အဘွားနဲ့ မြေး
"ကျုပ်ဖြင့် မပြောချင်ပေါင်၊ မပြောချင်ပေါင်လို့
ဆိုသဟာက စကားခံတာပါ။ ပြောချင်လွန်းလို့မို့
ဂလိုတော်ရေ"
ကျုပ်မှာ မြေးနှစ်ကောင်ရှိတယ်။ အထီးလေးတွေ
ကြီးပဲ။ တကောင်းက ငါးတန်းတက်နေတာ။
နောက်အငယ်ကောင်က ခုမှ မူကြို စတက်တာ။
အယ် မေ့လို့ မူကြို စတက်တာ ပြီးခဲ့တဲ့နှစ်က။
အကြီးကောင်က အနေအေးတယ်။ အငယ်ကောင်က
စကားသွက်။ စကားတတ်။ သူရို့ အဖေ ကျုပ်သားနဲ့
သူ့ အမေက ခေတ်လူငယ်များဆိုတော့ သူ့ရို့
သားနှစ်ကောင်ကလည်း ဘယ်ခေလိမ့်မလဲ။
အထူးသဖြင့် ကျုပ်မြေး အငယ်ကောင်ပေါ့။
ကျုပ်က မနက်ခင်းပိုင်းဆို ရှမ်းခေါက်ဆွဲစားချင်
စားတယ်။ မုန့်တီသုပ်နဲ့ အခြား မနက်ခင်းစားစရာ
တွေစားသပေါ့။ မနက်စာ စားပြီးတော့ လက်ဘက်ရည်
လေးလည်း မော့ချင်သေး။ အဲသလို စားသောက်ပြီး
တော့ မပြီးသေးဘူး။ ကွမ်းယာလေးလည်း မြုပ်လိုက်ချင်သေးတာ။
တမနက်ခင်းကို ငွေငါးထောင်ကျပ်လောက်
ကုန်သွားတာ။ တနေ့က မြေးအငယ်ကောင်ရယ်
အဖွားနဲ့ ရှမ်းခေါက်ဆွဲ လိုက်စားမယ်ဆိုပြီး
ပါလာတာ။
ရှမ်းခေါက်ဆွဲဆိုင်ရောက်တော့ သူ့အတွက် တပွဲ။
ကိုယ့်အတွက်တပွဲ မှာစားကြသည်။ မောင်မင်းကြီးသားက
စားနိုင်ချက် ရှမ်းခေါက်ဆွဲစားပြီး ဝက်ခေါက်ကြော်
လည်းစားချင်သေးသတဲ့။ ကျုပ်စိတ်ထဲမှာတော့
ယနေ့အတွက် ငါ့ဘတ်ဂျက် ပိုထိသပေါ့။ ငွေရှင်းပြီး
သကာလ ကျုပ်ကထပြီး ပြန်ဖို့ပြင်တော့။ ကျုပ်မြေးက
ကျုပ်ကို ပြောပါလေရော။
" အဘွား ဒီမှာ တစ်ရှူးလိပ်ကြီးရှိတယ်လေ။
မယူတော့ဘူးလား"
မြေး၏ ပြောစကားကြောင့် ကျုပ်မှာ ရီရမလို
ငိုရမလိုဖြစ်ကာ။ ဘေး ဘီ ဝဲ ယာ ကြည့်မိသည်။
စိတ်ထဲမှ နေ၍ အတော်ရှုပ်တဲ့ကောင်
ငါ့ အရှက်ခွဲနေတယ်။ မြေး၏ ပြောစကားက
သူနဲ့ ကျုပ်နှစ်ဦးတည်းသာ သိသော အရာဖြစ်
ပေသည်။ မင်းနဲ့ စကားများထာ လာသွားစို့ဟု
ပြောကာ မြေးကို လက်ဆွဲပြီးခေါ်ခဲ့ကာပြန်ခဲ့သည်။
အိမ်ရောက်တော့ မြေးဖြစ်သူ၏ ပြောစကားကို
အိမ်သားများကို ပြန်ပြောကာ ရီရပါလေသည်။
တစ်ရှူးလိပ် ရာဇဝင်က ဒီလိုပါ။ ကျုပ်နှင့် ကျုပ်အညီမ
တတွေ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်ကြီးများမှာ
သွားစားကြသည့်အခါ စားပွဲပေါ်တင်ထားသည့်
တစ်ရှူးလိပ်များမှ တစ်ရှူးယူသည့်အခါ အသုံးပြု
ရန်အတွက်သာမက ပိုမိုယူတတ်ကြသည်။ ဒါက
ကျုပ်ညီအမတွေရဲ့ ဝါသနာလိုဖြစ်နေသည်။
ထိုသို့ ယူကြသည်ကို ကျုပ်မြေးက ကျုပ်ကို
မေးဘူးသည်။
"အဘွားတို့က တစ်ရှူးတွေ ဘာလို့ ယူကြတာလဲ"
"လိုအပ်တဲ့အခါ သုံးဖို့ပေါ့။ ဟော့ ငါ့သား နှပ်ညှစ်တဲ့အခါ။
မုန့်စားပြီး လက်ကိုသုတ်တဲ့အခါ သုံးဖို့ပေါ"
ထိုသို့ ပြောစကားကို မှတ်သားထားသော မြေးသည်။
ယခုအခါ ရှမ်းခေါက်ဆွဲဆိုင်မှ တစ်ရှူးဗူးကို
မြင်သည့်အခါမှာလည်း ကျုပ်ကို ယူဖို့ သတိပေးခြင်း
ဖြစ်ပေသည်။ ကျုပ်မှာသာ အခံ မလုံသဖြင့်
မြေး၏ လက်ကို ဆွဲခေါ်ကာ ပြန်လာခဲ့ခြင်းဖြစ်သည်။
ကျုပ်နဲ့ ကျုပ်မြေးအဖြစ်အပျက်က အဲ့သလိုပါဆို။
Leave အဘွားနဲ့ မြေး to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From htwegyi
- ရုပ်ဆိုးသူလေး ပျော်ပါစေ
- ရှမ်းကြီးတို့ရဲ့ ပွဲ
- သားတို့က မန်းလေးမှာ နေတာ
- အဘွားနဲ့ မြေး
- အကြောင်းပြု၍
- တဏှာကောင်ကြီးကိုဗျ။
- ထမင်းစား အပတ်ပြည့်မှာမို့
- ကျွန်တော်နှင့် ခရုများ
- မိုးနဲ့ ယမကာလုလင်
- ဝါဆို ရယ်၊ ဝါခေါင် ရယ်က
- အမျိုးအတွက် ကျုပ်ငိုတယ်
- ကမ္ဘာမြေ ကျန်းမာပါစေ
- မိုးနဲ့ အတူ
- သူ့ဟာနဲ့ သူတော့
- တွေးမိတိုင်းသာ.......
- Power Up Day 150
- ငွေ အာဏာနှင့် ကြီးမိုက်များ။
- ပေါင်ကြားမှာ ပူ ထူ ကျိန်းပါပေါ့။
- လက်ဘက်ရည်သောက် ကြွခဲ့ပါ
- Ecency မိုး