တရုတ်ဆီးသီးနှင့် ငါးသံပုရာ
စစ်ကိုင်းမှာ တရုတ်ဆီးသီးများပေါလေပြီ။
စစ်ကိုင်းသားနှင့် အိမ်ထောင်ကျသော တူမကြောင့်
တရုတ်ဆီးသီးများ စားရသည်။ တူမ၏ ခင်ပွန်းအိမ်တွင်
တရုတ်ဆီးသီးပင်ရှိသည်။ ယခုနှစ် တရုတ်ဆီးသီး
ရောင်းရငွေ ရှစ်သောင်းကျပ်ရသည်ဟု ပြောသည်။
တရုတ်ဆီးသီးတပင်၏ ရောင်းရငွေဖြစ်သည်။
ယခုနှစ်မှာ ငွေရသည်။ ယခင်နှစ်က ငွေမရပေ။
ယခင်နှစ်က သူတို့ရွာနဲ့ အနီးဝန်းကျင်ရွာများမှာ
တိုက်ပွဲဖြစ်၍ တရုတ်ဆီးသီး ခူးမည့်သူ၊ ဝယ်မည့်သူ
များမရှိခဲ့ပေ။ ထိုကြောင့် တရုတ်ဆီးသီးများသည်
အပင်ပေါ်မှာပင် ပုတ်ပွ ပျက်စီးခဲ့သည်။ ရွာမှာ
အနည်းငယ် အေးချမ်းသဖြင့် ပြန်ခဲ့၍ ခူးသည့်
အခါမှာတော့ အချိန်လွန်မှ ခူးရသဖြင့် အသီးများက
စားမကောင်းတော့ပေ။
ယနေ့မှာ တူမ၏ ယောင်းမလေးများက ကျောင်းပိတ်ရက်
ဖြစ်၍ မန်းလေးသို့ အလည်လာရင်း
ဆီးသီးများခူးလာခဲ့သည်။ ပိန္နဲသီးများက အိမ်နီးချင်းမှ
ရောင်းသဖြင့် ဝယ်ယူခဲ့သည်။ ပိန္နဲသီးများက
အကြွပ်သီးများဟုပြောသည်။ ပိန္နဲသီး တလုံးကို
ငွေကျပ်တသောင်းမှ သောင်းသုံးထောင်ထိပေးရသည်။
တရုတ်ဆီးသီးများက လတ်ဆတ်သည်။ လတ်ဆတ်
သဖြင့် စားရတာ မချိုသေးပေ။ တရုတ်ဆီးသီးက
အနည်းငယ်ညှိုးသွားပါမှ စားရသည်မှာ ချိုပေသည်။
တူမ၏ အမျိုးသားက တရုတ်ဆီးသီးများကို
သူ၏ သုံးဘီးကားပေါ်၌ ချိတ်ဆွဲထားသည်။
သုံးဘီးငှားသူ ခရီးသည်များကို ဆီးသီးစားဖို့
ပြောကာ ဝန်ဆောင်မှုပေးနေသည်။ ခရီးသည်
ထိုင်သည့် ခုံရှေ့မှာ ချိတ်ထားသည်။ သူ့ကား
စီးနေကျ ဖောက်သည်များကို အဓိက ထား၍
ကျွေးခြင်းဖြစ်ပေသည်။ တူမက အလည်လာသော
သူ့ယောင်းမများကို ငါးသပုရာချက်ကြွေးသည်။
ငပိရည်နှင့် တို့စရာများက စုံလှသည်။
တရုတ်ဆီးသီးကိုစားရတာ ကျုပ်ဖြင့် စားရတယ်
မရှိလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အသားက
အနည်းငယ်သာပါသည်။ သူ့အစေ့က စားသည့်
အသားထက်ကြီးနေတတ်သည်။ အစေ့ညိုညို
များက အသားထက် ပိုကြီး ပိုများနေသလားဟု
ထင်မှတ်သည်။ စားပြီးသော အစေ့များကို
ခြံအတွင်းပစ်ထားသည်။ မိုးရာသီရောက်သောအခါ
ထိုအပင်လေးများက ခြံအတွင်းများစွာ ပေါက်နေကြသည်။
တရုတ်ဆီးသီးပင် အပင်ပေါက်လေးများ
ပေါက်ကြပေသိ သူရို့၏ မြေ အမျိုးအစား
မဟုတ်သဖြင့် အပင်ကြီးထွားမှုမရှိပဲ သေဆုံးသွား
ကြသည်။ လူသည်လည်း ကိုယ့်ဇာတိချက်ကြွေ
မြွေရပ်မြေကို သတိရကြသည်။ သူရို့လည်း
သူတို့ရှင်သန်ရာ ဒေသမှာသာ ပျော်ရွှင်ကြီးထွား
ကြပေတော့မည်။
@htwegyi
July 4, 2026
Leave တရုတ်ဆီးသီးနှင့် ငါးသံပုရာ to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.