Huawei 5G
လက်ရှိအချိန်မှာ Shanghai MWC ကျင်းပနေပြီးတော့ အဆိုပါ Event မှာ စမတ်ဖုန်းကုမ္ပဏီတွေကနေ နည်းပညာသတင်းအသစ်အဆန်းတွေကို မိတ်ဆက်လာကြတာပဲဖြစ်ပါတယ်။
အခုနည်းပညာအသစ်တွေကို ချပြသွားတဲ့ ကုမ္ပဏီတွေထဲကတစ်ခုကတော့ Huawei ပဲဖြစ်ပြီး Huawei ကနေ နောက်နှစ် မတ်လထဲမှာ 5G Chips တွေကို ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ နှစ်ဝက်မတိုင်ခင်မှာတင် 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
Huawei ရဲ့ CEO ဖြစ်တဲ့ Eric Xu ပြောကြားချက်အရတော့ လက်ရှိ 3GPP ရဲ့ ပြဿနာတွေဖြစ်တဲ့ Low-latency နဲ့ အခြားပြဿနာတွေက ရှင်းလင်းသွားမှာဖြစ်ပြီး 5G အတွက် ဆောင်ရွက်မှုတွေကို အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။ အခုလိုမျိုး 5G Network ဖြစ်သွားတဲ့အတွက် Video Streaming တွေ၊ Augmented Reality ၊ Virtual Reality တွေအတွက်လည်း ပို အသုံးဝင်လာမှာဖြစ်ပါတယ်။
Huawei က လက်ရှိနှုန်းအရဆိုရင် 5G Network ဖုန်းတွေကို အစောဆုံးထုတ်လုပ်လာမယ့် စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်လာနိုင်ပါပြီ။
Photo:www.google.com
Leave Huawei 5G to:
Read more #huawei posts
Best Posts From heinzaw
We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.