htwegyi avatar

Ecency မိုး

htwegyi

Published: 25 May 2026 › Updated: 25 May 2026Ecency မိုး

Ecency မိုး

တနေ့ညက မိုးရွာချက်ကတော့ လက်လန်ပါပဲ။ မိုးပေါက်
များ အိမ်ခေါင်မိုးပေါ်ကျတာကိုက အသက်ဗျ။
မိုးမရွာခင်က အိုက်လိုက် ပူလိုက်တာ လွန်ပါရော။ ဒါ‌ကြောင့်
မိုးနဲ့ လေနဲ့များလာစေချင်ရဲ့။ ခြံဘေးက မြောင်း ရေလျှံ
စေချင်ရဲ့လို့ စိတ်မှာ အောင်းမေ့မိတာ။
ဦးမာဃနဲ့ ကိုယ်စိတ်ကူးကို တစ်ရာရာခိုင်နှုန်း
လိုက်လျောလိုက်ပုံများ သဘောကောင်းချက်။

ပူအိုက်သမို့ မိုးကိုမျှော်မိတာပေါ့။ မိုးရွာမယ်ဆိုလည်း
သဲသဲမဲမဲ ဝေါကနဲ့ ရွာချပြီး လေရော မိုးပါရွာစေချင်တာ။
လေကတော့ အအေးပေါ့ယုံပါလေ။
မုန်တိုင်းကဲ့သို့တော့ မတိုက်စေချင်ပါဘူး။
အပူတွေကို လွင့်စင်သွားယုံလေးပါပဲ။ မိုးက
ရွာတာ မိုးရေအတော်ပါသည်။ မိုးရေများပေသိ
မြေကြီးက ရေငတ်နေတာ အတော်ကြာသမို့
မြေကြီးပေါ်မှာ ရေအိုင်မရှိ‌သလောက်ပေ။
ထိုအပြင် ခြံဘေးရှိ ရေမြောင်းမှာပင် ရေများက
မရှိပေ။

မိုးရွာပြီး နောက်တနေ့မှာ အပူအနည်းငယ်သက်သာ
သွားသည်။ နောက်ရက်များမှာတော့ ပူအိုက်မြဲသာပင်။
ပူပူ အိုက်အိုက်၊ မိုးရွာချင်ရွာပါစေ ကိုယ်တွေကတော့
Hive မှာ ပိုစ့်တင်စာရေးရပေအုံးမည်။ Hive
ဈေး ဘယ်တော့များမှ တက်မည်မသိရသော်လည်း
တဖြည်းဖြည်းချင်း ဟိုက်ပါဝါများကိုတော့ စုနေရသည်။
ပုရွက်ဆိတ်များ အစာသယ်ယူစုသလို တရွေ့ရွေ့ပေါ့လေ။

ယခုတလော ကျွန်တော့်ဖုန်းက ဖြစ်သလား။
Ecency ကဖြစ်သလား မည်သို့ဖြစ်သည်မသိပေ။
Ecency မှာတင်ထားသော ပိုစ့်များကို ဝင်ကြည့်မရ။
ကွန်မန့်များကိုလည်း ပေးမရဖြစ်နေသည်။
ထိုသို့ ပြုလုပ်သည့်အခါ အောက်ဖော်ပြပါအတိုင်း
Ecency လိုဂိုလေးပေါ်နေသည်။ ထိုကြောင့်
မန့်များကို မန့်၍ မရသလို။ အခြားသူများ၏
ပိုစ့်များကိုလည်း သွားပြီး ဖတ်မရ၊ ဝင်ကြည့်မရဖြစ်
နေသည်။ ဘရောင်စာမှ ဝင်ရောက်၍ Peakd
မှာသာ ဝင်ရောက်နိုင်သည်။

အခြားနိုင်ငံများမှာ Crypto များကို အသုံးပြုနိုင်
နေကြောင်းကြားသိရတော့ ကိုယ်တွေရဲ့ Hive
ကိုလည်း ဈေးတက်စေချင်ပါသည်။ Hive ဈေး
တက်ပါရင် စိတ်ကူးယဉ်လို့ ကောင်းပါသည်။
ယခုအခါ ဂျပန်နိုင်ငံသည်ပင် Crypto ဖြင့်
ငွေပေးချေ ဈေးဝယ်လို့ရတော့မည်ဟု သိရသည်။
ဒီတော့ ကိုယ်တွေရဲ့ Hive ဈေးသည်သာ
ဈေးတက်ဖို့သာ လိုပါတော့သည်။

htwegyiHive account@htwegyi
May 25, 2026

Leave Ecency မိုး to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi