ကမ္ဘာမြေ ကျန်းမာပါစေ
ပိုစ့်တင်မည့်ရက်ရောက်တော့ ရေးစရာ ရှာမရ။
ပိုစ့်တင်ထားပြီး ဆိုပါမူ ရေးစရာများက ခေါင်းအတွင်း
အလိုလိုပေါ်လာသည်။ ဒီလိုပါပဲ လောကကြီးက
အလွဲတွေလာသလို။ အတည့်တွေလည်း လာတတ်ပါတယ်။
အဆင်များပြေနေတုန်းက လောကြီးကို
မေ့ထားသည်။ အဆင်မပြေသောအခါ လောကကြီးကို
ကိုင်တုတ်တတ်ကြတာကလား။ ဒါမှ လူ့သဘာဝ
ပေကို။
တနေ့ တနေ့ ဈေးသွား ဈေးပြန်လမ်းမှာ
အပြောင်းအလဲများကို သတိထားမိလာသည်။
ပထမဦးစွာ အပြောင်းအလဲက လမ်းကြားလေးများကို
ကွန်ကရစ်လမ်းများခင်းလာသည်။ ကျွန်တော်ဈေးသွားရာ
လမ်းရှိ ရပ်ကွက်သည် အိမ်ခြေစိပ်သည်။
ဆယ်ပေ၊ ဆယ့်ငါးပေအကျယ်အဝန်းများမှာ
အိမ်များဆောက်ထားသည်။ ထိုအိမ်များမှာ
အဝီစိရေတွင်းများတူးထားကြသည်။ မြေကြီးမှ
ရေများထုတ်ယူပြီး မြေကြီးကို ရေပြန်ပေးသော
မြေကြီးရေစုပ်ယူနိုင်သည့် မြေနေရာများကို
ကွန်ကရစ်များခင်းထားသည်။
တလောက ရန်ကုန်မှာ မနက်အစောပိုင်း ငလျင်
လှုပ်တာ မဟုတ်ပဲ သိမ့်ကနဲ့ဖြစ်သွားသည်ဟု
လူမှုကွန်ယက်မှာဖတ်ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ
မြေအောက်ရေထုတ်ယူမှု များသောကြောင့်ဟု
ပြောဆိုကြသည်။ ရန်ကုန်သည် ရေအောက်သို့
တဖြည်းဖြည်းချင်း နိမ့်ကျွံသွားမည်ဟု ပညာရှင်
များကပြောသည်။
ကျွန်တော်တို့ မန္တလေးသည်လည်း မြေအောက်ရေ
ထုတ်ယူမှုများသော မြို့သစ်လိုနေရာများမှာ
မြေကျွံမှုများဖြစ်နိုင်သည်ဟု ပြောထားသည်။
ဟုတ်ပေမည့် ကိုယ်တွေ မျက်မြင်အရပင် မြေ
အောက်ရေထုတ်ယူမှုက ပျှမ်းမျှပေသုံးဆယ်အတွင်းမှာ
အဝီစိတွင်းတစ်တွင်း တွေ့နေရသည်။ ဒီတော့
မြေအောက်ရေ ထုတ်ယူမှုကြောင့် မြေကျွံနိုင်မှု
ရှိပေသည်။ ထိုကြောင့်ပင် ဂျပန်နိုင်ငံမှ
ရေလှူဒါန်းမှုပြုထား၍ အချို့နေရာများတွင်
ရေပေးရေးပိုက်များရှိသည်။ ဒီတော့ မြေအောက်ရေ
ထုတ်ယူမှုကို အနည်းငယ် သက်သာသွားစေသည်။
ယခုတလော ကမ္ဘာ့ရာသီဥတုများက လူအများကို
ခြိမ်းခြောက်လာသည်။ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့်
ငလျင်များက တဖြည်းဖြည်းကြီးမားလာနေသည်။
ဒါလည်းပဲ လောဘသားများက ဂရုမထားကြပေ။
လောဘကို ရှေ့တန်းတင်ကာ လူလုပ်သော
စစ်ပွဲကြီးများကို ဖန်တီးနေကြပေသည်။
ကြီးနိုင်ငယ်ညှင်း အဓမ္မဝါဒများဖြင့် မင်းမူ
ရန်ပြုနေကြသည်။ ကမ္ဘာမြေကြီး၏ အဆီအနှစ်
များကို သူ့ထက်ငါ လုယူနေကြသည်။ လောဘများ
ဖုံးလွှမ်းကာ မောဟမီးတို့ တောက်လောင်နေသည်။
ထိုအပူမီးများက ပြင်ပသို့ မည်သည့်အခါ မည်သည့်
အချိန်မှာ ပွင့်ထွက်ကျလာပြီး ကမ္ဘာလောကကြီးကို
လောင်မြိုက်ကျွမ်းစေမည် မသိနိုင်တော့ပေ။
@htwegyi
June 10, 2026
Leave ကမ္ဘာမြေ ကျန်းမာပါစေ to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.