htwegyi avatar

အမျိုးအတွက် ကျုပ်ငိုတယ်

htwegyi

Published: 12 Jun 2026 › Updated: 12 Jun 2026အမျိုးအတွက် ကျုပ်ငိုတယ်

အမျိုးအတွက် ကျုပ်ငိုတယ်

နားထဲမှာ လေတိုးသံလို ကြားနေရသည်။ မျက်စိ
က မကောင်းပါဘူးဆိုမှ နားက ဖောက်လာပြန်သည်။
အသက်ကြီးလာတော့ ဟိုကနားသလိုလို၊ ဒီက နာသလိုလို။
မျက်စိက မှုန်၊ နားက ထုံသလိုလို ဖြစ်လာသည်။
ငါးဆယ်ကျော် ဆိုသည်က အခြားနိုင်ငံများမှာ
ဖလန်းဖလန်း ထနေကြသေးသည်။ ကိုယ်တွေ
ငါးဆယ်ကျော်က အသက်ကိုးဆယ်ကျော်အရွယ်
ရောက်နေသည်။

အဓိက က စိတ်နှင့် ဆိုင်ပေမည်။ စိတ်က မပျော်တော့
လူက မလန်းတော့။ အာနပါန မှတ်သည့်တိုင်း
ဝင်လေ ထွက်‌လေကို သတိမထားမိနိုင်ဖြစ်ရသည်။
ဝင်သက် ထွက်သက်ကို ကြာရှည်စွာ မမှတ်နိုင်တော့
ကိုယ့်ကိုကိုယ် ဒေါသဖြစ်မိ၍ ထိုဒေါသကို တဖန်
ပြန်လည် ထိမ်းရပြန်သည်။ ဝင်လေ ထွက်လေကို
သတိထားလိုက်၊ စိတ်က ပျံ့သွားလိုက်ဖြင့် စိတ်နဲ့
အာရုံကို လိုက်လံ ဖမ်းနေရသကဲ့သို့ဖြစ်သည်။

ကိုယ်တွေက ဘုရားရှင်၏ တရားတော်နှင့် ဝေးကွာ
နေသူတဦးဖြစ်ပေမည်။ သို့ပါသောကြောင့်
အာနပါနသတိလေးကိုပင် အတော်လိုက်လုပ်နေရသည်။
သမာဓိရဖို့က ဝေး၊ ဝင်သက် ထွက်သက်ကိုပင်
မနည်း လိုက်နေရသည်။ ဝင်သက် ထွက်သက်မှတ်နေရင်း
အာရုံက တောရောက်၊ တောက်ရောက်ဖြစ်ကာ
ဟိုးရောက်သွား၊ ဒီရောက်သွားဖြင့် ပြန်သတိထားရင်း
နဲ့ ကိုယ်တွေရဲ့ အာနပါနက လိုက်လေး ဝေးလေဖြစ်နေ
သည်။

ညစဉ် ဆရာတော်များ၏ တရားတော်များကို နာယူ
မှတ်သားကာ ကြိုးစားလေ့လာကြည့်သည်။
တခါတရံ သတိတရ နားယူမိသည်။ တခါတလေတော့
တရားများနှင့် အိပ်ငိုက်သွားလေသည်။ လူ့ဘဝ
တိုတိုမှာ မောဟနဲ့ လောဘက ပိုရှည်လှသည်။
ကောင်းတာလေးစားချင်သည်။ ကောင်းတာလေးနဲ့
နေချင်သည်။ ဟော့ ချောတာလေးလည်း
ကြည့်ချင် မြင်ချင်ပြန်သည်။ ကောင်းတာတွေ
စားချင်သပ ဆိုပေသိ ယနေ့ခေတ်ကြီးရဲ့
အစားအသောက်ပုံစံက အတော်ကြောက်စရာ
ကောင်းလှသည်။

တနေ့က ငှက်‌ပျောသီးနှစ်ဖီး ဈေးသက်သာ၍
ဝယ်ခဲ့သည်။ တစ်ရက်၊ နှစ်ရက်စားရသေးသည်။
သုံးရက်မြောက်မှာ ငှက်ပျော်သီးများက မဲပျော့
လာပြီး အတွင်းက အဝါနှင့် အမဲရောင်များ
ဖြစ်ကာ စားသုံး၍ မရတော့ပေ။ ဈေးမှ
အသီးအရွက်ထဲတွင် ဈေးသက်သာသော
ကန်စွန်ရွက်များကလည်း ဆေးသုံးထားသည်။
ကန်စွန်ရွက်ကြော် ပူပူလေး စားမည့်ကြံကာ
ပါးစက်ပေါက်သို့ ရောက်သခိုက် ဆေးနံ့ကထွက်လာ
သဖြင့် ကန်စွန်ရွက်ကြော်များ လွင့်ပစ်ရသည်။
တဖန် ငံပြာရည်ချက်လေးနဲ့ စားဖို့ ပူစီနံအစည်းလေး
ဝယ်ခဲ့ပါသည်။ သူကလည်း ဆေးနံ့ထွက်သဖြင့်
မစားရဲအောင်ဖြစ်ရတော့သည်။

ကိုလွမ်းမိုး သီချင်းထဲကလို အော်ဆိုချင်သည်။
အမျိုးအတွက် ကျုပ်မှာ ငိုယိုဝမ်နည်း
ပက်လက်မျက်နှာ ငယ် ငယ်။
အမျိုးအတွက် ကျုပ်ငိုတယ် ဆိုလား။ တကယ်ပါ
ကိုလွမ်းမိုးရေ ခင်ဗျားသာရှိရင် တကယ်ကို
ဝမ်းနည်းပက်လက် အော်ငိုနေမိမှာ မလွဲပါဘူး။

htwegyiHive account@htwegyi
June 12, 2026

Leave အမျိုးအတွက် ကျုပ်ငိုတယ် to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi