရှိနေပါသေးတယ်။ Mpeppe ကို အဓိကကြော်ငြာပေးနေတဲ့ website ဟာဆိုရင်လည်း crypto community အတွက် အားထားရတဲ့ သတင်း website တခုလည်းဖြစ်သလို တကယ်လို့ Mpeppe သာ scam သွားတယ်ဆိုရင် ဒီ website ဟာလည်း ကြံရာပါဖြစ်သွားမှာပါ။

ကျနော်တို့ဟာ ကိုယ်တိုင်မမှားခင် သူများအမှားတွေကနေ သင်ယူရသလိုပဲ အခု Mpeppe နဲ့ပတ်သက်ပြီးတော့ မသင်္ကာစရာအချက်တွေကို မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် memecoin တွေနဲ့ ပတ်သက်လာရင် ပိုသတိထားသင့်ပြီးတော့ ကိုယ့်ဖက်က ငွေစိုက်ထုတ်၊ ဝယ်ယူရမယ်ဆိုရင် ပိုပြီးတော့တောင် လေ့လာသင့်၊ မေးမြန်းသင့်ပါတယ်။

Memecoin တွေရဲ့ သဘောသဘာဝကိုကလည်း နောက်ကွက် background တောင့်တောင့်မရှိဘူးဆိုရင် စထွက်တုန်းခဏ ဒါမှမဟုတ် trend ဖြစ်နေတုန်းခဏမှာပဲ ဈေးတွေကောင်းလေ့ရှိပြီး နောက်ပိုင်းတွေမှာ ဈေးက ထိုးဆင်းတတ်တာကြောင့် ပိုပြီးသတိရှိသင့်ပါတယ်။

Reference Link: https://cointelegraph.com/news/mpeppe-investors-coins-casino

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Leave ဖား နင်ဂျာ to:

Written by

Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Read more #hive-122133 posts


Best Posts From Myan Crypto

We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myan Crypto