Watch
Huawei Watch 2 2018 နဲ့ ပတ်သက်ပြီး သီတင်းပတ် အတော်ကြာတ့ဲထိ ကောလဟာလတွေ ထွက်ခ့ဲပါတယ်။ ဒါပေမယ့် အခုတစ်ခါမှာတော့ ကောလဟာလ မဟုတ်တော့ပါဘူး။ Huawei က တရားဝင် ကြေညာလိုက်ပါပြီ။
Huawei Watch 2 2018 ဆိုတ့ဲအတိုင်း ပြီးခ့ဲတ့ဲ ၂၀၁၈ တုန်းက Launch လုပ်ခ့ဲတ့ဲ Huawei Watch 2 နဲ့ အတော်လေး ဆင်တူပါတယ်။ ဒါပေမယ့် Upgrade တွေပြုလုပ်ထားပြီး အကြီးမားဆုံးပြောင်းလဲမှုကတော့ NanoSim ကနေ eSim အဖြစ် အဆင့်မြှင့်ထားတာပါပဲ။ ဒီ Feature ဟာဆိုရင် Apple Watch 3 လိုမျိုး ဖုန်းခေါ်တာတွေ ၊ စာတိုလက်ခံတာတွေကို သင့်ရဲ့ Smartphone မှာ သုံးထားတ့ဲ ဖုန်းနံပါတ်နဲ့ Watch မှာသုံးလို့ရမှာ ဖြစ်ပါတယ်။ Huawei Watch 2 2018 ရဲ့ Display ဟာဆိုရင် Huawei Watch 2 2017 မှာလိုမျိုး 1.2-inch 390 x 390 AMOLED Display ကိုသုံးထားပြီး အထဲမှာတော့ Qualcomm Snapdragon 2100 Chipset နဲ့ Run ထားပါတယ်။
တကယ်လို့ သင့်မှာသာ Huawei Watch 2 2017 ဝယ်ပြီးသားဆိုရင် Huawei Watch 2 2018 က သင့်အတွက် သိပ်ပြီးထူးခြားစေမှာ မဟုတ်ပါဘူး။ NanoSim ကနေ eSim ဖြစ်သွားတာက လွဲလို့ ကျန်တာ အားလုံးနီးပါး တူနေတော့ ဝယ်မယ်လို့တွေးထားရင် နည်းနည်းလောက်ပြန်စဉ်းစားစေချင်ပါတယ်။
Leave Watch to:
Read more #mediatek posts
Best Posts From heinzaw
We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.