ဖုန်းနှင့် မျက်စိ။
ဖုန်းစကိုင်သည့်အချိန်၊ ဖုန်းဝယ်သွားသည့်အချိန်
တုန်က စိတ်သည် လှုပ်ရှားခြင်း၊ ပျော်ရှင်ခြင်းနှင့်
ရင်ခုန်ခြင်းကိုများ တပြိုင်နက်ခံစားရသည်။
ကျွန်တော်စကိုင်သည့်ဖုန်းက ဆမ်ဆောင်ဂရန်
ဖြစ်သည်။ ဖုန်းဆင်းကတ် နှစ်ကတ်ထည့်သုံး၍
ရသည်။ ထိုအချိန်က ဖုန်းဆင်းကတ် တစ်ကက်
သာထည့်သွင်းသည့် ဖုန်းများကို အများစုက
ကိုင်ကြသည်။ ဖုန်းဆင်းကတ် တစ်ကတ်ကို
ငါးသောင်းကျပ်ခန့် ပေးရသော အချိန်ကဖြစ်သည်။
ဖုန်းဝယ်ဖို့ အဖော်လိုက်ရသည်ကပင် ပျော်စရာ
ကောင်းသည်။ ဘာဖုန်းကိုဝယ်၊ ဘယ်လိုဟာဝယ်
စသဖြင့် ဆရာကြီးလုပ်ခဲ့သည်။ ကိုယ်တွေက
ထိုအချိန်မှာ ခရီးသွားရာတွင် ဓာတ်ဖမ်းဖို့ရာအတွက်
ကင်မရာကောင်းသော ဖုန်းကို အဓိကထား
ဝယ်သည်။ ထိုအပြင် သီချင်းများလည်း
နားထောင်သဖြင့် အသံကောင်းသော ဖုန်းကိုလည်း
ရွေးချယ်မိသည်။ ဖုန်းတလုံးကို ကင်မရာကောင်း၊
အသံကောင်းဖို့အတွက်သာ ရွေးချယ်ပြီး အခြား
သော အရာများကိုမရွေးတတ်ခဲ့ပေ။
ဖုန်းကို စကိုင်ခဲ့စဉ်က အမှတ်တရလေးတခုရှိခဲ့သည်။
ကျွန်တော်ဖုန်းက နှစ်ကတ်ထည့်ရသောဖုန်းဖြစ်သည်။
ဖုန်းဆင်းကတ်များက အစပထမမှာ MPT ဆင်းကတ်
တမျိုးတည်းသာကိုင်ကြရသည်။ နောက်ပိုင်းမှာ Ooredoo နှင့် Telenor ကုမ္ပဏီများပေါ်လာပြီး
ဆင်းကတ်များကို အခမဲ့ပေးခဲ့သည်။ အဲ့မှာ
ကျွန်တော်ဖုန်းက နှစ်ကတ်ထည့်ရ၍ အော်ရီဒူးဖုန်းကို
ထည့်ပြီး ဖုန်းကတ်နှစ်ကတ်ကို စတင်အသုံးပြုခဲ့သည်။
အခြားသူတို့က ဖုန်းဆင်းကတ် အလကားရ ပေသိ
ဆင်းကတ် ထည့်သုံးဖို့ရာ ဖုန်းကမရှိ ဖြစ်နေကြသည်။
ကျွန်တော်၏ ဖုန်းကသာ ဆင်းကတ်နှစ်ခု ထည့်ရသမို့
သူများထက် စောစွာအသုံးပြုခွင့်ရခဲ့သည်။
နောက်ပိုင်းမှာတော့ ဖုန်းအများစုက ဖုန်းဆင်းကတ်
နှစ်ခုထည့်သွင်း၍ရသော ဖုန်းများဖြစ်လာခဲ့သည်။
ဖုန်းနဲ့ပျော်ပါး၊ ကွန်ပျူတာနှင့် နှစ်ပါးသွားခဲ့ပြီး
အချိန်များ ကြာခဲ့သောအခါ မျက်လုံးက စကား
ပြောခဲ့လေသည်။ ဇရာကလည်း စကားပြော၊
မျက်လုံးကို စကရင်းမှာ အသုံးပြုသည်ကလည်း
များလာသဖြင့် မျက်လုံးကို ဆေးခန်းသို့
ပြရသည်။ မျက်စိဆေးခန်းသို့ သွားပြရသော
စိတ်လှုပ်ရှားမှု နှင့် ဖုန်းစတင်ဝယ်ယူစဉ်က
စိတ်ခံစားမှုတို့က ပြောင်းပြန်ကြီးဖြစ်လို့
နေပါတော့သည်။ ငယ်စဉ်က ဖုန်းဝယ်စဉ်
စိတ်အတွေးနှင့် အသက်အရွယ်ရလို့
ကျချိန်က စိတ်အတွေးများက တရားရစရာ။
ကိုယ့်ကိုကိုယ် ပြန်သတိထားမိလာသည်အထိ
ဖုန်းနှင့် မျက်စိက အသိပေးသည်။ သို့ပေသိ
ယနေ့ထိလည်း ဖုန်းကို ပွတ်မြဲ၊ မျက်စိကလည်း
တဖြည်းဖြည်း ပါဝါတိုးလာဆဲပါလေ။
@htwegyi
July 29, 2026
Leave ဖုန်းနှင့် မျက်စိ။ to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.