heinzaw avatar

Meizu X8

heinzaw

Published: 28 Jun 2018 › Updated: 28 Jun 2018Meizu X8

Meizu X8

တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Meizu ရဲ့ Founder Jack Wong ကတော့ ဒီ တစ်ပတ် အစောပိုင်းမှာ Meizu X8 လို့ အမည်ပေးထားတဲ့ စမတ်ဖုန်း တစ်လုံးကို မကြာမီ အချိန်အတွင်း မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။IMG_20180628_071135.jpg

ဒါ့အပြင် Meizu X8 မှာ Processor ပိုင်း အတွက် Snapdragon 710 SoC ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ အတည်ပြု ပေးခဲ့ပါတယ်။ Meizu ရဲ့ Founder Jack Wong ကတော့ Meizu X8 ဟာ Snapdragon 710 SoC ကို ပထမဆုံး အသုံးပြုခဲ့ပြီး Xiaomi ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်း အမျိုးအစား တစ်ခုဖြစ်တဲ့ Mi 8 SE ထက် ပိုမို ကောင်းမွန်စေရယ်လို့ အာမခံထားပါတယ်။
IMG_20180628_071126.jpg

Meizu X8 မှာ Mi 8 SE ထက် ပိုမိုကြီးမားတဲ့ Display ကို အသုံးပြုသွားမှာဖြစ်တယ်လို့ ထပ်မံ ပြောကြား ခဲ့ပါတယ်။Meizu X8 ရဲ့ အသေးစိတ် Specifications နဲ့ ပတ်သတ်လို့တော့ တရားဝင် ပြောကြားသွားခြင်း မရှိသေးပါဘူး။ Jack Wong အနေနဲ့ Meizu X8 ရဲ့ ဈေးနှုန်း အတိအကျ ကို ပြောကြားသွားခဲ့ခြင်း မရှိပေမယ့် ကန်ဒေါ်လာ ၃၀၃ ဒေါ်လာ အောက်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ Mi 8 SE 4/64 မော်ဒယ် ကို ၂၇၃ ဒေါ်လာ၊ 6/64 မော်ဒယ် ကို ၃၀၃ ဒေါ်လာ နဲ့ ရောင်းချနေတာ ဖြစ်တာကြောင့် ဈေးနှုန်းပိုင်းမှာပါ Meizu X8 ကို Mi 8 SE နဲ့ ယှဉ်ပြိုင်သွားမယ့် အနေအထား ကို မြင်တွေ့ရပါတယ်။

Meizu X8 ဟာ Mid-Range စမတ်ဖုန်း တစ်လုံးဖြစ်တာကြောင့် Under-Display Fingerprint Sensor တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သြဂုတ်လထဲမှာ တရားဝင် မိတ်ဆက်သွားမယ့် Flagship စမတ်ဖုန်း Meizu 16 နဲ့ Meizu 16 Plus စမတ်ဖုန်းတွေမှာတော့ Under-Display Fingerprint Sensor ကို မြင်တွေ့ရနိုင်ပါတယ်။

Meizu X Series ဆိုတာကတော့ Meizu ရဲ့ အရင်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ MX Series ကို အမည်ပြောင်းလဲ ခေါ်ဆိုထားတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက MX Series စမတ်ဖုန်းတွေရဲ့ နောက်ဆုံး မော်ဒယ် တစ်ခု ဖြစ်တဲ့ Meizu MX6 စမတ်ဖုန်း ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ MX7 စမတ်ဖုန်း ကို ထုတ်လုပ် သွားမယ်လို့ ကြေငြာသွားခဲ့ပေမယ့် တရားဝင် ထွက်ပေါ်လာခဲ့ခြင်း မရှိပါဘူး။

MyTech Myanmar ပရိသတ်ကြီးကရော Meizu X8 ကို Mi 8 SE ထက် ပိုမိုကောင်းမွန်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်လာနိုင်ချေ ရှိမရှိ Comment Box မှာ အမြင်လေးတွေ ရေးပေးခဲ့ကြပါအုံး။

Leave Meizu X8 to:

Written by

Read more #meizu posts


Best Posts From heinzaw

We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From heinzaw