htwegyi avatar

အမလေး ဖား

htwegyi

Published: 04 Aug 2026 › Updated: 04 Aug 2026အမလေး ဖား

အမလေး ဖား

မနေ့ညက nweoomon@nweoomon နှင့် ဖုန်း ပြောနေစဉ်
သူမ၏ ညီမဖြစ်သူ၏ အသံကို ဖုန်းထဲမှာ ကြားလိုက်ရသည်။

"အမလေး"

"ဟဲ့ ဘာဖြစ်တာလဲ"

"ဖား ဖား"

သူရို့ ညီအမများက ဖား၊ ပုတ်သင်ညို စသည်တို့ကို
အင်မတန်ကြောက်ကြသည်။ ဖုန်းပြောတာရပ်ပြီး
ဖားကိစ္စဆောင်ရွက်ကြသည်။ ဖားများ အိမ်အတွင်းသို့
ဝင်လာမှာကို ကြောက်၍ အိမ်ပေါက်ကို ဖားမဝင်နိုင်အောင် အပေါက်၏ အောက်ခြေကို အနည်းငယ်မြှင့်ထားသည်။ သကောင့်သား
ဖားက ထိုမြှင့်ထားသော အကာရံကို ခုန်ကျော်ပြီးဝင်လာသည်။


Image Credt.

အိမ်အတွင်းသို့ ဖားဝင်လာပါက ဘေးအိမ်မှ
ကလေးမလေးကို ခေါ်ပြီး လွင့်ပစ်ခိုင်းရသည်။
ယနေ့မှာ ထိုဘေးအိမ်က ကလေးမ မရှိသဖြင့်
ဖားပြဿနာရင်ဆိုင်နေရသည်။ ဖားက အိမ်ထဲ
ဝင်လာပြီး အငြိမ်မနေ ဟိုခုန်ဒီခုန်လုပ်နေသဖြင့်
ပိုပြီးဒုက္ခရောက်ကြသည်။ ညီအမနှစ်ယောက်မှာ
အငယ်မက ဖားကြောက်သဖြင့် သူခြင် ထောင်ထဲသို့
ဝင်ရောက်သွားသည်။ ထိုသို့ သူရို့ ညီမအမ ဖားနှင့်ပြဿနာ
တက်နေစဉ် သူတို့၏အစ်မကြီးရောက်လာသည်။

အစ်မဖြစ်သူက ရောက်လာပြီးဖားကို တံမြက်စည်းဖြင့်
ခြောက်၍ မောင်းထုတ်သည်။ အမကြီးဖြစ်သူ ဖားကို
မောင်းထုတ်သည့်အခါမှာ ပို၍ဆိုးပေတော့သည်။
ဖားက ခုံပျံကာ အိမ်ရှိစားပွဲပေါ်သို့ရောက်သွားသည်။
ညီအစ်မတစ်တွေ ဖားနဲ့ပြဿနာတက်နေသော အသံကြားသဖြင့်
ဘေးအိမ်မှလူရောက်လာပြီး ဖားကိုကောက်ယူကာ
အပြင်သို့ထုတ်ပေးသွားသည်။
ထိုအခါမှ ညီမတတွေသက်ပြင်းချနိုင်ကြတော့သည်။

ဖားပြဿနာရှင်းပြီးသောအခါ ညီအမများ စကားပြော
ကြသည်။ ညည်း နောက်တစ်ခါ အမလေးလို့မအော်နဲ့။
ဘာဖြစ်မှန်းမသိဘူး။ ညည်းအော်သံကြောင့်
ဘာမှန်းမသိရ‌သေးဘူး အရင် ရင်တုန်ရတယ်။
နောက်ဆို "အမလေး ဖား" လို့ အော်ပြီး လန့်ဟု
ပြောဆိုကြသည်။ ငါလဲ ရုတ်ရက်ဆိုတော့ လန့်လို့
အော်လိုက်တာ‌ပေါ့ဟု အစ်မအဖြစ်သူကို ပြောကာ
ညီအမ‌တတွေ ယခုမှ ရီမောနိုင်ကြတော့သည်။

htwegyi@htwegyi
August 4, 2026

Leave အမလေး ဖား to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi