heinzaw avatar

Snapdragon Cooling System

heinzaw

Published: 21 Jun 2018 › Updated: 21 Jun 2018Snapdragon Cooling System

Snapdragon Cooling System

Meizu ကုမ္မဏီတည်ထောင်သူဟာတစ်နေ့တစ်မျိုး Meizu 16
ရဲ့ သတင်းအချက်လက်တွေကိုထုတ်ပြန်နေပါတယ်။ ဒီတစ်ခါ
မှာတော့ Meizu 16 ရဲ့ စွမ်းဆောင်ရည်နှင့်သက်တောင့်သက်သာ
ရှိမှုနဲ့ပတ်သက်တဲ့ သတင်းဖြစ်ပါတယ်။ Meizu 16 မှာ SD845
အတွက်အပူလျော့ချပေးတဲ့နည်းပညာပါဝင်လာမှာဖြစ်ပါတယ်။IMG_20180611_195121.jpg

Meizu 16 ဟာ Snapdrragon 845 ရဲ့ စွမ်းရည်များကိုရယူသုံးစွဲ
ထားတဲ့ စွမ်းရည်မြင့်ဖုန်း ၁ လုံးဖြစ်ပါတယ်။ အရင်သတင်းများက
Meizu 16 ဟာ Model ၂ မျိုးထွက်ပေါ်လာလိမ့်မယ်လို့ဖော်ပြ
ထားပါတယ်။ သာမန် Model နဲ့ အရွယ်ကြီး Model ဖြစ်ပါတယ်။
သာမန် Model မှာ Snapdragon 710 ပါရှိပြီး အရွယ်ကြီး Model
မှာ Snapdragon 845 ပါရှိမှာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက SD845 ပါတဲ့ အရွယ်ကြီး Model
မှာ Copper Heat Pipe ပါမှာပါ။ အဲ့ဒီအတွက် ဒီဖုန်းဟာ SD845
ရဲ့ စွမ်းဆောင်ရည်အားလုံးကိုရရှိပြီး ဂိမ်းအကြာကြီးကစားစဉ်မှာ
ကိုင်တွယ်ရတာသက်တောင့်သက်သာရှိပီးအေးမြစေပါတယ်။

အပူလျော့ချပေးတဲ့စနစ်ကို Smartphone မှာသုံးတာဒါပထမဆုံး
အကြိမ်မဟုတ်ပါဘူး။ The Galaxy S7 နဲ့ S7 Edge မှာအဲ့ဒီစနစ်
ပါရှိပြီးသားပါ။ Meizu 16 ဟာ မြင့်မားတဲ့ Screen To Body
Ratio နဲ့ မျက်နှာပြင်အောက်လက်ဝေ့ကိရိယာပါတဲ့ စွမ်းဆောင်ရ
ည်မြင့် Device ၁ လုံးဖြစ်လာနိုင်ပါတယ်။
Source

Leave Snapdragon Cooling System to:

Written by

Read more #meizu posts


Best Posts From heinzaw

We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From heinzaw