htwegyi avatar

ဘယ်တော့များမှ.....

htwegyi

Published: 25 Oct 2025 › Updated: 25 Oct 2025ဘယ်တော့များမှ.....

ဘယ်တော့များမှ.....

Hive ဈေးကျမှ နေ့စဉ် ပိုစ့်တင်မိနေသည်။
ပြားနှစ်ဆယ် သို့ပင် မရောက်သေးသော
Hive သည်က ဘယ်တော့များမှ တစ်ဒေါ်လာ ရောက်ပ။
ခေတ်က မကောင်း။ ကမ္ဘာကြီးကလည်း ဘာတွေ
ဖြစ်နေသည်မသိ။ လောဘတွေ၊ မောဟ တွေ၊
ဒေါသတွေနဲ့ ပြည့်နေသော ကမ္ဘာကြီးဖြစ်နေသည်ကတော့
အမှန်ပင်။ အမှန်တရားအတွက် မျက်ကွယ်
ပြုကာ ကိုယ့်ကျိုးအတွက် စွမ်းစွမ်းတမံပြုလုပ်နေကြ
သည်။

တဦးနဲ့ တဦး၊ တနိုင်ငံနဲ့ တနိုင်ငံ အပြိုင်အဆိုင်
ပြိုင်ဆိုင်နေကြသည်။ လောဘ၊ ဒေါသ၊ မောဟတွေ
ပြိုင်နေကြသည်။ မလုပ်သင့် မလုပ်ထိုက်သည်။
မဖြစ်သင့်သည်။ မပြုလုပ်သင့်သည် များကို
ဟန့်တားဖို့ နူတ်ဆွံ့နေကြသည်။ ဒီလိုနဲ့ ကမ္ဘာကြီးက
မတရားမှုတွေကြီးစိုးလာတော့မလား။ မတရားမှု
ကို မျက်ကွယ်ပြုကြရင်း မျက်ကွယ်ပြုသူများထံ
ရောက်ရှိလို့လာပေသည်။

ကမ္ဘာကြီးသာယာဝပြောဖို့ မတရားမှုတွေ ကင်းဝေ
စေဖို့။ စွမ်းဆောင်နိုင်သူတို့က အချိန်မီ ထိန်ညှိပေး
ကြမှသာ ကမ္ဘာကြီးက နေပျော်ပေတော့မည်။
နို့မို့ဆိုပါမူ ကမ္ဘာ‌ကြီးက ရင်းလေးဖွယ်ရာအတိပါလေ။
ကမ္ဘာ‌ကြီး ငြိမ်းချမ်းသာယာစေချင်သည်။
ထိုမှ ကျုပ်တို့ရဲ့ cryptocurrency လမ်းကြောင်း
များလည်း သာယာပေမည်။ crypto များ ဈေးတက်
ပါမှ ကိုယ်တွေရဲ့ Hive သည်လည်း ရောရောင်ကာ
အစိမ်းရောင်သန်း၍ ဈေးတက်ပေမည်။

ခုများတော့ စိန်ပန်းမြင်တိုင် မျက်ရည်ဝိုင်း ဆိုသလို
အနီးရောင် အထာကျနေသော Hive ကို ‌စိမ်း
စေချင်သည်။ စိမ်းစေချင်တာမှ ဂန္တဝင် စိမ်း
စိမ်းစေချင်တော့သည်။ ဟိုယခင်ကတော့
စိတ်ကူးခဲ့ကြသည်။ Hive ဈေး တဒေါ်လာပင်
မဟုတ် လေးငါးဒေါ်လာမှသည် ဆယ်‌ဒေါ်လာ
ဖြစ်ဖို့ ရည်မှန်းခဲ့ကြသည်။ ယခုတော့ တဒေါ်လာ
ဖြစ်ဖို့ပင် အတော်ဆုတောင်းနေရသည်။

ရှိစေတော့ ...
ဒေါက်တာ ချက်ဆာ ပြောထားသည်။
လူသားရဲ့ဝိညာဉ် မဆိတ်ငြိမ်သေးသရွေ့ ဒီကမ္ဘာမှာ
ဘယ်တော့မှ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။

လူသားရဲ့စိတ်သန္တာန်မှာ ညီညွတ်မျှတခြင်း
မရှိသေးသ၍ ဒီကမ္ဘာမှာ ဘယ်တော့မှ
တရားမျှတခြင်း မရှိနိုင်ဘူး။

လူသားရဲ့နှလုံးသားမှာ ကိုယ်ချင်းစာတရား
ဖြစ်ပေါ်မလာသေးသရွေ့ ဒီကမ္ဘာမှာ
ဘယ်တော့မှ စွန့်ကြဲခြင်း သို့မဟုတ် မေတ္တာဂရုဏာတရား
ထွန်းကား မလာနိုင်ဘူး ။ ဆိုတော့ကာ။
ကိုယ်တွေလည်း စာရေး ပိုစ့်ဆက်လက်တင်ပါလေ။

htwegyi@htwegyi
October 25, 2025

Leave ဘယ်တော့များမှ..... to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi