heinzaw avatar

Crypto Mining

heinzaw

Published: 04 Jul 2018 › Updated: 04 Jul 2018Crypto Mining

Crypto Mining

Cryptocurrency Mining ခေတ်စားလာတာနဲ့အမျှ Mining မှာ အသုံးပြုဖို့ အတွက် Graphic Card ဝယ်လိုအားတွေ မြင့်တက်လာခဲ့ပါတယ်။ အခုလို Graphic Card ဝယ်လိုအားတွေ မြင့်တက်လာခဲ့တာ ကြောင့် Graphic Card တွေရဲ့ ဈေးဟာလည်း အဆမတန် မြင့်တက်လို့ သွားခဲ့ပါတယ်။
IMG_20180704_071854.jpg
အခုလို Graphic Card တွေ ဈေးမြင့်တက်သွားတဲ့အပြင် လိုအပ်တဲ့ Graphic Card ပမာဏကို အလွယ်တကူ ဝယ်ယူနိုင်ခြင်း မရှိတော့တာကြောင့် ဂိမ်မာတွေ အနေနဲ့ Gaming Rig ဆင်ရာမှာ အခက်အခဲများစွာ နဲ့ ကြုံတွေ့နေရပါတယ်။ Cryptocurrency Mining ကြောင့် ဒုက္ခရောက်နေတာ ဂိမ်မာတွေပဲလား ဆိုတော့ မဟုတ်ပါဘူး။

မကြာသေးမီအချိန်က ဂြိုလ်သား ရှာဖွေရေး အဖွဲ့အစည်း Search For Extraterrestrial Intelligence (SETI) မှ သိပ္ပံပညာရှင်များ ရဲ့ ပြောကြားချက်အရ Cryptocurrency Mining ခေတ်စားလာတာ ကြောင့် ဂြိုလ်သား ရှာဖွေရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

SETI သိပ္ပံပညာရှင်တွေ အနေနဲ့ ဂြိုလ်သားရှာဖွေရေး လုပ်ငန်းစဉ်တွေကို အရှိန် မြှင့်တင်ဖို့ အတွက် ဂြိုလ်သားရှာဖွေရေး အဆောက်အဦး နှစ်ခု ထပ်မံ တိုးချဲ့ ဆောက်လုပ်ဖို့ ဆန္ဒရှိနေကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဂြိုလ်သားရှာဖွေရာမှာ အသုံးပြုဖို့အတွက် လိုအပ်တဲ့ Graphic Card ပမာဏ ကို ဝယ်ယူနိုင်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
IMG_20180704_071903.jpg
“ကျွန်တော်တို့ အနေနဲ့ ဂြိုလ်သားတွေကို ရှာတွေ့နိုင်ဖို့ အတွက် နောက်ဆုံးပေါ် GPU တွေကို အသုံးပြုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုအပ်သလောက် GPU ပမာဏ ကို ဝယ်လို့ မရသေးပါဘူး။ အခုလို GPU ရှားပါးတဲ့ ပြဿနာကို ပထမဆုံး အကြိမ် ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ လတွေထဲက GPU အော်ဒါ တင်ထားတာ ခုထိ မရသေးပါဘူး။”
လို့ SETI ရဲ့ သိပ္ပံပညာရှင် အကြီးအကဲ Dan Wethimer က ပြောကြားသွားခဲ့ပါတယ်။

Cryptocurrency Miner တွေအနေနဲ့ကလည်း High-End GPU တွေကို အသုံးပြုနိုင်မှ ပိုပြီး အကျိုးအမြတ် ရရှိမှာ ဖြစ်သလို SETI သိပ္ပံပညာရှင်တွေ အနေနဲ့ကလည်း ဆက်သွယ်ရေး Frequency တွေကို အချိန်ပြည့် Scan ဖတ်ထားနိုင်မှ တကယ်လို့ ဂြိုလ်သားတွေဘက်က ဆက်သွယ်လာခဲ့သည် ရှိသော် ချက်ချင်း သိရှိနိုင်မှာ ဖြစ်တဲ့အတွက် စွမ်းအင်မြင့် GPU တွေ Processor တွေ လိုအပ်နေတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ Berkeley မြို့မှာရှိတဲ့ SETI အဆောက်အဦး တစ်ခုထဲမှာတောင် GPU 100 ကျော် အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Green Park, West Virginia and Parkes, Australia တို့မှာ ရှိတဲ့ SETI အဆောက်အဦးတွေကိုလည်း တိုးချဲ့ဖို့အတွက် ကြိုးစားနေကြပေမယ့် GPU အလုံအလောက် မရှိတဲ့ ပြဿနာကြောင့် ထင်သလောက် ခရီးမပေါက်ဘူး ဖြစ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့မှာ ငွေအင်အား အလုံအလောက်ရှိပါတယ်။ GPU ရောင်းချသူတွေ ဆီကိုလည်း ဆက်သွယ် ပြီးပါပြီ။ ဒါပေမယ့် ဒီကောင်တွေက သူတို့ဆီမှာ GPU တွေ မရှိတော့ပါဘူးလို့ပဲ ပြောနေပါတယ်”
လို့ Wethimer က ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက AMD နဲ့ NVIDIA တို့က Cryptocurreny Miner တွေ အတွက် ရည်ရွယ်ပြီး AMD Mining RX 470, NVIDIA-Based Mining P106 စတဲ့ Mining Graphic Card တွေကို ထုတ်လုပ် ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်သလောက် ပမာဏကိုတော့ ထုတ်လုပ်ရောင်းချ နိုင်ခဲ့ခြင်းမရှိပါဘူး။

Cryptocurrency Miner တွေ High-End GPU တွေ အသုံးချပြီး Digital ပိုက်ဆံတွေနဲ့ ပျော်မွေ့နေတဲ့ အချိန်မှာ ဂိမ်မာတွေ Rig တွေမဆင်နိုင်၊ သိပ္ပံပညာရှင်တွေ ဂြိုလ်သားတွေကို ဆက်လက် မရှာဖွေနိုင်တော့တဲ့ အတွက် မျက်ရေဝဲနေလောက်ပါပြီ။
Source
Photo - Google

Leave Crypto Mining to:

Written by

Read more #crypto posts


Best Posts From heinzaw

We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From heinzaw