heinzaw avatar

Oppo A5

heinzaw

Published: 01 Jul 2018 › Updated: 01 Jul 2018Oppo A5

Oppo A5

OPPO ကနေ အိန္ဒိယနိုင်ငံမှာ Realme 1 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုရရှိနေသလိုပဲ အခုအချိန်မှာလည်း နောက်ထပ် OPPO A5 နာမည်နဲ့ Budget စမတ်ဖုန်းတစ်ခုကိုထုတ်လုပ်ဦးမှာပဲဖြစ်ပါတယ်။
IMG_20180701_151726.jpg
အခု OPPO A5 စမတ်ဖုန်းဟာ လက်ရှိမှာ OPPO ကနေ ထုတ်လုပ်ထားတဲ့ OPPO A3 စမတ်ဖုန်းနဲ့ တူညီတဲ့ 6.2″ 19:9 Ratio Display ရှိမှာဖြစ်ပြီးတော့ Resolution အနေနဲ့ကတော့ HD+ Resolution ပဲရှိမှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Processor ကိုလည်း Qualcomm Snapdragon 450 Processor ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်ပြီး Storage ကတော့ 64GB ပါဝင်မှာပါ။

OPPO A5 ဟာ A3 နဲ့ ယှဉ်ရင် Dual Camera ပါဝင်လာတာက ကွာခြားသွားမှာဖြစ်ပြီးတော့ 13 + 3 MP Dual Camera တပ်ဆင်ထားမှာပဲဖြစ်ပါတယ်။ Front Camera ကတော့ 8MP ပါဝင်လာမှာဖြစ်ပါတယ်။IMG_20180701_151736.jpg

အခု OPPO A5 ရဲ့ အားသာချက်လို့ပြောရမယ့်အချက်ကတော့ Battery အနေနဲ့ 4230mAh Battery ပါဝင်လာမှာဖြစ်ပြီးတော့ Realme 1 စမတ်ဖုန်းထက် ဈေးသက်သာတဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်ပဲရှိလာမှာဖြစ်ပါတယ်။

Leave Oppo A5 to:

Written by

Read more #oppo posts


Best Posts From heinzaw

We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From heinzaw