heinzaw avatar

Honor 10

heinzaw

Published: 01 Jul 2018 › Updated: 01 Jul 2018Honor 10

Honor 10

Huawei ကနေ ထုတ်လုပ်ရောင်းချနေတဲ့ စမတ်ဖုန်းတွေထဲမှာ Mate Series စမတ်ဖုန်းတွေက စွမ်းဆောင်ရည်ပိုင်းအရရော၊ ဒီဇိုင်းပိုင်းအရရော အကောင်းဆုံးစမတ်ဖုန်းတွေဆိုတာက ပြောနေစရာတောင်မလိုလောက်ပါဘူး။ ဒါပေမယ့် Huawei Mate Series စမတ်ဖုန်းတွေက ဈေးနှုန်းမြှင့်မားပြီးတော့ Huawei P Series စမတ်ဖုန်းတွေထက်တောင် မြင့်မားနေသေးတာပဲဖြစ်ပါတယ်။IMG_20180701_070559.jpg

Huawei ကနေ လာမယ့်လပိုင်းအတွင်းမှာ Huawei Mate 20 စမတ်ဖုန်းကို ထုတ်လုပ်သွားဖို့ စီစဉ်ထားပြီးတော့ အဆိုပါ Mate 20 စမတ်ဖုန်းမှာ Snapdragon 845 Processor ထက်ကောင်းမွန်တဲ့ Kirin Processor အသစ်၊ Triple Camera Set-up နဲ့အတူ Samsung ရဲ့ 6.9″ Super AMOLED Display တွေပါဝင်လာမှာဖြစ်တဲ့အတွက် ဈေးနှုန်းက လက်ရှိ Huawei P20 Pro စမတ်ဖုန်းထက်တောင် ပိုပြီး ဈေးကြီးဦးမှာကတော့ သေချာနေပါတယ်။ အဲ့ဒီအတွက် အသုံးပြုသူတွေအနေနဲ့ ဈေးပိုပေးရဖို့ကသေချာနေပါတယ်။
IMG_20180701_070609.jpg
ဒါပေမယ့် အခုထွက်ပေါ်နေတဲ့သတင်းတွေအရ Huawei Mate 20 စမတ်ဖုန်းမှာ ပါဝင်တဲ့ စွမ်းဆောင်ရည်အတော်များများကို ဈေးကြီးပေးစရာမလိုပဲ အသုံးပြုနိုင်ဖို့ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Huawei ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Honor ကနေ ယခုနှစ်မှာ ပထမဆုံးအနေနဲ့ Screen Size အကြီးဖုန်းတွေဖြစ်တဲ့ Note Series ဖုန်းတွေကို ထုတ်လုပ်မယ်လို့ သတင်းထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။

အခု ထွက်ပေါ်လာတဲ့သတင်းတွေအရ Honor ဟာ အခု ကုမ္ပဏီက ထုတ်လုပ်မယ့် ပထမဆုံး Note Series စမတ်ဖုန်းကို Honor Note 10 လို့ နာမည်ပေးထားပြီးတော့ Display ကလည်း Huawei Mate 20 စမတ်ဖုန်းမှာ အသုံးပြုလာမယ့် Samsung ရဲ့ 6.9″ Super AMOLED Display ကိုပဲ အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Honor Mate 10 စမတ်ဖုန်းဟာ Huawei Mate 20 နဲ့ တူညီတဲ့ Display နဲ့ စွမ်းဆောင်ရည်ရှိလာမယ်ဆိုတာက သေချာသွားပါတယ်။

Honor Mate 10 ရဲ့ Codename က Ravel လို့ နာမည်ပေးထားပြီးတော့ ယခင်က Honor ကိုယ်တိုင်က Honor 8 စမတ်ဖုန်းထုတ်လုပ်တဲ့ ၂၀၁၆ ခုနှစ်ထဲက အခုလိုမျိုး Note Series စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Honor Note 9 အစား Honor 10 ရဲ့ Screen အကြီး Version အနေနဲ့ Honor Mate 10 ဆိုပြီး ထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

အခု Honor ကနေ Honor Mate 10 ကို ထုတ်လုပ်မယ်ဆိုတာကို Honor ကုမ္ပဏီရဲ့ ဥက္ကဌကိုယ်တိုင်ကလည်း သူရဲ့ ကိုယ်ပိုင် Weibo Account မှာ အတည်ပြုပေးခဲ့ပြီးတော့ ဓါတ်ပုံကိုပါ Teaser အနေနဲ့ တင်ခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Honor Mate 10 စမတ်ဖုန်းက Screen Size ကြီးမားတဲ့စမတ်ဖုန်းတစ်ခုဖြစ်ပေမယ့်လည်း လက်ထဲကိုင်ထားလို့ အရမ်းအဆင်ပြေပြီးတော့ အသုံးပြုရတဲ့စွမ်းဆောင်ရည်ကလည်း ထိပ်တန်းအဆင့်ရှိနေတယ်လို့ သိရပါတယ်။

ကံမကောင်းစွာနဲ့ပဲ Honor Mate 10 နဲ့ ပတ်သတ်ပြီး သတင်းတွေက အပြည့်အစုံထွက်ရှိသေးခြင်းမရှိသေးတဲ့အတွက် အခြားသော Processor ၊ Camera ပိုင်းနဲ့ အခြားသော အချက်အလက်တွေကိုတော့ အတိအကျမသိရသေးပါဘူး။ အချို့ကလည်း Honor Mate 10 ဟာ Kirin Processor အသစ်အစား လက်ရှိ Kirin 970 Processor ကိုပဲ အသုံးပြုလာမယ်လို့ ပြောကြားနေကြပေမယ့် လက်ရှိအချိန်အထိ ထွက်ရှိမယ့်အချိန်ကိုတောင် မသိရှိရသေးတဲ့အတွက် ဒါကပြောဖို့စောသေးတယ်ပဲပြောရမှာပါ။

Leave Honor 10 to:

Written by

Read more #huawei posts


Best Posts From heinzaw

We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From heinzaw