မိုးနဲ့ အတူ
မိုးဦးသို့ ဝင်ရောက်ခဲ့ပေသည်။ မိုးဦးစောသည်ဟု
ပြောရပေမည်။ မိုးကောင်းချက်က ခြံဘေးရေမြောင်း
ရေလျှံသွားသည်။ ပုံမှန်မိုး ဆိုပါမူ မြောင်းအတွင်း
ရေမရှိတတ်ပေ။ မိုးကောင်းသဖြင့် တောင်ပေါ်
ဒေသများ ရေကြီး မြေပြိုသည်။ တနေ့က သတင်း
မှာ ကြည့်ရသည်။ ရှမ်းပြည်တောင်ပိုင်း ရေကြီး
သည်။ တောင်ပေါ်ဒေသမှာ ရေကြီးသည်မှာ
ယခုအခါနှင့်ဆိုပါမူ နှစ်ခါတိတိကြားရသည်။
ရာသီဥတု၏ဒဏ်ကို ခံနိုင်သော သစ်ပင်၊ သစ်တော၊
တောတောင်တို့က လူတို့၏ လောဘဖြင့် ပျောက်ဆုံး
ကုန်ကြသည်။ ဒီတော့ လောဘ၏သားကောင်များ
ဘဝသို့ ရောက်ရှိကြရသည်။ သစ်ပင် သစ်တော
ချစ်ခင်တဲ့ လူမျိုးတို့၊ ရွှေတိုက်ကို စိုးတို့ စသဖြင့်
ခရီးသွားခဲ့စဉ်က ဖတ်ခဲ့ရသည်။ ထိုစာများကို
သစ်တောကြီးများ၏ သစ်ပင်များမှာ ရေးသားထားသည်။
ထိုဆိုင်းဘုတ်လေးများလည်း
ရှိကြသေးရဲ့လား၊ ဘယ်ဆီသို့ ရောက်ပေကြသလဲ
မသိပေ။
သစ်တောကြီးများကို မပြုလုပ်နိုင်ပေသိ။ ကိုယ့်ခြံနှင့်
ပတ်ဝန်းကျင်ကိုဖြင့် သီးပင်၊ စားပင်နှင့် ပန်းအလှပင်များ
စိုက်ပျိုးရပေသည်။ ယခု မိုးရာသီဦးမှာ သစ်ပင်
များစပြီး စိုက်ပျိုးပါရင်ဖြင့် သစ်ပင်များ ရှင်သန်ဖို့
ရာခိုင်နှုန်းသေချာပေသည်။ မိုးရာသီ သစ်ပင်
စိုက်ပွဲများလည်း ပြုလုပ်ဖို့ မေ့နေကြပေမည်လား။
သစ်ပင်စိုက် စိုက် ဆိုပြီး စိုက်သွားကြသည်။
ထိုစိုက်ခဲ့သော သစ်ပင်ကို ရေလောင်း
ပြုစုပျိုးထောင်ဖို့ ဆက်လက်ပြီး မဆောင်ရွက်
ကြတော့ပေ။
ကျွန်တော်က ပန်းအလှပင်ထက် သီးပင်၊ စားပင်ကို
ပိုပြီး စိုက်ပျိုးချင်သည်။ တနေ့က အိမ်ရှေ့တရုတ်ခြံမှ
ငှက်ပျောပင်ပေါက်များ တောင်းယူပြီး ခြံဘေးမှာ
စိုက်ပျိုးထားသည်။ သစ်ပင်ကိုသာ တောင်းပြီး
စိုက်နေသည်။ သစ်ပင်စိုက်စရာ နေရာက သစ်ပင်
များဖြင့် ခြံအပြင်၊ ခြံအတွင်း ပြည့်နေသည်။
ခြံအပြင် မြေလွတ်မည့်နေရာ၊ နေရောင်ခြည်
ရမည့်နေရာကို ငှက်ပျောပင် စိုက်သည်။ ငှက်ပျော
ပင်ပေါက် နှစ်ပင်အနက် တပင်ကို ခြံတောင်ဘက်မှာ
စိုက်ပြီး၊ တပင်ကို ခြံအရှေ့မှာ စိုက်သည်။
ထိုငှက်ပျောပင်နှစ်ပင်ကို တောင်ဘက်ရှိ အပင်အား
ကျွန်တော်က တာဝန်ယူရမည်။ ခြံအရှေ့ရှိ အပင်ကို
အမက တာဝန်ယူသည်။ ကျွန်တော့်အပင်က
နေရောင်ရသည်။ အမ၏ အပင်က ပိတောက်ပင်နှင့်
ဗာဒံပင်များက မိုးထားသဖြင့် နေရောင် ကောင်းစွာ
မရပေ။ မည်သည့်အပင်က ရှင်သန်ကြီးထွားမလဲ
ဆိုသည်ကို စောင့်ကြည့်ရပေအုံးမည်။ အပင်များ
ကောင်းစွာရှင်သန်ဖို့ ရေလောင်းရပေအုံးမည်။
တိရစ္ဆာန်များရန်မှလည်း ကာကွယ်ရပေအုံးမည်။
Leave မိုးနဲ့ အတူ to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From htwegyi
- ရုပ်ဆိုးသူလေး ပျော်ပါစေ
- ရှမ်းကြီးတို့ရဲ့ ပွဲ
- သားတို့က မန်းလေးမှာ နေတာ
- အဘွားနဲ့ မြေး
- အကြောင်းပြု၍
- တဏှာကောင်ကြီးကိုဗျ။
- ထမင်းစား အပတ်ပြည့်မှာမို့
- ကျွန်တော်နှင့် ခရုများ
- မိုးနဲ့ ယမကာလုလင်
- ဝါဆို ရယ်၊ ဝါခေါင် ရယ်က
- အမျိုးအတွက် ကျုပ်ငိုတယ်
- ကမ္ဘာမြေ ကျန်းမာပါစေ
- မိုးနဲ့ အတူ
- သူ့ဟာနဲ့ သူတော့
- တွေးမိတိုင်းသာ.......
- Power Up Day 150
- ငွေ အာဏာနှင့် ကြီးမိုက်များ။
- ပေါင်ကြားမှာ ပူ ထူ ကျိန်းပါပေါ့။
- လက်ဘက်ရည်သောက် ကြွခဲ့ပါ
- Ecency မိုး