သားတို့က မန်းလေးမှာ နေတာ
"အိမ်ပြန်မယ် အီး ဟီး"
"မေမေ ဆီသွားမယ် အီး ဝါး"
ဖော်ပြပါ ကလေးငိုသံများက အိမ်ဘေးမှ မူကြိုကျောင်း၏
ကျောင်းဖွင့်စ ရာသီမှာ ကြားနေကြ
အသံများဖြစ်သည်။ မူကြိုကလေးများက အများ
အားဖြင့် သုံးနှစ်အရွယ်ဆိုပါမူ မူကြိုထားကြသည်။
အချို့က နှစ်နှစ်ခွဲ အသက်အရွယ်မှာလည်း ထားတတ်
ကြသည်။ အိမ်၌ ကလေးကြည့်ရှုမည့်သူ မရှိကြသော
မိသားစုများသည် မူကြိုကို စောစွာလာရောက်အပ်နှံထားကြသည်။
သုံးနှစ်အရွယ် မူကြိုကလေးများက နေ့လယ် နေ့ခင်း
မှာ အိပ်ရသည်။ ထိုကြောင့် ထိုကလေးများ
ကျောင်းလာသည့်အခါ အိပ်ရာလိပ်လေးများ
ပါလာကြသည်။ လေးနှစ်အရွယ် မူကြိုကလေးများက
ကျောင်းပျော်များဖြစ်ပြီး ကျောင်းရည်ဝကာ
နောက်နှစ်မှာ သူငယ်တန်း၊ မူလတန်းသို့ တက်ရောက်
ကြရပေမည်။ သူတို့က မူကြိုစီနီယာများဖြစ်ပြီး
ဘုရားရှိခိုးခြင်းနှင့် နှစ်ဆယ့်လေး ပစ္စည်းပဌာန်း
ရွတ်ခြင်း၊ သံဗုဒ္ဓေဂါထာများရွတ်ခြင်း၊ အမျှဝေခြင်း
တို့ကို လူကြီးများထက်ပင် ရွတ်ဆိုနိုင်ကြပေသည်။
သူရို့လေးတွေ မနက်ကျောင်းတက်ပြီး ဘုရားရှိခိုး
ခြင်းကို လိုက်၍ နားထောင်မိသည့်အခါ ကိုယ်တွေပင်
သူရို့လောက် မဆိုနိုင်ပေ။ ကျောင်းဖွင့်စမှာ ငိုသံများ
ကြားရသော်လည်း ကျောင်းတက်ရက်ရှည် ကြာသော
အခါ ငိုသံများ မကြားရတော့ပေ။ ကဗျာရွတ်သံနှင့်
သီချင်းဆိုသံများသာ ကြားရသည်။ ကလေးဘဝ
အပူအပင်ကင်းပေစွ။ မူကြိုကျောင်းက ကလေးကစား
စရာများကို စုံလင်စွာ ထားပေးသည်။ ထိုကြောင့်
ကလေးများက ကျောင်းမှာ အနေကြာ၍ ပျော်သွား
ကြသည်။ သူငယ်ချင်းများနှင့် ကစားစရာများရှိသော
မူကြိုကျောင်းမှာ ကလေးအများစုက ပျော်ကြပေမည်။
ကျွန်တော့်မိတ်ဆွေ၏ မြေးကလေးပင် မူကြိုမှာ
ပျော်ရွှင်နေသည်။ ထိုကလေးကို မူကြို မပို့ခင်က
မိဘနှင့် အဘိုးအဘွားများက ကျောင်းပို့ဖို့ စိတ်ပူ
ကြသည်။ ဒါကလည်း ကျွန်တော်တို့ မြန်မာတွေက
ပိုမိုသည်းကြတာကို။ ကျောင်းမသွားခင်ကတော့
ဆရာသမားက ကျောင်းပို့မယ်ဆို နိုး နိုးဟု ပြောသည်။
ဒီတော့ အဘွားဖြစ်သူက သည်းပေသည်။
အမှန်တကယ် မူကြိုပို့သည့်အခါ မြေးဖြစ်သူက
ကျောင်းမှာ ပျော်နေပေသည်။ အဘွားနဲ့ အမေ
ဖြစ်သူတို့ကသာ ကလေးမရှိ မြေးမရှိတော့
ပျင်းနေကြပေသည်။
မူကြိုအရွယ် ကလေးများက စကားတတ်ကြပေသည်။
တနေ့က ပုသိမ်ကြီးရှိမိတ်ဆွေအိမ်သို့ အလည်သွားရာ
။ ထိုမိတ်ဆွေ၏ မြေးလေးကလည်း အလည်ရောက်နေပေသည်။
ထိုကလေး မိသားစုက မြို့ထဲမှာနေထိုင်ကြစည်။ လယ်မြေများကို
ဖို့၍ အိမ်ဆောက်ထားကြသဖြင့် အချို့နေရာများမှာ
မြေကွက်လက်များရှိနေသည်။ ထိုမြေကွက်လပ်များမှာ
မြက်ပင်ရှည်များ ပေါက်နေသည်။ ဖားနှင့် ပုတ်သင်ညိုများက
မြေကွက်လွှတ်ရှိ မြက်ပင်နှင့် သစ်ပင်များမှာ ပျော်ပါးလျှက်
ရှိကြသည်။ ထိုအရာများကိုကြည့်၍ မိတ်ဆွေ၏ မြေးက
ပြောလေသည်။
"သားတို့ မန်းလေးမှာ အဲ့ အကောင်တွေ မရှိဘူး။
အဘွားတို့ ဆီမှာ ရှိတယ်နော်"
ကလေး၏ ပြောစကားကြောင့် ကျွန်တော်တို့မှာ
ရီရပါလေသည်။ ကလေး စိတ်ထဲမှာ ပုသိမ်ကြီးနဲ့
မန်းလေးက အတော်ကို ဝေးသွားပေသည်။
@htwegyi
June 28, 2026
Leave သားတို့က မန်းလေးမှာ နေတာ to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.