heinzaw avatar

Honor 10 GT

heinzaw

Published: 04 Jul 2018 › Updated: 04 Jul 2018Honor 10 GT

Honor 10 GT

Huawei ကနေ စွမ်းဆောင်ရည်မြင့် Honor စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Honor 10 ကို ပြီးခဲ့တဲ့ မေလတုန်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Honor 10 စမတ်ဖုန်းက Kirin 970 Processor ကို အသုံးပြုထားတာဖြစ်ပြီး Honor စမတ်ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး စမတ်ဖုန်းတစ်ခုလို့ ပြောနိုင်ခဲ့တာဖြစ်ပါတယ်။IMG_20180704_133955.jpg

အခုအချိန်မှာတော့ Honor ကနေ အဆိုပါ Honor 10 စမတ်ဖုန်းကို ပိုပြီး အဆင့်မြှင့်တင်လိုက်ပြီးတော့ RAM 8GB အပြင် GPU Turbo ၊ Triple မလိုပဲ ရိုက်ကူးနိုင်တဲ့ Night Mode တွေထည့်သွင်းပြီးတော့ Honor 10 GT ဆိုပြီး ထုတ်ပေးလိုက်ပါတယ်။

အခု Honor 10 GT စမတ်ဖုန်းက RAM 8GB ဖြစ်သွားတာကလွဲရင်ကျန်တဲ့ ဒီဇိုင်းပိုင်းတွေကတော့ Honor 10 နဲ့ တူညီနေမှာဖြစ်ပြီးတော့ 19:9 Ratio ပါဝင်တဲ့ 5.84″ Display ၊ Kirin 970 Processor ကို အသုံးပြုထားတဲ့အတွက် AI Features တွေကိုလည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းကတော့ ရုတ်တရက်ကြည့်မယ်ဆိုရင် Honor 10 နဲ့ တူညီသလိုရှိနေပါတယ်။
IMG_20180704_133945.jpg
ဒါပေမယ့်လည်း Honor က အခု Honor 10 GT စမတ်ဖုန်းမှာ GPU Turbo နည်းပညာကို ထည့်သွင်းထားခဲ့ပြီးဖုန်းရဲ့ စွမ်းဆောင်ရည်ကို သာမန် Honor 10 ကနေ ၆၀ ရာခိုင်နှုန်းပိုပြီး တိုးတက်လာစေမှာဖြစ်ပြီးတော့ Power စားသုံးမှုကိုလည်း ၃၀ ရာခိုင်နှုန်းသက်သာလာစေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အသုံးပြုထားတဲ့ Hardware တူညီတယ်ဆိုပေမယ့် စွမ်းဆောင်ရည်ပိုင်းအရတော့ ပိုပြီးသာလွန်လာမှာဖြစ်ပါတယ်။

Huawei ဟာ အခု Honor 10 GT စမတ်ဖုန်းမှာ ကင်မရာပိုင်းကိုလည်း လက်ရှိ P20 နဲ့ P20 Pro စမတ်ဖုန်းတွေလိုမျိုး ညဖက်မှာ အလန်းစား Low Light ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မယ့် Night Mode လည်းပါဝင်လာဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကင်မရာပိုင်းကတော့ သိသိသာသာကို ကောငး်မွန်လာတယ်လို့ပြောလို့ရပါတယ်။

လက်ရှိအချိန်မှာ Honor 10 စမတ်ဖုန်းက ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃၉၀ နဲ့ရောင်းချနေတဲ့အတွက် အခု Honor 10 GT စမတ်ဖုန်းက အဆိုပါ ဈေးနှုန်းထက် အနည်းငယ်များပြားလာမယ်လို့ ယူဆရပါတယ်။
Source
photo - google

Leave Honor 10 GT to:

Written by

Read more #honor posts


Best Posts From heinzaw

We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From heinzaw