Oppo's Wireless Earphone
OPPO ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းကနေ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မိတ်ဆက်ခဲ့တဲ့ OPPO Find X စမတ်ဖုန်းကို မှတ်မိကြဦးမှာပါ။ အဆိုပါ OPPO Find X စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေအားလုံးထက် ပိုပြီးဖောက်ထွက်လာတဲ့ ဒီဇိုင်းအပြင် Screen-to-body Ratio အရရော၊ စွမ်းဆောင်ရည်ပိုင်းအရရော ထိပ်တန်းအဆင့်ရှိနေတဲ့ OPPO ရဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။
အခုအချိန်မှာ OPPO ကနေ အဆိုပါ Find X စမတ်ဖုန်းကိုပဲ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မိတ်ဆက်ပေးခဲ့ပြီးတော့ Find X စမတ်ဖုန်းအပြင် နောက်ထပ် အလန်းစား စမတ်ဖုန်း Accessories တစ်ခုကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီအခုမိတ်ဆက်သွားတဲ့ စမတ်ဖုန်း Accessories အသစ်ကတော့ OPPO O-Free လို့ နာမည်ပေးထားတဲ့ Wireless Headset တစ်ခုပဲဖြစ်ပါတယ်။
အခု OPPO ရဲ့ O-Free Wireless Earphone ဟာ တခြား Wireless Headset တွေလိုမျိုး ကြိုးပါဝင်မှာမဟုတ်ပဲ Apple AirPods တွေလိုမျိုးပဲ လုံးဝကို ကြိုးပျောက်ဒီဇိုင်းဖြစ်နေမှာပါ။ အဲ့ဒီအတွက် ဝတ်ဆင်ထားတဲ့အချိန်မှာလည်း ဘာမှမတပ်ထားသလိုကို ပျောက်နေမှာဖြစ်ပြီးတော့ အရောင်အနေနဲ့ အနက်ရောင်ကိုပဲ Copper Blue ဒါမှမဟုတ် Bordeaux Red အရောင်ပြေးနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ အရောင်ကလည်း OPPO Find X စမတ်ဖုန်းနဲ့ လိုက်ဖက်အောင် ပြုလုပ်ထားတယ်လို့ ယူဆရပါတယ်။
OPPO O-Free Wireless Earphone ဟာ TrueWireless Stereo ကို Support ပြုလုပ်တဲ့အတွက် ဘယ်ဘက် နဲ့ ညာဘက် နှစ်ဖက်စလုံးက ဖုန်းက ဖွင့်ထားတဲ့သီချင်းကို Delay မဖြစ်ပဲ နားထောင်နိုင်မှာဖြစ်ပါတယ်။ အခု နည်းပညာက တခြားဈေးကွက်ထဲမှာ ရှိနေတဲ့ Wireless Earphone တွေနဲ့ ယှဉ်ရင် အားသာချက်တစ်ခုလို့ပြောလို့ရပြီးတော့ OPPO က အခု နည်းပညာအတွက် Qualcomm ရဲ့ QCC2026 SOC Chipset ကို အသုံးပြုထားတယ်လို့ သိရပါတယ်။
OPPO O-Free Wireless Earphone တွေက ဘာသာစကားတွေကိုပါ ဘာသာအလိုအလျောက်ပြန်ပေးနိုင်တယ်လို့ ပြောကြားထားပြီးတော့ အခု Feature က Google က ထုတ်လုပ်ထားတဲ့ Pixel Buds တွေလိုအလုပ်လုပ်မှာလား၊ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုး အလုပ်လုပ်မလဲဆိုတာကတော့ အတိအကျမသိသေးပါဘူး။ OPPO ရဲ့ ပြောကြားချက်အရတော့ အခု Voice Feature က Assistant Feature အပြင် Music Control တွေမှာပါ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အခု OPPO O-Free Wireless Earphone တွေကို အားသွင်းချင်တယ်ဆိုရင်တော့ ပါဝင်တဲ့ Case ကနေ တစ်ဆင့်အားသွင်းရမှာဖြစ်ပြီးတော့ အားအပြည့်သွင်းထားတယ်ဆိုရင် အသုံးပြုချိန် ၄ နာရီဆက်တိုက်ရရှိမှာပဲဖြစ်ပါတယ်။ Battery Life အနေနဲ့လည်း အခုလိုမျိုး Wireless Earphone တစ်ခုအနေနဲ့ တော်တေ်ာလေးကို ကောင်းမွန်တယ်လို့ ပြောလို့ရနေပါတယ်။
OPPO ဟာ အခု O-Free Wireless Earphone တွေကို Find X Lamborghini Edition စမတ်ဖုန်းဝယ်ယူရင် လက်ဆောင်ပေးသွားမှာဖြစ်ပြီးတော့ သီးခြားဝယ်ယူချင်တယ်ဆိုရင်တော့ ၆၉၉ ယွမ် (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) ကျသင့်မှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ လာမယ့် သြဂုတ်လမှ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။
Leave Oppo's Wireless Earphone to:
Read more #oppo posts
Best Posts From heinzaw
We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.