htwegyi avatar

ကျောက်သမားများ

htwegyi

Published: 02 Aug 2026 › Updated: 02 Aug 2026ကျောက်သမားများ

ကျောက်သမားများ

"တကယ်တော့ ကျောက်တူးသမားများဟာ
လောပန်းလောင်းတွေပါ"

ကျွန်တော်တို့ငယ်စဉ်က ဖားကန့်မှာ ကျောက်တူး
သွားခြင်းဟာ သူဌေးဖြစ်နိုင်ဖို့ ကိုးဆယ်ရာခိုင်နှုန်းဟု
ယုံကြည်ကြသည်။ ဖားကန့်က ပြန်လာပြီးဆို
လောပန်းဖြစ်သည်ဟု တထစ်ချ သတ်မှတ်သည်။
ဖားကန့်မှ ကျောက်အောင်ပြန်လာသူက တစ်ရာမှာ
သုံးယောက်လောက်‌တော့ရှိလေမလား။
ကျောက်အောင်ပြန်လာသူများ၏ အသုံးအဖြုန်း
များမှာ လိုက်ပါစီမျောရင်း ဖားကန့်ကျောက်တူး
သွားဖို့က အိပ်မက်တခုဖြစ်နေသည်။ ဖားကန့်မှာ
ဘယ်လို အခက်အခဲများတွေ့ရသည်ကို မည်သူမှ
စိတ်မဝင်စား။ ကျောက်အောင်ပြီး ပြန်လာသူ၏
အောင်မြင်မှုများနောက်သို့သာ အငမ်းမရ လိုက်ပါ
ကြသည်။

အထက်ဖော်ပြပါကျောက်သည်က မြန်မာပြည်
အထက်ပိုင်း ကချင်ပြည်နယ် မြေကြီးအတွင်းမှ
ထွက်ရှိသော ကျောက်စိမ်းဖြစ်သည်။ နောက်
ကျောက်တမျိုးက လူ့ခန္ဓာကိုယ်မှာထွက်ရှိသော
ကျောက်ဖြစ်သည်။ လူ၏ခန္ဓာကိုယ်မှာလည်း
ကျောက်များထွက်ရှိသည်။ ထိုကျောက်များက
မည်သည့် အကြောင်းများကြောင့် ထွက်‌ပေါ်လာသည်
မသိပေ။

ကျွန်‌တော်လုပ်ငန်းခွင်တွင် လုပ်ကိုင်စဥ်က
လူခန္ဓာကိုယ်မှ ကျောက်တစ်ခုအကြောင်းသိရှိ
ခဲ့ရသည်။ ကျနော်လုပ်ငန်းခွင်မှ လူတစ်ဦးသည်
သူ မကြာခဏ ဆီးသွားရာတိုင်း ဆီးအောင့်နေတတ်သည်။
ဆီးသွားသည့်အခါတိုင်း အားမရဖြစ်နေတတ်သည်။
ဆရာဝန်ကိုပြသည့်အခါ ဆီးလမ်းကြောင်းမှာ
ကျောက်တည်နေသည်ဟုပြောသည်။
ထို ဆီးကျောက်ကို ခွဲစိတ်ဖို့ရာသူ့မှာ ငွေမလုံလောက်ပေ။
သူ့မှာ ဆီးသွားသည့်အခါတိုင်း ဝေဒနာ
ခံစားရ၍ မျက်နှာမှာရှုံ့တွနေရှာသည်။

တစ်နေ့မှာတော့ သူသည် ကျနော့်ထံသို့ ဝမ်းသာ
အားရဖြင့် မျက်နှာမှာပြုံးရွှင်ကာပြောပြလာသည်။

"ကိုထွေးရေ စောစောက ကျွန်တော် အိမ်သာမှာ
ဆီးသွားပေါက်တာ။ နည်းနည်းအားစိုက်ပြီး ပေါက်ချ
လိုက်တာ ဒေါက်ဆိုတဲ့ အသံကြားရပြီး ဆီးသွားရတာ
အားရလိုက်တာဗျ။ အဲ့ဒါနဲ့ အိမ်သာမှာရှာကြည့်တော့
ဟော့ဒီမှာ ကန်တော့ပါရဲ့ဗျ ဒီကျောက်ကလေးကို
တွေ့ရတာပဲ။ ကျောက်ကို ရေဆေးပြီး ယူလာခဲ့တာ။
ကြည့်ပါအုံး သောင်းကျောက်ဗျ၊ သောင်းကျောက်"

သူ့မှာ ဝမ်းသာအားရနဲ့ လက်ထဲမှာ ရေဆေးပြီး
ယူလာသော သူ၏ သောင်းကျောက်ကို ပြလေသည်။
ကျောက်မှာ ဆီးသီးစေ့ ခန့်ရှိပြီး ဘေးမှာ အချွန်း
လေးများနှင့်ဖြစ်သည်။ ပင်လယ်မှာရှိသော
ကျောက်ဆူး ကျောက်ခတ်များနှင့် ဆင်တူသည်။
နောက်ကျောက်တစ်ခုကတော့ သွားမှာကပ်တွယ်နေသော
သွားချိုး‌ ကျောက်အကြောင်းဖြစ်ပေသည်။

တနေ့က သခွါသီးပေါက်စလေးများ လက်ဆောင်ရ
သဖြင့် အခွံခြစ်ပြီး ငံပြာရည်ချက်ဖြင့် တို့စားကြသည်။
သခွါသီးလေးများက ရေစိမ်ထား၍ ကြွပ်ရွကာ ချိုပြီး
စားလို့ကောင်းသည်။ ထိုသခွါသီး၏ အကျိုးကြောင့်ပေလား
မသိပေ။ ကျွန်တော် ညီမ၏ သွားချိုးမှာ သူ့အလိုလို
ကွာကျလာသည်။ ထိုချိုးကို သူမ ကိုယ်တိုင်
ခွါစဉ်က မကွာပေ။ နာမှစိုး၍လည်း သေချာမခွါခြင်းလည်း
ဖြစ်သည်။ ယခုတော့ ထိုသွားချိုးက သူ့အလိုလို
ပြုတ်ကျလာသဖြင့် ညီမက အံ့ဩဝမ်းသာနေပေသည်။
ကျောက်နှင့်ပတ်သက်၍ ဝမ်းသာကြသူများဖြစ်ကြ
ပေတော့သည်။

htwegyi@htwegyi
August 2, 2026

Leave ကျောက်သမားများ to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi