ဈေးချို သို့ ဈေးဝယ်
တနင်္ဂနွေနေ့ဆိုတော့ ရုံးလုပ်ငန်းနှင့် ကုမ္ပဏီလုပ်ငန်း
အချို့ ပိတ်သည်။ တနင်္ဂနွေနေ့က မိုးရွာသည်။
မိုးရွာသမှ ပျင်းစရာကောင်းအောင် ရွာနေသည်။
မနေ့က တနင်္ဂနွေနေ့ အိမ်မှ သုံးဘီးဖြင့် ဈေးချို
သို့ ထွက်ခဲ့သည်။ ဈေးချိုမှာ အိမ်သုံးပစ္စည်းများ၊
မီးဖိုချောင်းသုံးပစ္စည်းများဝယ်ယူရန်ဖြစ်သည်။
အိမ်က စ ထွက်တော့ မိုးအုံ့နေသည်။ မိုးလေးအုံ့
တော့ ဈေးဝယ်ရတာ သက်သာတာပေါ့ဟု
အမ ကပြောသည်။
ပထမဦးစွာ အမေ့အတွက် 78လမ်းမပေါ်ရှိသော
ရွှေကျီးမုန့်တိုက်မှ ပေါင်မုန့်ဝယ်သည်။ သုံးဘီး
မောင်းသူ တူမအမျိုးသားက ဝယ်မည့် ပစ္စည်းဆိုင်
များကို ကြိုပြောထားရန်ပြောသည်။ သို့မှ လမ်းကြောင်း
တလျှောက် အဆင်ပြေအောင် မောင်းပို့လို့ရမည်။
တောင်ကဟာ ဝယ်ပြီးမှ မြောက်ကပစ္စည်းဝယ်ပါမူ
ဆီကုန်သည် အချိန်ကုန်တတ်ပေသည်။ ဟုတ်ပါသည်
သူ့ မိန်းမနှင့် သူ့ယောက်ခမ ကျွန်တော့်အမတို့က
ထိုသို့ တောင်၊ မြောက် ပို့ခိုင်းတတ်သဖြင့် ကြိုတင်
ပြောထားခြင်းဖြစ်ပေသည်။
ပေါင်မုန့် ဝယ်ယူပြီးသကာလ ငါတို့မှာလည်း
BC လုပ်တဲ့ဆိုင်ကိုမှ ဝယ်ယူနေကြတာ။
မတတ်နိုင်ဘူး သူ့ဆိုင်က မုန့်ကလည်း အမေက
ကြိုက်တာကို။ တတ်နိုင်ဘူး ဝယ်ရတာပဲ။
ကားပေါ်မှာ ပြောဆိုရင်း ဈေးချိုသို့ ဆက်လက်
ထွက်ခဲ့ကြသည်။ ဈေးချိုအနောက်ဘက်မှာရှိသော
လက်ဘက်ဆိုင်နှင့် ကြက်သွန်ပွဲရုံများဆီသို့
သွားကြသည်။ မြမြင့်မိုရ်လက်ဖက်အရောင်းဆိုင်မှ
လက်ဘက်နှင့်အကြော်စုံများဝယ်ယူသည်။
ထိုဆိုင်မှ နေကြာစေ့ထုတ်များလည်း ဝယ်ယူခဲ့သည်။
အမ တို့သားအမိက အားနေရင် နေကြာစေ့ကို
ဝါးကြသည်။ သွေးတိုးကျသဖြင့်လည်း အမက
ပို၍စားခြင်ဖြစ်သည်။
လက်ဖက်ဝယ်ပြီးသကာလ အနောက်သို့ ဆက်လက်
မောင်းကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်း
များဝယ်ကြသည်။ ထိုလမ်းပေါ်၌ ကြက်သွန်ပွဲရုံ
များစွာရှိပေသည်။ ကြက်သွန်များဝယ်ယူပြီး
အချို့မှုန့်ထုတ်များကို ဝယ်ယူပြန်သည်။
တနင်္ဂနွေနေ့က အမေနေ့ဖြစ်၍ တူမက သူ့အမေကို
အင်္ကျီဝယ်ပေမည်ဖြစ်၍ ဈေးချိုရုံအတွင်းသို့
ဝင်ခဲ့ကြသည်။ ဈေးချိုရုံအတွင်းသို့ ဝင်သည့်အခါမှာတော့
မိုးက အနည်းငယ် သည်းလာသည်။
Credit lmage
ကုန်ဈေးနှုန်းကတက်၊ အလုပ်အကိုင်များ အဆင်မပြေ
ကြသလားဟု ကိုယ်က အောင်းမေ့သည်။ ဘယ်ကလာ
ဈေးချိုရှိ အဝတ်အစားရောင်းသည့် ဆိုင်များမှာ
ဝယ်ယူသူများရှိနေကြသည်ပဲ။ ဟိုးယခင်လာသည်
ထက် ယခုလာသည့်အခါ ဈေးဝယ်သူများပိုစည်ကား
နေသည်ကို တွေ့ရသည်။ ယခင်လာစဉ်က အထည်ဆိုင်
များမှာ သရဲခြောက်မလား အောင်းမေ့ရသည်။
ယခုအခါမှာတော့ စည်စည်ကားကားဖြင့် ပုံမှန်လို
ဖြစ်နေပေသည်။ အစားအသောက်ဆိုင်များမှာ
စည်ကားနေသည်က မဆန်းပေသိ။ အထည်ဆိုင်များ
မှာ စည်ကားနေသည်ကို အံ့ဩမိပေသည်။ ကျွန်တော်
၏ အံ့ဩမှုကို တူမ ကပြောသည်။ အခြားနေရာတွေ
စည်ကားတာပြလိုက်ရင် ပိုအံ့ဩအုံးမယ်ဟု
ပြောပြန်ပါလေသည်။ အင်း ကိုယ်တွေကတော့
အိမ်ခြံဝင်းထဲမှာနေပြီ မျက်စိပိတ်၊ နားပိတ်နေတာ
ကိုး ဟုသာ။
Leave ဈေးချို သို့ ဈေးဝယ် to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From htwegyi
- တရုတ်ဆီးသီးနှင့် ငါးသံပုရာ
- ရုပ်ဆိုးသူလေး ပျော်ပါစေ
- ရှမ်းကြီးတို့ရဲ့ ပွဲ
- သားတို့က မန်းလေးမှာ နေတာ
- အဘွားနဲ့ မြေး
- အကြောင်းပြု၍
- တဏှာကောင်ကြီးကိုဗျ။
- ထမင်းစား အပတ်ပြည့်မှာမို့
- ကျွန်တော်နှင့် ခရုများ
- မိုးနဲ့ ယမကာလုလင်
- ဝါဆို ရယ်၊ ဝါခေါင် ရယ်က
- အမျိုးအတွက် ကျုပ်ငိုတယ်
- ကမ္ဘာမြေ ကျန်းမာပါစေ
- မိုးနဲ့ အတူ
- သူ့ဟာနဲ့ သူတော့
- တွေးမိတိုင်းသာ.......
- Power Up Day 150
- ငွေ အာဏာနှင့် ကြီးမိုက်များ။
- ပေါင်ကြားမှာ ပူ ထူ ကျိန်းပါပေါ့။
- လက်ဘက်ရည်သောက် ကြွခဲ့ပါ