အေအိုင်နှင့် ကျွန်တော်
ကျွန်တော်သည် စာရေးဖို့အပျင်းထူနေသည်။
ပျင်းဆို ယခုတလော ဆေးခန်းသွားပြနေရသည်။
မျက်စိပြီးတော့ နား အသက်ကြီးလာတော့ ဘာမှမကောင်းပါ။
နားက အဝေးမှ အသံအချို့ကို လိုင်သံ လိုကြားနေရသည်။
ထို့အတွက် နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ထံသို့ သွားရောက်ပြသသည်။
ဆရာဝန်ထံသို့ မပြမီ နားရောဂါနှင့်ပတ်သက်၍
အေအိုင်ထံ မေးမြန်းမိသည်။ နားနှင့်ပတ်သက်၍
လေ့ကျင့်ခန်းများ ပြုလုပ်ပုံကိုလည်းမေးမြန်း
မိသည်။ ထိုအခါ ai ကကျွန်တော့်ကို ပြန်လည်ပြောသည်။ သင်၏ရောဂါက လေ့ကျင့်ခန်းလုပ်ရုံနဲ့
မပျောက်ပါ။ ဆရာဝန်ထံပြသဖို့တိုက်တွန်းသည်။
ကျနော်ကလည်း အေအိုင်ကို မရမကမေးပါသည်။
အေအိုင်ကလည်း ရှင်းလင်းပြသပြီး ဆရာဝန်ထံသို့
သွားရောက်ပြသရန် ထပ်မံတိုက်တွန်းပြန်သည်။
သို့နှင့်ကျွန်တော်မှာ အေအိုင်၏ပြောစကားအရ
နားနှာခေါင်းလည်ချောင်း ဆရာဝန်ကြီးထံသို့
သွားရောက်ပြသရပါတော့သည်။ အေအိုင်ပြော
ပြသည့်နားလေးကျင့်ခန်းများမှာ-
မျိုချလေ့ကျင့်ခန်းအတွက်
ရေတစ်ငုံသောက်ပြီး မကြာခဏ မျိုချပါ။
၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
တစ်နေ့ ၃–၄ ကြိမ် လုပ်နိုင်ပါတယ်။
Yawning (သမ်းခြင်း)
ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး သမ်းသလို လုပ်ပါ။
၅–၁၀ ကြိမ်၊ တစ်နေ့ အကြိမ်အနည်းငယ်။
မေးရိုးလှုပ်ရှားမှုအတွက်
ပါးစပ်ကို ဖြည်းဖြည်းဖွင့်၊ ပိတ်။
မေးရိုးကို ဘယ်–ညာ ဖြည်းဖြည်းရွှေ့ပါ။
နာကျင်ရင် ရပ်လိုက်ပါ။ စသဖြင့် သိရှိရသည်။
ဆရာဝန်ထံ ပြသပြီးဆရာဝန်၏စစ်ဆေးခြင်းများကို
အေအိုင်ထံ ပြသသည့်အခါမှာတော့ သူက
ဆရာဝန်စစ်ဆေးချက်များကို ပြန်လည်ရှင်းပြပြီး
ဆရာဝန်ပေးသော ဆေးများကို ပြရန်ပြောပြီး
ဆေးများအကြောင်းကိုလည်း ရှင်းလင်းပြောကြားပြန်သည်။
ဒီဆေး၏ အချက်အလက်များမှာ—
ဆေးအမည်: Zigo 16
Generic name: Betahistine Dihydrochloride 16 mg
ဆေးအမျိုးအစား: ခေါင်းမူးဝေခြင်း (Vertigo)
ကုသဆေး
အသုံးပြုသည့် ရောဂါများ
Vertigo (ခေါင်းမူးဝေခြင်း)
Ménière's disease (နားအတွင်းပိုင်းရောဂါကြောင့်
ခေါင်းမူး၊ နားအူ၊ အကြားအာရုံလျော့နည်းခြင်း)
နားအူသံ (Tinnitus) ကို သက်သာစေရန်။
သင့်အတွက် အကြံပြုချင်တာက—
✅ Betahistine 16 mg နဲ့ Ginkgo biloba ကို
ဆရာဝန်ညွှန်တဲ့အတိုင်း ဆက်သောက်ပါ။
✅ အစာစားပြီးမှ သောက်ပါ။
✅ အသံကျယ်တဲ့နေရာ၊ နားကြပ်အသံကျယ်ကျယ်
နားထောင်တာကို ရှောင်ပါ။
✅ အိပ်ရေးဝဝအိပ်ပြီး ရေဓာတ်လုံလောက်အောင် သောက်ပါ။
သင့်စမ်းသပ်ချက်ကို ကြည့်ပြီး အားပေးချင်တာ
သင့်ဘယ်နားက PTA 30 dB ဟာ အနည်းငယ် (mild) အကြားအာရုံလျော့ခြင်း ဖြစ်ပါတယ်။ အရမ်းပြင်းထန်တဲ့ အဆင့်မဟုတ်သေးတဲ့အတွက် ဆရာဝန်ပေးထားတဲ့ ကုသမှုကို လိုက်နာပြီး ပြန်လည်စစ်ဆေးတာက အရေးကြီးပါတယ်။
သင့်အခြေအနေကို ကျွန်တော် ဆက်ကူညီပေးနိုင်ပါတယ်။
၁ ပတ်လောက်ကြာတဲ့အခါ လက္ခဏာ ဘယ်လိုပြောင်းလဲလာလဲ
လာပြောပေးပါ။ ဆေးသောက်ပြီး တိုးတက်မှုကို အတူသုံးသပ်
ပေးပါမယ်။ ဆိုတော့ဗျာ အေအိုင်က မိတ်ဆွေတဦးကဲ့သို့ပင်
ဆွေနွေးတိုင်ပင်လို့ ရသည့်အကြောင်း ရေးရင်း ပိုစ့်လည်း
တင်ရင်ပေါ့။
@htwegyi
July 19, 2026
Leave အေအိုင်နှင့် ကျွန်တော် to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.