Redmi Note 5 pro Sold millions
Xiaomi စမတ်ဖုန်းတွေက လက်ရှိအချိန်မှာ ဈေးနှုန်းအသက်သာဆုံးစမတ်ဖုန်းတွေဖြစ်နေပြီးတော့ ဒီနှစ်အစောပိုင်းက ထွက်ရှိထားတဲ့ Redmi Note 5 နဲ့ Redmi Note 5 Pro စမတ်ဖုန်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။
အခုအချိန်မှာတော့ Xiaomi ကနေ လက်ရှိအချိန်မှာ ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပြီးတော့ Xiaomi Redmi Note 5 နဲ့ Redmi Note 5 Pro စမတ်ဖုန်းတွေကို ၄ လအတွင်း အလုံးရေး ၅ သန်းရောင်းချရပြီးပြီပဲဖြစ်ပါတယ်။ မနှစ်က ထွက်ရှိခဲ့တဲ့ Xiaomi Redmi Note 4 စမတ်ဖုန်းတွေက အလုံးရေ ၅ သန်းရောင်းချရဖို့အတွက် အချိန် ၆ လယူလိုက်ရတဲ့အတွက် အခု Redmi Note 5 စမတ်ဖုန်းတွေက သိသိသာသာကို ရောင်းအားကောင်းလာတယ်ဆိုရင်လည်း မမှားပါဘူး။
Xiaomi Redmi Note 5 Pro စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက စတင်ရောင်းချထဲက စမတ်ဖုန်း အလုံးရေ ၃ သိန်းကို ၃ မိနစ်အတွင်း ရောင်းကုန်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီးတော့ အိန္ဒိယဈေးကွက်မှာလည်း အအောင်မြင်ဆုံး စမတ်ဖုန်းတစ်ခုဖြစ်လာတာပဲဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Xiaomi ရဲ့ အောင်မြင်မှုကတော့ လုံးဝ အကြမ်းစားဖြစ်နေပါပြီ။
Leave Redmi Note 5 pro Sold millions to:
Read more #mi posts
Best Posts From heinzaw
We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.