htwegyi avatar

မ‌န်းကို လွမ်းစေသူကြီး။

htwegyi

Published: 07 Oct 2024 › Updated: 07 Oct 2024မ‌န်းကို လွမ်းစေသူကြီး။

မ‌န်းကို လွမ်းစေသူကြီး။

ရာသီဥတုကြည်လင်၍ ကောင်းကင်က
မိုးသားပြာပြာများကိုပင် မြင်ရသည်။
မိုးသားပြာများ၏ အရှေ့မှာ တိမ်ဖြူတချို့က
လေနှင်ရာ လွင့်နေသည်။ တိမ်ဖြူများက
ပုံသဏ္ဍန်မျိုးစုံရှိသည်။ တောက်ပသော
နေရောင်အောက်မှာ မိုးရေဝနေသော
သစ်ပင်များက လတ်ဆတ်သစ်လွင်နေသည်။
အပျိုပေါက်စလေများကဲ့သို့ ခြံဘေးမှာပေါက်နေ
ကြသော ဗာဒံ၊ တမာ၊ ခရေနှင့် ပိတောက်
ပင်ပျိုတို့က လေအဝှေ့မှာ နွဲ့‌နှောင်စွာ
ယိမ်းနွဲ့နေကြသည်။

ကျွန်တော့်ပတ်ဝန်းကျင်မှာတော့ လှပ၊
တောက်ပ၊ ကြွရွ စိမ်းစိုလန်းဆန်းနေပါသည်။
သို့သော် မန္တလေးကို ချစ်သော၊ မန္တလေးသား
တို့၏ ချစ်ခြင်းကိုခံရပါသော သူတဦးကတော့
နိုင်ငံအတွက်၊ မန်းလေးအတွက်၊ အမှန်တရားအတွက်
ပေးဆပ်ရင်း လူ့ဘဝကြီးမှ ခွဲခွါသွား
ပါလေသည်။ ဝမ်းနည်းရပါသည်။ နှမြော
တသရပါသည်။

ယခုလို ရာသီဥတု ကြည်လင်နေ့သော
နေ့လယ်ခင်းမှာ သတင်းတပုတ်နားထောင်ရင်း
ဖြင့် မန္တလေးကို ချစ်သောသူတဦး၏
ဘဝနိဂုံးကို ကြားရသည့်အခိုက် ရင်ထဲမှာ
လှိုက်ကနဲ့ ဖြစ်ခဲ့ရပါသည်။ တချိန်က
ကိုယ်တွေ မန်းကျုံးဘေးမှာ ကျန်းမာရေးအတွက်
လမ်းလျှောက်စဉ် ရံဖန်ရံခါ သူ့ကိုတွေ့ရသည်။

မျက်နှာမှာ အပြုံးနှင့် သူ့ကို နူတ်ဆတ်သမျှသူ
အားလုံးကို ပြုံးပြုံးနဲ့ ပြန်လည် နူတ်ဆက်
သူကြီးကို ယခုတိုင် မျက်လုံးထဲမှာ မထွက်နိုင်
အောင် မြင်ယောင်နေသေးပါတယ်လေ။
လွန်ခဲ့သော ငါးနှစ်တာ ကာလ မန်းလေး၏
အထင်ကရ သင်္ကြန်အခါသမယများမှာ
သူ့ကို ပိုပြီး သတိရစေပြန်ပါသည်။

မန်းစည်ပင် ဗဟိုမဏ္ဍပ်မှာ ကြိတ်ကြိတ်တိုးအောင်
စည်ကားအောင် အမှတ်တရများလည်း သူက
ဖြစ်စေခဲ့သည်။ ယခင် သင်္ကြန်ပွဲတော်များနဲ့မတူ
တမူထူးခြားကာ လမ်းလျှောက်သင်္ကြန်ပွဲတော်
ကြီးနဲ့ အမှတ်တရဖြစ်စေသူကြီးပါလေ။
သင်္ကြန်ပွဲတော်ကြီးတင် မဟုတ်ပါလေ။
သန့်ရှင်းသောမန္တလေး၊ သန့်ရှင်းသောမြို့တော်
ကြီးဖြစ်အောင်လည်း လုပ်ခဲ့ပါသေးတယ်။

ရာသီဥတုကြည်လင်၍ ကောင်းကင်က
မိုးသားပြာပြာများကိုပင် မြင်ရသည်။
မိုးသားပြာများ၏ အရှေ့မှာ တိမ်ဖြူတချို့က
လေနှင်ရာ လွင့်နေသည်။ တိမ်ဖြူများက
ပုံသဏ္ဍန်မျိုးစုံရှိသည်။ တောက်ပသော
နေရောင်အောက်မှာ မိုးရေဝနေသော
သစ်ပင်များက လတ်ဆတ်သစ်လွင်နေသည်။
အပျိုပေါက်စလေများကဲ့သို့ ခြံဘေးမှာပေါက်နေ
ကြသော ဗာဒံ၊ တမာ၊ ခရေနှင့် ပိတောက်
ပင်ပျိုတို့က လေအဝှေ့မှာ နွဲ့‌နှောင်စွာ
ယိမ်းနွဲ့နေကြသည်။

ယနေ့ မန်းလေး၏ ထိုသို့သော အခြေအနေများက
သွားလေသူကြီးကို နောက်ဆုံးအနေနဲ့
နူတ်ဆက်နေသလားလို့ တွေးမိပါသည်။
ဟော့ ရေးရင်းနဲ့ တိမ်အုပ်တချို့က
သတိရ ခြင်းများစွာဖြင့် နေမင်းကြီးကို
ဖုံးအုပ်ပြီး သူ့ကို လွမ်းစေလိုက်ပြန်ပါလေသည်။
ကောင်းမွန်ရာဘုံသို့
သွားပေအုံးတော့
မ‌န်းကို လွမ်းစေသူကြီးရေ .....။

htwegyi@htwegyi
October 7, 2024

Leave မ‌န်းကို လွမ်းစေသူကြီး။ to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi