heinzaw avatar

Meizu 16

heinzaw

Published: 21 Jun 2018 › Updated: 21 Jun 2018Meizu 16

Meizu 16

Meizu ကနေ အခုအချိန်မှာ Meizu 15 စမတ်ဖုန်းကို ရောင်းချနေတုန်းပဲဖြစ်ပေမယ့် လက်ရှိအချိန်မှာ Meizu 16 စမတ်ဖုန်းကို ထုတ်လုပ်ဖို့ စီစဉ်နေပြီပဲဖြစ်ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရတော့ Meizu 16 နဲ့ 16 Plus စမတ်ဖုန်းတွေက သိသိသာသာကို ကောင်းမွန်တဲ့စမတ်ဖုန်းတွေဖြစ်လာတော့မှာပါ။
IMG_20180622_061330.jpg
Meizu က ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Meizu 16 စမတ်ဖုန်းတွေက Qualcomm Snapdragon 845 ကို အသုံးပြုလာမယ့်စမတ်ဖုန်းတွေဖြစ်တယ်လို့ သိရပြီးတော့ အခုအချိန်မှာ Meizu ရဲ့ CEO & Founder Jack Wong ကနေ နောက်ထပ် အချက်အလက်တွေကို ပြောကြားခဲ့ပါတယ်။IMG_20180622_061346.jpg

Jack Wong ရဲ့ ပြောကြားချက်အရတော့ Meizu 16 စမတ်ဖုန်းဟာ Apple iPhone X နဲ့ Xiaomi Mi 8 စမတ်ဖုန်းတွေထက် ဘေးဘောင်တွေပိုပြီး သေးငယ်မှာဖြစ်ပြီးတော့ အနည်းဆုံး Screen-to-body Ratio က 84% အထိ ရှိလာမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးပဲ Meizu 16 နဲ့ 16 Plus စမတ်ဖုန်းတွေက မတူညီတဲ့ Chipset တွေကိုအသုံးပြုလာမှာဖြစ်ပြီတော့ Meizu 16 မှာ Snapdragon 710 Processor ၊ Meizu 16 Plus မှာ Snapdragon 845 Processor တွေပါဝင်လာမယ်လို့ သိရပါတယ်။

နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုကတော့ Meizu ဟာ Meizu 16 Plus စမတ်ဖုန်းမှာ In-Display Fingerprint နည်းပညာကိုပါ အသုံးပြုလာမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Meizu 16 ဖုန်းတွေက Xiaomi Mi 8 ကို ယှဉ်ပြိုင်ဖို့ စိတ်ကူးနေပုံပါပဲ။
Source

Leave Meizu 16 to:

Written by

Read more #meizu posts


Best Posts From heinzaw

We have not curated any of heinzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From heinzaw