htwegyi avatar

တွေးမိတိုင်းသာ.......

htwegyi

Published: 03 Jun 2026 › Updated: 03 Jun 2026တွေးမိတိုင်းသာ.......

တွေးမိတိုင်းသာ.......

တနေ့က မိတ်ဆွေ၏ အိမ်သို့ သွားရောက်ခဲ့သည်။
တနေ့က ဆိုပေသိ ကဆုန်လပြည့်နေ့က ဖြစ်ပေသည်။
ထိုမိတ်ဆွေသည်။ မြို့ထဲမှ အိမ်ကိုရောင်း၍ မြို့ပြင်ရှိ
ဈေးသက်သာသော အိမ်ကိုဝယ်ယူခဲ့သည်။
မိတ်ဆွေ၏ အဖြစ်အပျက်နည်းတူ မြန်မာ မိသားစု
တော်တော်များများသည် ထိုနည်းတူစွာဖြင့်
မြို့ပြင်သို့ အသီးသီးရောက်ရှိကြပေသည်။
တဖြည်းဖြည်းနဲ့ မန္တလေးမြို့၏ မြို့တွင်း အချက်အခြာ
ကျသော နေရာများမှာ မန္တလေးသူ/ သားများ
နည်းပါးလာသည်။

ဟိုးယခင် ငြိမ်းဝပ်ပိပြားရေး နဝတ ခေတ်မှသည်
ယခု မအလခေတ်ထိ။ မန္တလေးမြို့တွင်းရှိ
နေအိမ်များမှာ မန်းသူ မန်းသားအစစ်များက ရှားပါး
ပစ္စည်းများဖြစ်နေပေသည်။ မြို့တွင်းမှ တဖြည်းဖြည်း
မြို့ပြင်သို့ထွက်ခဲ့သည်။ မြို့ပြင် မြို့သစ်မှသည်
တဖန် ယခုအခါ ဆက်လက်ပြီး မြို့အစွန်းအဖျား
လယ်မြေ၊ ယာမြေကွက်များပေါ်သို့ ရောက်ရှိ
သွားကြပြန်ပါလေသည်။

အခိုင်အမာဖြစ်သည့် အိမ်စာချုပ်များကို ရောင်းချပြီး
မသေချာ၊ မခိုင်မာသော လယ်ယာမြေ မြေကွက်များ
ကိုဝယ်ယူနေထိုင်ကြသည်။ လယ်ယာမြေဆိုသည်က
မင်းမိန့်ဟုဆိုကာ လာရောက်ဖျက်သိမ်းပါမူ ဖျက်သိမ်း
ခြင်းခံရနိုင်သည်။ အချို့ကလည်း အိမ်လခဖြင့်နေရပါမူ
အိမ်လခတန်ဘိုးသာရှိသည်။ ငါးနှစ်နေရနေရ၊ ဆယ်နှစ်
နေရနေရ ကိုယ့်အိမ်ပိုင်လို နေရသည်ဟု ပြောသည်။
ထိုလယ်မြေကွက်များက မိတ်ဆွေ ဝယ်ယူစဉ်က
တစ်ပေကို ခုနှစ်သိန်း၊ ရှစ်သိန်းကျပ်ဖြစ်သည်။
ယခုအခါမှာတော့ တစ်ပေကို ဆယ်သိန်းနီးပါးဖြစ်
နေပေသည်။

မိတ်ဆွေအိမ်ရှိရာသို့ သွားသည့်လမ်းမှာ လယ်ယာမြေ
ကွက်များကို အကွက်ချရောင်းချထားသည်။ ရောင်းချသူ
တို့က သူရို့မြေကွက်များ အရောင်းထွက်စေရန်
ကွန်ကရစ်လမ်းများ ခင်းပေထားသည်။ ကွန်ကရစ်လမ်း
များ၏ တဖက်တချက်မှာ အချို့မြေကွက်များက
အိမ်ကြီးအိမ်ကောင်းများဆောက်ထားသည်။
အချို့က တဲအိမ်၊ အချို့က ထရံကာ နှစ်ထပ်အိမ်များ
ဖြင့် ဆောက်လုပ်ထားသည်။ မိုးရာသီမှာ ရေဝပ်
သဖြင့် မြေဖို့ထားပြီး အိမ်ဆောက်ထားကြသည်။

မိတ်ဆွေ၏အိမ်သွားရာ လမ်းမှာ ရေမြောင်းကြီး
ရှိပေသည်။ ထိုရေမြောင်းက ယခင်ကတော့
လယ်ယာမြေများကို ရေပေးဝေသည့် မြောင်းကြီး
ဖြစ်ပေမည်။ ယခုတော့ မြောင်းဘေးနေသူအိမ်များ၏
ရေချိုးစရာ အသုံးပြုစရာဖြစ်နေသည်။ အနီးအနားမှ
အိမ်များကလည်း ဆိုင်ကယ်များဖြင့်
လာရောက်ပြီး ရေချိုးသူ၊ အဝတ်လျှော်သူများဖြင့်
စည်ကားနေသည်ကို တွေ့ရသည်။

ထိုရေမြောင်းကြီး၏ တံတားပေါ်မှ ဖြတ်ကူးစဉ်
တံတားပေါ်မှ လူအများက မြောင်းကို ငုံ့ကြည့်နေကြသည်။
ဘာဖြစ်တာလဲ ရေနစ်လို့လားဟု စိတ်က
စပ်စုမိသည်။ တံတား၏ ဘေးကာ၊ လက်ရံတဖက်က
ပျက်စီးလို့လား၊ တိုက်မိထားလို့ လားမသိပေ။
တံတား၏ ဘေးကာတဖက်ကမရှိပေ။ လူများ
ဝိုင်းအုံကြည့်နေသည်အရာကား သုံးဘီးကား
တစီး မြောင်းထဲကျနေခြင်းဖြစ်ပေသည်။
မည်သို့ မည်ပုံ ကျသည်မသိပေ။ လူအများက
သုံးဘီးကားကို ဆယ်ယူနေကြခြင်းဖြစ်ပေသည်။
မြင်ရ တွေ့ရသမျှကို Hive ပိုစ့်တင်စရာအဖြစ်
ပြောင်းလဲလိုက်ရပါသည်။
htwegyi@htwegyi
Jun 3, 2026

Leave တွေးမိတိုင်းသာ....... to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi