htwegyi avatar

အကြောင်းပြု၍

htwegyi

Published: 24 Jun 2026 › Updated: 24 Jun 2026အကြောင်းပြု၍

အကြောင်းပြု၍

မိုးအေးအေးနဲ့ မိတ်ဆွေတစ်ဦးအကြောင်း ရေးရပါအုံးမည်။
ထိုမိတ်ဆွေက သူနေထိုင်ရာ အရပ်မှာ
ကေပေး အဝင်အထွက်ပြုလုပ်ပေးခြင်း၊ ဖုန်းငွေဖြည့်ခြင်းကို
စတင်ပြီး စမ်းသပ်လုပ်ကိုင်သည်။
သူ့အိမ်ရှေ့မှာ ဆိုင်းဘုတ်တပ်ထားသည်။
ဆိုင်းဘုတ်ဆိုသည်ကလည်း ကုမ္ပဏီတစ်ခု၏
ဗီနိုင်းနောက်ကြောမှာ မာကာပန်ဖြင့် ရေးထိုး
ခြင်းဖြစ်ပေးသည်။

သူ့ဆိုင်းဘုတ်များက ကေပေးဖြင့် ငွေအဝင်အထွက်
ပြုလုပ်ပေးခြင်း၊ မီတာဘေလ်ဆောင်ပေးခြင်း၊
ဖုန်းငွေဖြည့်ပေးခြင်း စသဖြင့် သူအဆင်သင့်ရာကို
သူ့လက်ရေးဖြင့် ရေးကာ ထားလေသည်။
သူက ထိုသို့ ပြုလုပ်ရာတွင် သူ့အိမ်မှာ ဝိုင်ဖိုင်
တပ်ထားပြီး ငွေအသွင်းအထုတ်လာသူ
သူ့ ကာစတန်မာများကို ဝိုင်ဖိုင်သုံးစေသည်။
သူ့ ဝိုင်ဖိုင်သည်က လျှပ်စစ်မီးမရသေးသဖြင့်
ဆိုလာဖြင့် အသုံးပြုသည်။

သူ၏ ဝိုင်ဖိုင် ပတ်စ်ဝက်ရ၍ အင်တာနက် ဖရီး
သုံးမည်ဟဲ့ဟု စိတ်မကူးပါလေနှင့် သူက ဝိုင်ဖိုင်ကို
သူအသုံးပြုသည့် အချိန်များ၌သာ ဖွင့်ထားတတ်
သည်။ နို့မို့ဆိုပါမူ သူ၏ ဆိုလာမီးအားနည်းမည်
စိုးသဖြင့် ပိတ်ထားတတ်လေသည်။ သူကေပေး
ပြုလုပ်ရသည့် အကြောင်းအရင်းတခုရှိပေသည်။
ထိုအကြောင်းအရာသည်က သူ့အိမ်နှင့်
နှစ်အိမ်ကျော်မှာ ရှိသောအိမ်တွင် အဘွားအို
တယောက်ရှိသည်။

ထိုအဘွားအို၏ အိမ်သားများက မနက်မိုးလင်းသည်နှင့်
ရုပ်ပုံများဖြင့် ပုံရိုက်ခြင်းအလုပ်ကို သွားကြသည်။
ညနေဆိုပါမူ နေလုံးကွယ်ချိန် မှောင်မှာ ပြန်လာတတ်သည်။
ထိုကြောင့် အဘွားအိုအတွက် စားရေး
သောက်ရေးက တခါတရံ အဆင်မပြေဖြစ်သည်။
ထိုကြောင့် ရပ်ဝေးနေ ဆွေမျိုးများ အဘွားအတွက်
ငွေများကို ကေပေး၊ ဝေ့ပေးများဖြင့်လှမ်းပို့တတ်သည်။
ထိုငွေများကို အဘွားသားသမီးများ သူရို့ အားသည့်အခါမှ ငွေထုတ်ပေးသည်။ ငွေပေးသည့်အခါမှာလည်း
ငွေကို အပြည့်အဝ မပေးကြပေ။

စသဖြင့် ထိုသို့သော အကြောင်းများကြောင့်
မိတ်ဆွေသည် ထိုအဘွားအိုကို အကြောင်းပြု၍
ကေပေး ငွေထုတ်ယူခြင်း သွင်းခြင်းကို အစပျိုး
လုပ်ကိုင်ခဲ့လေသည်။ မိတ်ဆွေ၏ ကေပေးပြုလုပ်မှု
ကြောင့် အဘွားအိုအတွက် အဆင်ပြေသွားသည်။
မိတ်ဆွေက အဘွားအို၏ ဆွေမျိုးများကို ဖုန်းဆက်ပြီး
အဘွားအတွက် ငွေလွှဲမည်ဆိုပါမူ သူ့အကောင့်သို့
လွှဲပေးကြရန် အဘွားအတွက် အကျိုးတော်ဆောင်
လုပ်ပေးလေသည်။ အဘွားအတွက် အကျိုးဆောင်ရင်း
ကိုယ့်အတွက်လည်း အကျိုးအောင်ပေတော့သည်။

htwegyiHive account@htwegyi
June 24, 2026

Leave အကြောင်းပြု၍ to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi