htwegyi avatar

သဘာဝဟာ သဘာဝပါ။

htwegyi

Published: 06 Aug 2026 › Updated: 06 Aug 2026သဘာဝဟာ သဘာဝပါ။

သဘာဝဟာ သဘာဝပါ။

တဏှာရာဂ တယ်ထူပါလား မိနက် တဲ့။
ကျုပ်ကို ပြောကြတာ။ ရမ္မက်ကြီးသေးသတဲ့
တခါ ပြောကြပြန်တယ်။ တဏှာရာဂ ပြောပြော
ရမ္မက်ကြီးတယ်ပဲဆိုဆို ဒါက ကျုပ်ရဲ့ လက်ရှိဘဝ
အခြေအနေပဲ။ တော်တို့လိုတော့ ခိုးကြောင်ခိုးဝှက်
မဟုတ်မဟတ်တော့ ကျုပ်မလုပ်ဘူး။ ကျုပ်တို့က
အမြဲတမ်း တော်ကြီးတို့လို ဟုန်းဟုန်းတောက်
မနေဘူး။ ကျုပ်တို့မှာ အချိန်အခါရှိတယ်။

အချိန်အခါဆိုပေသိ စောတဲ့အခါလည်း စောမိသပေါ့။
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသတဲ့။ တော်တို့
ပြောသံကျုပ်ကြားဖူးသလားလို့။ ကျုပ်ကတော့
ရှင်းတယ် ကျုပ်နဲ့ ဟဝှာပြုချင်သလား လာထားပဲ။
ကျုပ်ဒီလောက် သဘောကောင်းတာတောင်
သကောင့်သားတွေက မာန်ဖီနေလိုက်ကြတာ
တကတည်း။ ကျုပ်လက်မလည်ရတဲ့ တော်သလင်း
မှာ အဖော်အသင်းတွေတွေ တပြုံးတမကြီး
ကျုပ်မှာ ယားလို့ မကုတ်ရပါဘူး။

ဂုတ်ကျား၊ ဖိုးနီ၊ အောင်နက်တို့အပြင် ဂျက်ကီ
ဆိုတဲ့ အဲ့ဘိုခွေးလိုလို ကောင်ကလည်းတမျိုး။
နောက်ပြီးတလမ်းကျော်က ဝဲကျော်တို့၊ မဲကြီးတို့
ညိုကြီးတို့ကလည်း အုပ်စုလိုက်လာကြသေးတာ။
အဲ့မှာ ကျုပ်ဘယ်မှာ ယားလို့ ကုတ်ချိန်ရပါ့မလဲ။
ကျုပ်တို့ ဒီလိုမျိုး ပလူးကြတဲ့အခါ အငြိမ်မနေရ
ပါဘူး။ ကျုပ်တို့ကို ဟိုက မောင်းထုတ်၊ ဒီကရန်လုပ်နဲ့
တကတည်း တော်တို့ပြောသလို ဖီးလ်မရှိပါဘူး။
တနှစ်တခါမှ ဟိုဒင်း ဟိုဟာ ပြုကြတဲ့ကျုပ်တို့ကို
တော်တို့တွေက တခါတလေ ခိုင်းနှိုင်းကြသေးတယ်။
အတူတူနဲ့ အနူနူတွေကြီးကိုး ကျုပ်မပြောချင်ဘူး။

ဒင်းတို့ တွေနဲ့ ကလိခဲ့သမျှ၊ ငြိခဲ့သမျှ ကျုပ်မှာ ခုတော့
ဝိတ်တာမကြီးဖြစ်ခဲ့ပေါ့။ တနေ့ တနေ့ လေးလာ
လိုက်တဲ့ ဒီဗိုက်ကြီးကို မနည်းသယ်နေရတာ။
မိုးကလည်း ခုတလောဆွေလိုက်ပါဘိ။ ဗိုက်ကြီး
တအင့်အင့်နဲ့ ဟိုကကျွေး၊ ဒီကကျွေးတာစာပြီး
စားပိုးနင်တာနဲ့ အရိပ်ကောင်းတဲ့ ခြံဘေးမှာ ဇိမ်နဲ့
နှပ်နေလိုက်တာ။ အဲ့သမှာ ကျုပ်ရဲ့ နောက်ကြော
ကတမျိုး ရှေ့ကတမျိုး လှုပ်ရှားမှုကိုခံစားရသည်။

သို့နှင့် ကျုပ်လည်း စည်းစိမ်ရစ်နေရာမှ မဖွင့်ချင်
ဖွင့်ချင်ဖြင့် မျက်လုံးကို မှေးကြည့်သည့်အခါ။
လား လား အရပ်ကပုပု၊ ရုပ်ကဆိုးဆိုး
ဘယ်လိုမျိုးလည်းမသိတဲ့ လူက သူ့လက်မှာ
အပြားလေးတခုကိုင်ပြီး ကျုပ်ကို ချိန်ရွယ်ပြီး
အလုပ်တွေ ရှုပ်နေပါရောလား။ ကျုပ် အနည်းငယ်
စိတ်ဆိုးသည်။ သို့ပေသိ ထိုလူပုသေးသေးက
တခါတရံ ကျုပ်ကို အစာကျွေးတတ်သမို့ သည်းခံလိုက်ပါတယ်။

အလိုက်အကမ်းဆိုး မသိတဲ့သူကို ကျုပ်က ခွင့်လွတ်
ပေးရတာပေါ့။ သူ့လက်ထဲက အပြားလေးနဲ့ ကျုပ်
ရှေ့လာရပ်လိုက်၊ နောက်က လာရပ်လိုက်နဲ့ ဒင်း
ဘာတွေ အလုပ်ရှုပ်နေလဲမသိပါဘူး။ အခုနေခါတော့
ရှိပါစေ။ ကျုပ်ဗိုက်ထဲက ကျုပ်သားသမီးတွေ
ထွက်လာလို့ ရန်ပြုရင်တော့ ကျုပ်နဲ့ တွေ့ကြပြီးပေါ့။
ဟင့်ဟင့် ခုနေတော့ ဒင်း လုပ်ချင်တာ လုပ်ပေအုံးပေါ့။
ကျုပ်လည်း ပြန်ပြီး မှေးလိုက်အုံးမယ်။

htwegyi@htwegyi
August 6, 2026

Leave သဘာဝဟာ သဘာဝပါ။ to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi